သောကြာနေ့ မနက်ပိုင်းက ရုရှားနိုင်ငံရဲ့ လူနေနည်းတဲ့ Chelyabinsk ဒေသ တစ်ခုမှာ ဥက္ကာခဲတခုကျရောက်ခဲ့ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှု နဲ့ လူပေါင်း ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အများစုကတော့ အဆောက် အအုံ တွေ ရဲ့ မှန်ကွဲမှန်စတွေကြောင့် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ “
ယူကျူမှာတင်ထားတဲ့ အပျော်တန်း ဗီဒီယိုရိုက်သူ တယောက်ရဲ့ဗီဒီယိုမှာ ကောင်းကင်မှ ကျလာတဲ့ အလွန်တောက်ပတဲ့အလင်းတန်းကြောင်း ကို တွေ့ ရပြီး မကြာခင်မှာပဲ တနေရာကို ထိုးကျသွားတာ ကို တွေ့ရပါတယ်။
2012DA14 အမည်ရတဲ့ ဂြိုဟ်သိမ်လေးတခုက ကမ္ဘာနဲ့အနီးကပ်ဆုံး (မိုင် ၁၇၁၅၀) ဖြတ်သွားမယ့်ရက် မတိုင်မီ တစ်ရက်မှာ ယခုဥက္ကာခဲ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ တိုက်ဆိုင်မှုသာဖြစ်ပြီး အဲဒီ၂ခု ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။
Meteors ခေါ် ဥက္ကာခဲတွေဟာ ဂြိုဟ်ငယ်ပေါ်က ကျောက်ဆိုင်ခဲ အပိုင်းအစ တွေ ဖြစ်ပြီး ကမ္ဘာလေထုလွှာထဲကို ၀င်ရောက်လာကာ ဖြစ်ပါတယ်။ အများစုကတော့ ကောင်းကင်ပေါ် မှာပဲ လောင်ကျွမ်း ကုန်ဆုံးသွားပြီး ပိုကြီးတဲ့ ဥက္ကာခဲ တချို့ကတော့ ကမ္ဘာမြေပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့ အရှိန် တစ်နာရီ ၁၉၀၀၀ မိုင်နှုန်းနဲ့ ကျရောက် တတ်ကြောင်း ဥရောပ အာကာသအေဂျင်စီက ပြောပါတယ်။
ဥက္ကာခဲတွေဟာ ငါးနှစ်နဲ့ဆယ်နှစ် အကြားမှာတစ်ကြိမ် ကမ္ဘာမြေသို့ ကျရောက် တတ်ပြီး ယခုလို ကြီးမားတဲ့ဥက္ကာခဲ ကျရောက်မှုက ရှားပါးတယ်လို့ ဂျာမဏီ တက္ကသိုလ် University of Muenster မှ ပညာရှင် Addi Bischoff က ပြောပါ တယ်။
No comments:
Post a Comment