မောင်းတောမြောက်ပိုင်း၊ အမှတ်(၅) နစက နယ်မြေ ငါးခူရစခန်းပိုင်
မြို့သစ်ကျေးရွာ အုပ်စု၊ ညောင်ဘွေကျေးရွာနေ အုပ်ချုပ်ရေးမှုး ဦးဘတင်
နေအိမ်တွင် ရံဖန်ရံခါ ကုန်အရောင်း
အ၀ယ်ပြုလုပ်သော ရခိုင်အမျိုးသား ကုန်သည်ပွဲစားများ တည်းခိုနေထိုင်ကြပါသည်။
ထိုကုန်သည်များထဲ တွင် စစ်တွေမြို့၌နေထိုင်သော ကုန်သည်ပွဲစား
ဦးမောင်အေးမှာလည်း တဦးအပါအ၀င်ပင် ဖြစ်ပါသည်။ ဦးမောင်အေးသည် ဘင်္ဂလားဒေရှ်
နယ်စပ်သို့ မကြာခဏ ကုန်ရောင်းကုန်ဝယ်ပြုလုပ်ပြီး မောင်းတောမြို့ရှိ
ဦးဘတင်နေအိမ်တွင်ပင် အမြဲ တည်းခိုနေထိုင်ပါသည်။
ဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူး ဦးဘတင်တွင် အသက်(၄၀) နှစ်ခန့်ရှိသော မချေအမည်ရှိ ညီမတစ်ဦး ရှိပါသည်။ ဦးဘတင်သည် မချေအား အမျိုးတော်စပ်သူ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သော
ရခိုင်အမျိုးသားတစ်ဦးနှင့် ထိမ်းမြား လက်ထပ်ပေးရန် စီစဉ်ထားပါသည်။
ယင်းကိစ္စအပေါ် ညီမဖြစ်သူ မချေမှာ လက်မခံဘဲ ငြင်းဆန်နေပြီး အိမ်တွင်
တည်းခိုနေကြ ကုန်သည် စစ်တွေသား ဦးမောင်အေးနှင့်သာ လက်ထပ်ထိမ်းမြားရန်
ဆန္ဒရှိနေပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကပင် မချေနှင့် ဦးမောင်အေးတို့
ချစ်ကျွမ်းဝင်နေကြောင်းကို ဦးမောင်အေးနှင့်အတူ တည်းခိုနေထိုင်သူ
သူငယ်ချင်းများလည်း သိရှိကြပြီး မချေအား မောင်အေးနှင့်သာလျှင်
နီးစပ်စေလိုကြပါသည်။
ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန် (၀၀း၁၅)နာရီခန့်တွင် ဦးဘတင်မှာ တရေးနိုး လာပြီး အောက်ထပ်သို့ ဆင်းကြည့်ရာတွင် ချိန်းတွေ့နေသော ညီမဖြစ်သူမချေနှင့် မိတ်ဆွေ ကိုမောင်အေးတို့ကို အမြင်မတော်သည့်အခြေအနေဖြင့် တွေ့ရှိသောအခါ ဒေါသ ပေါက်ကွဲ၍ စကားများ ရန်ဖြစ်ကြပါသည်။ တစ်ဖက်နှင့်တစ်ဖက် စကားအပြန်အလှန်များကြရင်း တုတ်၊ ဓါး၊ လှံ စသည့် လက်နက်များ ဆွဲကိုင်ပါဝင်လာပြီး နှစ်ဖက်ရန်ပွဲမှာ အရှိန်အဟုန် ပြင်းထန်လာရာတွင် ဦးမောင်အေး၏ မိတ်ဆွေများဖြစ်သော ဦးနေလင်းအောင် အသက် (၂၂) နှစ်နှင့် ဦးစောညွှန့်အောင် (၃၉)နှစ်တို့လည်း ရောက်ရှိလာပြီး အခြေအနေတင်းမာလာမှုကို ၀င်ရောက်ဖျန်ဖြေရန်ကြိုးစားရာ အုပ်ချုပ်ရေးမှူး ဦးဘတင်မှ ဒေါ်သမထိန်းနိုင်ဘဲ သေနတ်ဖြင့် ပစ်ဖေါက်လိုက်သဖြင့် ကုန်သည် ဦးမောင်အေးမှာ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။ ဦးနေလင်းအောင်နှင့် ဦးစောညွှန့်အောင်တို့မှာလည်း ပြင်းထန်စွာ ဒဏ်ရာအသီးသီး ရရှိခဲ့ပါသည်။
အထက်ပါ ဖြစ်ရပ်မှန်ကို မပေါ်ပေါက်နိုင်ရန်အတွက် အုပ်ချုပ်ရေးမှူး ဦးဘတင်နှင့် မသမာသူ ရခိုင်အစွန်းရောက်အချို့တို့က လုပ်ကြံဖန်တီးကာ နစကတာဝန်ရှိသူများနှင့် ရခိုင်ပါတီဝင်တို့မှတဆင့် ရခိုင်သတင်းထောက်များဖြင့် ချိတ်ဆက်ကာ ဖြစ်စဉ်ကို ပြောင်းပြန်လုပ်ပြီး ရန်ကုန်အခြေစိုက် ရန်ကုန်တိုင်းမ် မီဒီယာ အတွဲ (၉)၊ အမှတ် (၇)၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ထုတ် စာစောင်၌ `မောင်းတောတွင် န.စ.က အယောင်ဆောင် ဘင်္ဂါလီအချို့ အကြမ်းဖက်တိုက်ခိုက်´သည်ဟု ဖြစ်ရပ်မှန်အား လွှဲမှားဆန့်ကျင်စွာ ဖေါ်ပြပြီး လူမျိုးစု(၂)စုကို ပြသနာ ဖြစ်လာအောင် ၀ါဒဖြန့် လှုံ့ဆော်နေခြင်းသာ ဖြစ်ပါသည်။
စာစောင်များတွင် လုပ်ကြံဖန်တီးဖော်ပြသော ဤဖြစ်စဉ်ကို အခွင့်ကောင်းယူ၍ နယ်မြေရှိ နစကအဖွဲ့မှ အခင်းဖြစ်ရွာအနီးရှိ ဒိုးတန်းကျေးရွာသား ဦးဇော်မူလုက်၏သားဖြစ်သူ မာမက်ဟာရှိမ်း (ခ) မာတာရှီ (စိတ်ဝေဒနာရှင်) အား အသုံးချ၍ ဖြစ်ရပ်မှန်နှင့် လွှဲမှားနေသော ထွက်ဆိုချက် အမျိုးမျိုးကို အဓမ္မ ထွက်ဆိုခိုင်းပြီး ထိုထွက်ဆိုချက်ကို အကြောင်းပြု၍ ဒိုးတန်းကျေးရွာအုပ်စုနှင့် အောက်ပြုမကျေးရွာအုပ်စု၊ အထက်ပြုမကျေးရွာအုပ်စု၊ လောင်းဒုံကျေးရွာအုပ်စု၊ ငါးစားကြူးကျေးရွာအုပ်စုတို့မှ အေးချမ်း စွာနေထိုင်လျှက်ရှိသော အပြစ်မဲ့ ရိုဟင်ဂျာလူမျိုးများကို အမျိုးမျိုး ခြိမ်းခြောက် ရိုက်နှက်၍ ယနေ့ထိ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအ၀င် ရိုဟင်ဂျာလူမျိုး အယောက် (၈၀)ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရှိရပြီး ၎င်းဖမ်းဆီးထားသူများထဲမှ (၅) ဦးကို နစက ဒုကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးလှိုင်နှင့် နစက နယ်မြေမှူး ဗိုလ်မှူး ၀င်းမင်းလှိုင်တို့က ခြိမ်းခြောက်ပြီး ငွေကြေးလက်ခံရယူကာ ၁၃-၂-၂၀၁၃ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ယနေ့ နောက်ဆက်တွဲ သတင်းအဖြစ် အထက်ပါကျေးရွာအသီးသီးမှ ငွေကြေးတတ်နိုင်သော ရိုဟင်ဂျာ လူမျိုးများအား တရားခံစာရင်းမှ ပယ်ဖျက်ပေးမည်ဟုဆိုကာ ခြိမ်းခြောက် ငွေကြေးတောင်း ခံနေကြောင်း လည်း သတင်းရရှိပါသည်။
by: အလင်းမျက်ဝန်းမီဒီယာ
ဖြစ်စဉ်မှာ အုပ်ချုပ်ရေးမှူး ဦးဘတင်တွင် အသက်(၄၀) နှစ်ခန့်ရှိသော မချေအမည်ရှိ ညီမတစ်ဦး ရှိပါသည်။ ဦးဘတင်သည် မချေအား အမျိုးတော်စပ်သူ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သေ

No comments:
Post a Comment