SK ၊ ပိာန်းအောင် ရန်ကုန် ဖေဖေါ်ဝါရီ ၎
အစ္စလာမ် ဘာသာဝင်များအား ဘာသာရေးကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံရေး လှုံဆော်မှုများသည် ဗုဒ္ဓဘုရားရှင် သွန်သင်သည့် မေတ္တာနှင့်သစ္စာ တရားတော်နှင့် ဆန့်ကျင်ကြောင်း အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ် မီဒီယာက လျှောက်ထားမေးမြန်းချက် တစ်ရပ်တွင် ဆရာတော် ဘဒ္ဒန္တအရိယာဝံသာ ဘိဝံသက မိန့်ကြားသည်။
ခွဲခြားမှုကျတော့ မေတ္တာရဲ့ဆန့်ကျင်ဘက်ဖြစ်ကုန်တဲ့
လုပ်ရင် မေတ္တာနဲ့ လည်းဝေး၊ သစ္စာနဲ့လည်းဝေး ဖြစ်ကုန်မှာ စိုးရိမ်ရတယ်။ အဲဒါပါပဲ။ ဘုရားနဲ့ ကိုက်မှာ မပာုတ်ပါဘူး။
ဟု ဆရာတော် ဘဒ္ဒန္တအရိယာဝံသာ ဘိဝံသ (မြ၀တီမင်းကြီးကျောင်းတိုက်) က မိန့်ကြားသည်။
ထို့အပြင် ဆရာတော်က အစ္စလာမ် ဘာသာဝင်များနှင့် မိမိ ထင်မှတ်ထားသည်ထက် ပိုမိုပေါင်းစည်း နိင်သည်ကိုတွေ့ရှိရကြောင်းနှင့်
ထင်တာထက် ပိုပြီးပေါင်းစည်းလို့ ရတယ်ဆိုတာကို ဘုန်းကြီးတို့တွေ့လာရပြီ။ အားလုံးရဲ့ပေါင်းစည်းမှုက အမျိုးသား ရင်ကြားစေ့ရေးကို ပိုပြီး အထောက်အကူ ဖြစ်လိမ့်မယ်ပာု ဆရာတော် ဘဒ္ဒန္တအရိယာဝံသာ ဘိဝံသ (မြ၀တီမင်းကြီး ကျောင်းတိုက်) ကမြေနီကုန်း မြို့နယ်အတွင်း ကျင်းပသည့် ၁၄၈၇ နှစ်မြောက် မပာာတမန်တော်နေ့ အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တအရိယာဝံသာ ဘိဝံသ တရားချီးမြင့်ရန် ကြွရောက်စဉ် အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
ရခိုင် ပဋိပက္ခဖြစ်ပွားမှု တွင် အဓိက ဇစ်မြစ်သည် သီတာထွေး မုဒိန်းမှုဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း
အစ္စလာမ် ဘာသာဝင်များအား ဘာသာရေးကို အကြောင်းပြုပြီး လူမှုရေး၊ စီးပွားရေးတို့တွင် ခွဲခြားဆက်ဆံမှုများ ပြုရန်အတွက် တိုက်တွန်းချက် ၄ ရပ်ကို ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှာက်ရေး (ကရင်ပြည်နယ်)က ၂၀၁၂ စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို လက်တွေ့ အကောင်အထည်ဖေါ်မှုအဖြစ် “လူမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့” အမည်စာတမ်းပါ အ၀ါရောင်တူညီ ၀တ်စုံဝတ် လူငယ်အချို့နှင့် သင်္ကာန်းဝတ် ပုဂ္ဂိုလ် အချို့သည် ယခုနှစ် ဇန်န၀ါရီ ၂၀၊၂၁ ၊၂၂ (၃ရက် ဆက်တိုက်) တွင်ဘားအံ မြို့မဈေးနှင့် ပတ်ဝန်းကျင်ရှိ ဈေးဆိုင်များတွင် အစ္စလာမ် ဘာသာဝင်များပိုင် ဈေးဆိုင်များ တွင် ရောင်းဝယ်ဖေါက်ကားမှု မပြုရန် ချိန်းခြောက် လှုံ့ဆော်မှုများကို လည်းကောင်း၊ အစ္စလာမ် ဘာသာဝင်များပိုင် ဆိုင်များမှ ၀ယ်ယူပြီး ပစ္စည်းများကို ပြန်လည် ငွေပြန်အမ်းခိုင်းခြင်း ၀ယ်ယူလျှင် အာဏာပိုင်များသဖွယ် အရေးယူမည်ပာု ခြိမ်းခြောက်ခြင်းများကို ထင်ထင်ပေါ်ပေါ် ပြုခဲ့ ကြကြောင်း ဒေသတွင်း အခြေစိုက် အစ္စလာမ် ဘာသာရေးအဖွဲ့ အစည်းများက သက်ဆိုင်ရာသို့ တိုင်ကြားချက်အရ သိရသည်။

No comments:
Post a Comment