တောင်ကိုရီးယား သမ္မတအဖြစ် ရွေးချယ် ခံထားရသော ပတ်ဂွန်ဟေးသည်
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး အမျိုးသမီး
သမ္မတအဖြစ် ကျမ်းသစ္စာကျိန် ဆိုခဲ့ကြောင်း သိရှိ ရပါသည်။
ပတ်သည် အမျိုးသား ကာကွယ်ရေး ကဏ္ဍ ခိုင်မာအားကောင်း စေရေး၊ သက်သာ ချောင်ချိမှုအား တိုးမြှင့်ရေးနှင့် အလုပ် အကိုင်များ ဖန်တီးရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မိန့်ခွန်းပြော ကြားမည် ဖြစ်ပါသည်။ ထို့ပြင် လူမှုဘဝ လုံခြုံရေး၊ တစ်ဦးချင်း လိုအပ်သော သက်သာချောင်ချိ ရေးစနစ်နှင့် ဒေသတွင်း အလုပ်အကိုင် ဈေးကွက်ကို ဖန်တီးပေးရန် ရည်ရွယ်ထားသည့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အစီအစဉ်နှင့် ပတ်သက်၍လည်း ပြောကြားသွားမည် ဖြစ်ပါသည်။ ပတ်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံနှင့် ပြန်လည် ပေါင်းစည်းရေး အတွက် လိုအပ်သည့် ခိုင်မာသော အခြေခံ မူများ ချမှတ်ရန်နှင့် ပြည်သူ့ လူနေမှုဘဝ တိုးတက်စေရန် အတွက် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍လည်း လုပ်ဆောင်သွားရန် မျှော်မှန်းထားကြောင်း သိရှိ ရပါသည်။

No comments:
Post a Comment