ယခုနှစ်ပိုင်း နွေရာသီတွင် အပူချိန်မြင့်တက်ရန်ရှိ၍ အပူချိန်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ရေရှားပါးမှုများ ကြုံတွေ့လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဇန်န၀ါရီ ၂၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါနွေရာသီ အပူချိန်မြင့်တက်လာမှုနှင့် ပတ်သက်၍ အယ်နီညိုမဖြစ်လာနိုင်သေးသော်လည်း အယ်နီညို နီးပါးဖြစ်လာနိုင်၍ အပူချိန်ပို၍မြင့်တက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် လက်ရှိရေ ခန်း ခြောက်မှုများဖြစ်ပေါ်နေကြောင်း၊ ၎င်းကဲ့သို့ရေခန်းခြောက်ခြင်းကြောင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့်သောက်သုံးရေပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း၊ ၎င်းအပူချိန်မြင့်တက် မှု ပြဿနာ များသည် မတ်လ ၁ ရက်မှ ဧပြီ ၁၅ ရက်အတွင်းဖြစ်ပေါ်လာနိုင်ကြောင်း၊ ဧပြီ ၁၅ ရက် မိုးကြိုကာလ တွင်လည်း မိုးတိမ်တောင် အန်္တရာယ်ရှိနိုင်ပြီး အဆိုပါအန္တရာယ်နှင့် ဆက်စပ်၍ မိုးကြိုးပစ်ခြင်းများ ၊လေဆင်နှာမောင်းများ၊ မိုးကြီး၍ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ ကြိုတင်ကာကွယ် မှုများ ပြုလုပ်သင့်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင်ဦးထွန်းလွင်မှ ဆက်လက်ပြောကြားခဲ့သည်။
““နွေရာသီက အပူချိန်ဖြစ်မြဲထက် ၆၀ ရာခိုင်နှုန်းပိုမယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မြစ်ဝကျွန်း ပေါ်ဒေသ များမှာ မိုးရွာသွန်းမှုနည်းမယ်။ စိုးရိမ်စရာက အပူချိန်မြင့်တက်လာနိုင်ပြီး ရေရှားပါးမှုပြဿနာဖြစ် လာနိုင်တယ်။အညာဘက်ဒေသေ
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အပူချိန်စံချိန်သစ်ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ ချောက်မြို့တွင် ၄၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ် (၁၁၅ ဒသမ ၀ ဒီဂရီဖာရင်ဟိုက်) အဖြစ်စံချိန်တင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၂၊ မေလ ၁၅ ရက် ယင်းချောက်မြို့၌ပင် ၄၆ ဒသမ ၃ ဒီ ဂရီစင်တီဂရိတ်(၁၁၅ ဒသမ ၃ ဒီဂရီဖာရင်ဟိုက်) အထိ စံချိန်သစ်တင်ခဲ့ရာ ၂၈ နှစ်ကာလအတွင်း မေလ ၁၅ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်ဖြစ်ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားခဲ့သည်။

No comments:
Post a Comment