Wednesday, February 13, 2013

ကမ္ဘာ့ အကြီးဆုံး မိကျောင်းကြီး သေဆုံး

ကမ္ဘာ့ အကြီးဆုံး မိကျောင်းကြီး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ အာဂူဆန်ဒဲလ်ဆာ ပြည်နယ် ဘူနာဝန်မြို့ ကွန်ဆူအဲလ်အို ကျေးရွာရှိ Davao မိကျောင်း မွေးမြူရေး စခန်းတွင် မွေးမြူထားသော ၂ဝ ဒသမ ၄ပေ (၆ ဒသမ ၁၂ မီတာ) အရှည်ရှိ ကမ္ဘာ့ အကြီးဆုံး မိကျောင်း ကြီးသည် ဖေဖော်ဝါရီ ၁ဝ ရက် ည ၈ နာရီခွဲက သေဆုံးသွားပြီ ဖြစ်ကြောင်း မြို့တော်ဝန် အက်ဒ်ဂင် အဲလော်ဒီ၏ ပြောကြားချက် အရ သိရသည်။

Lolong အမည်ရှိ ယင်းမိကျောင်းသည် ပြီးခဲ့သည့် လမှစ၍ အစာမစား တော့ဘဲ ၎င်း၏ မျက်နှာသည် အရောင်ပြောင်းလဲ လာသည်ကို မိမိတို့ သတိ ထားမိခဲ့သည့် အပြင် ၎င်း၏ ဝမ်းဗိုက်သည် သာမန်ထက် ပို၍ ဖောင်းနေသည်ကို သတိ ပြုမိ ခဲ့ကြောင်း လော်ဒီက ပြောကြား ခဲ့သည်။

Davao မိကျောင်း မွေးမြူရေး စခန်းမှ တိရစ္ဆာန် ဆရာဝန် အဲလက်ဇန်းဒါး ကိုလ်လန်တီစ်က Lolong သေဆုံးပြီး ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း၊ ကျွမ်းကျင် ပညာရှင် များက Lolong သေဆုံးမှုနှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် လျက် ရှိကြောင်း Bunawan မီဒီယာမှ သတင်းထောက် ရိုဝီနာ ဘူနာဝန်က ဖိလစ်ပိုင် နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။

အာဂူဆန် ဒဲလ်ဆာ ပြည်နယ်နှင့် မင်ဒါနာအို ပြည်နယ်၏ အခြားဒေသ များသို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လက တိုင်ဖွန်းမုန်တိုင်း ပါဘလို တိုက်ခိုက်ပြီးနောက် မကြာမီ Lolong သည် ပုံမှန် မဟုတ်သော ပြောင်းလဲမှု များကို ပြသခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၃ ရက်က အဂူဆန်မက်ရှ် ဒေသတွင် ဖမ်းဆီး ရမိခဲ့သော Lolong သည် ဇူလိုင်လက ပျောက်ဆုံးနေသော အမျိုးသား တစ်ဦးကို စားခဲ့သည်ဟု ယူဆရပြီး ၂ဝဝ၉ ခုနှစ်က အသက် ၁၂ နှစ် အရွယ်ရှိ မိန်းကလေး တစ်ဦးကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Lolong အား ဖမ်းဆီး ရမိသည့် အချိန်မှ စ၍ အပြည်ပြည် ဆိုင်ရာမှ မိကျောင်း ကျွမ်းကျင်သူ ပညာရှင် များက ကမ္ဘာ့ အကြီးဆုံး မိကျောင်းအဖြစ် အတည် ပြုခဲ့ကြောင်း၊ Lolong ကြောင့် ဘူနာဝန် မြို့သည် ကမ္ဘာလှည့် ခရီးသွား များကို ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီး ဝင်ငွေ ပီဆို သန်းပေါင်းများစွာ ရရှိအောင် စွမ်းဆောင် ပေးခဲ့ကြောင်း သိရသည်။

http://bit.ly/Wgcn8X

No comments:

Post a Comment