Saturday, February 16, 2013

ကြားဖြတ်သတင်း - ရိုဟင်ဂျာများအားဘင်္ဂလီဟုအတင်းအဓမ္မမှတ်ပုံတင်ခိုင်းခြင်းများပြန်လည်စတင်


Friday, February 15, 2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ဟာလာဒေဖာရွာနှင့်အနီးပတ်ဝန်း ကျင်ရှိ ရွာများတွင် ရိုဟင်ဂျာ များအား ဘင်္ဂလီဟု အတင်းအဓမ္မ မှတ်ပုံတင်ရေး သားခြင်း များပြန်လည်စ တင်သည်ဟု သတင်းရ ရှိပါသည်။ ရိုဟင်ဂျာမိသားစု ၂၀၀ ခန့်အား နစကများမှ အတင်း အဓမ္မ လက်မှတ် ရေးထိုးခိုင်း၍ ဘင်္ဂလီဟု မှတ်ပုံတင် ခဲ့ကြောင်း သိရှိရပါသည်။

“အခုလို ရိုဟင်ဂျာတွေကို ဘင်္ဂလီအဖြစ် အတင်းအဓမ္မ မှတ်ပုံတင်တာတွေကို ရိုဟင်ဂျာတွေရဲ့ ဖီ ဆန်မှုနဲ့ နိုင်ငံတကာရဲ့ ရှုတ်ချပြစ်တင်ဝေ ဖန်မှုတွေကြောင့် ရပ်တန့် ခဲ့တယ်။ အဲဒီ လိုရပ်တန့်ပြီး တဲ့နောက်မှာနှစ် ပေါင်းများစွာလုပ်လာတဲ့ နစကရဲ့ရိုဟင်ဂျာလူဦးရေစီစစ်ရေးကိုသာဆက်လုပ်လာခဲ့တယ်။ အဲဒါက လည်းသူတို့တွေ အပေါ်ကျရောက်နေတဲ့ ဖိအားပေး မှုတွေလျော့ပါး ဖို့အတွက်ပါ။

အခု ဆယ်စုနှစ်ပေါင်းများစွာ လုပ်လာနေတဲ့ ပုံမှန်လူဦးရေ စီစစ်ရေးအဆုံး သတ်နေတာနဲ့ တပြိုင် နက်ရိုဟင်ဂျာများအား ဘင်္ဂလီဟု အတင်း အဓမ္မမှတ်ပုံတင်ရေးသားခြင်းများ ပြန်လည်စတင်နေတာဟာ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမနဲ့ သူတို့ကို လူမျိုးတုံးဖျောက်ပစ်နေ တာဖြစ်ပါတယ်။ ဒီနေ့တော့ မိသားစု ၂၀၀ လောက် ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဘင်္ဂလီလို့ မှတ်ပုံတင်သွားတယ်။ ကွန်ပျူတာစနစ်နဲ့ လက်ဗွေ၊ ခြေဗွေအားလုံး ယူသွားတယ်။ တကယ်လို့ လက်မှတ် မထိုး ဘူးလို့ငြင်း မယ်ဆို ရင်တော့ အသက် ပါအန္တ ရာယ်ရှိနိုင်တဲ့ အနေ အထားရှိတယ်” ဟုအမည် မဖော်လိုသော ရွာသား တစ်ဦးမှပြော ပါသည်။

ယုံကြည်စိတ် ချရသည့် သတင်းများအရ - ရခိုင်အစွန်းရောက်များနှင့် အကြမ်းဖက် သမားများသည် ဧပြီ လတွင်ကျရောက် မည့်သင်္ကြန်မတိုင်မှီ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်တွင်းမှ အပြီးအပိုင် ရှင်းလင်းပစ်ရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရိုဟင်ဂျာများကိုလူမျိုးတုန်းသတ်ဖြတ်မှုတွင်အဓိက တရားခံဖြစ် သည့် ရခိုင် အမျိုးသား များတိုးတက်ရေး ပါတီဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်သည် လွန်ခဲ့သည့် ရက်ပိုင်းတွင် အမျိုးသား လွှတ်တော်၌ အဆိုတင် သွင်းရာ တွင် ရခိုင်ပြည်နယ်တွင်း တတိယအကြိမ်အကြမ်း ဖက်မှုများဖြစ်ပေါ်နိုင်သည့် အခြေ အနေများ ရှိကြောင်း ၎င်း တင်သွင်းသည့်အဆိုတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment