Thursday, February 28, 2013

မလေးရှားဝန်ကြီးချုပ်ဟောင်းအာဟ်မဒ်ဘာဒါဝီ ၏ မြန်မာနိုင်ငံရှိမွတ်စလင်မ်တို့ကိုအကြံပြုချက်

International Instetute OfAdvanced Islamic Studies (IAIS)Malaysia နှင့်မြန်မာမွတ်စလင်မ်တတ်သိပညာရှင် ဖိုရမ် Myanmar Muslim Intellectual Forum တို့ပူးတွဲကျင်းပသော အစ္စလာမ်မြန်မာစီမီနာ တွင်မြွတ်ကြားခဲ့သော အဟ်မဒ်ဘာဒါဝီ၏မိန်ခွန်း သည်မြန်မာနိုင်ငံရှိမွတ်စလင်မ်တို့အတွက်သိရှိရန် လိုအပ်ပြီး အရေးကြီးပါသည်ယင်းမိန်.ခွန်းပါအချက်အလက်ကောက်နုတ်ချက်ကိုဖေါ်ပြလိုက်ပါသည်။



*အာဆီယံသည်၂၀၁၅တွင်ဒေသကိုစုစည်းထားသောအသိုက်အဝန်းဖြစ်လာပါမည်။

*အာဆီယံ၏အကြိးမားဆုံးဘာသာဝင်အုပ်စုဖြစ်သော မွတ်စလင်မ်တို့သည်ဒေသတွင်းဖွံဖြိုးရေး ငြိမ်း ချမ်းရေးနှင့်လုံခြုံရေး ကိစ္စရပ်တွင် ကူညီရန် ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာတွင် တာဝန်ရှိပါသည်။

*ဒေသတွင်လူနည်းစုဖြစ်စေ လူများစုဖြစ်စေ အာဆီယံအသိုက်အဝန်း၏ ရည်မှန်းချက်သို့ ပေါက်ရောက်စေ ရန် အခြားသော အသိုင်းအဝန်နှင့် နိးကပ်စွာဆောင်ရွက်သင့်ပါသည်။


*မြန်မာနိုင်ငံရှိမွတ်စလင်မ်များအနေဖြင့်ဒေသအသိုင်းအဝန်းမှသီးခြားမနေပဲနိုးကြားတက်ကြွစွာပါဝင်ဆောင်ရွက်မည်ဟုယုံကြည်ပါသည်။

*အရေးကြီးသောအချက်တစ်ခုကလူဦးရေးအရဆိုရလျှင် မြန်မာနိုင်ငံရှိမွတ်စလင်မ်အသိုက်အဝိုင်းသည် အာဆီယံ၏အများဆုံးရှိသော မွတ်စလင်မ်လူနည်းစုအသိုက်အဝိုင်းဖြစ် သည်။

*ပညာရေး စီးပွါးရေးနယ်ပယ်တွင်လွတ်လပ်လာသည်နှင့်အမျှ ကောင်းမွန်သော အခွင့်အလမ်း များဖြစ်ထွန်းလာသည်နှင့် အမျှမြန်မာနိုင်ငံ မွတ်စလင်မ်လူနည်းစု အသိုက်အဝန်း သည်ဒေသ အတွင်းရှိ အခြားသော မွတ်စလင်မ်အသိုက်အဝန်းနှင့် နီးကပ်လာမည်ဖြစ်သည်။

*မြန်မာနိုင်ငံရှိမွတ်စလင်မ်တို့သည်အတိတ်သမိုင်းကြောင်းတွင် နိုင်ငံ၏ကဏ္ဍာစုံတွင်ဝင်ဆံ့ခဲ့ပါသည်။

*မြန်မာမွတ်စလင်မ်အတွက်သာမကအာဆီယံရှိ မွတ်စလင်မ်လူနည်းစုအတွက်ပါ အကြံပြုလိုသည် မှာကောင်းမွန်သော အနာဂတ်ဖြစ် ထွန်းလာစေဖို့ ပညာရေးနှင့်လူငယ်ဖွံဖြိုးရေးကဏ္ဍာအတွက် ရင်းနှီးမြုပ်နှံကြစေလိုပါသည်။

*မွတ်စလင်မ်အသိုင်းအဝိုင်းအနေဖြင့်၂၁ရာစုခေတ်ကာလ၏လိုအပ်နေသောအချက်အလက်များ ကိုက်ညီသော ပညာရေးဗဟုသုတဥါဏ်ပညာမြှင့် တင်အောင်ပြုကြပါ။ပညာရေးနယ်ပယ်တွင် တိုးတက်ပြီးသာ မွတ်စလင်မ်များအနေဖြင့် တိုးတက်မှုနိမ့်ကျနေသော ညီနောင် မွတ်စလင်မ်များကို ကူညီပေးနိုင်ပါသည်။

*မွတ်စလင်မ်တို့အနေဖြင့်လူနည်းစုရပိုင်ခွင့်များရှိရေးအတွက်ကြိုးပမ်းရာတွင်အခြားသောအသိုင်းအဝိုင်းများနှင့်လက်တွဲပြီးငြိမ်းချမ်းသောချဉ်းကပ်မှုကိုကျင့်သုံးသင့်ပါသည်ဋိပက္ခမရှိသောအကြမ်းမဖက်သောကြိုးပမ်းမှုကိုပြုကြရပါမည်။*မလေးရှားအပါအဝင်အခြားအာဆီယံနိုင်ငံများတွင် အလုပ် လုပ်နေ ကြသောမြန်မာ မွတ်စလင်မ်တို့သည် မိခင်နိုင်ငံ၏ပညာရေးမြှင့်တင်ရေးကိုကူညီရပါမည်။

*မလေးရှားတွင်လည်းမြန်မာမွတ်စလင် အချို့ သည် အောင်မြင်သောစီးပွားရေးသမားနှင့် တတ်သိပညာရှင်များအဖြစ် အသက်မွေး ဝမ်းကြောင်းပြုနေကြသည် သူတို့သည် လည်းမိခင်နိုင်ငံ၏ ပညာရေးတိုးတက်မှုအတွက်ပါဝင်သင်ပါသည်။


*မြန်မာနိုင်ငံအပြောင်းအလဲသစ်၏ဖြစ်ထွန်းလာသော အခွင့်အလမ်းကို လက်မလွတ်တမ်းဖမ်းဆုတ်ကြပါ။ စီးပွားရေး ပညာရေးနှင့် အခြားကဏ္ဍစုံတွင် အခွင့်အလမ်းကိုတွေ့မြင်နိုင်ပါသည်။

*မြန်မာမွတ်စလင်မ်တို့အနေဖြင့်တိကျသောအစီအစဉ်မရှိကြလျှင်စိန်ခေါ်မှုတွေ့က အခွင့်အလမ်းကိုပေါ်ထွန်းလာစေမည်မဟုတ်ပါ။

No comments:

Post a Comment