သတင်း – ပိာန်းအောင် (MMM)
ရန်ကုန် ဖေဖေါ်ဝါရီ ၎
“ကိုဖြိုးဝေအောင်သေလို့ ၊သတင်းစာရှင်းလင်းပွဲပြီးသွားလို့ ပြီးသွားမှာမပာုတ်ပါဘူး၊တရားမျှတမှု မရမချင်း လွတ်တော်တင်မယ်။ဘာမှဖြစ်မလာဘူးဆိုရင်လည်း ၂၀၁၅ မှာတင်မယ်၊ဘာမှဖြစ်မလာဘူးဆိုရင်လည်း မလျှော့ဘူး ကျွန်တော်တို့ သေဆုံးတဲ့ အထိတင်မယ်၊ကျွန်တော်တို့ရဲ့သက်တမ်းနဲ့
မရသေးဘူးလား၊ ကျွန်တော်တို့ရဲ့တူတွေတူမတွေ ၊သားသမီးတွေကို
ပါလေ့ကျင့်သင်ကြားပေးသွားပြီး တော့ အမှန်တရားတစ်ခု ၊တရားမျှတမှုတစ်ခုကို…..
ရတဲ့ အထိ ဆက်လက်ပြီးတော့ နည်းလမ်းမျိုးစုံနဲ့လုပ်သွားမယ်“ပာု
ကိုထက်ဝေအောင် က X2O ဗုံးပေါက်ကွဲမှုတွင် ကိုဖြိုးဝေအောင်သည်
စွပ်စွဲခံရသူသာ ဖြစ်ကြောင်း တရားလိုသက်သေ ခံချက်များဖြင့် ရှင်းလင်း
တင်ပြမှုတစ်ရပ်တွင် ဖြေကြားသည်။
အထက်ပါဗုံးပေါက်ကွဲမှုတွင် ကိုဖြိုးဝေအောင်သည် စွပ်စွဲခံရသူသာဖြစ်ကြောင်း
ဇနီးဖြစ်သူ မဌေးဌေး နှင့် ညီဖြစ်သူ ထက်ဝေအောင်
ကသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယခုလ ၄ နေ့တွင်တော်ဝင်နှင်းဆီ၊သီရီခန်းမတွင် ကျင်းပရာ ရွေဝါရောင်တော်လှန်ရေးမှ ဦးဆောင် သံဃာတော်များ၊လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစုများ၊ နိင်ငံရေး အကျဉ်းသားပောာင်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြသည်။
X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဖြင့် ကိုဖြိုးဝေအောင်အား
စတင်ဖမ်းဆီးစဉ်ကတည်းက ဖမ်းဝရမ်း မပါပဲ ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီးခဲ့ကြောင်း
၊ကနဦး စတင်ဖမ်းဆီးချိန်တွင် မည်သည့်နေရာသို့ ဖမ်းဆီးသွားကြောင်းမသိရဘဲ ၂
ပတ်ကျော်ကြာမှ ကိုဖြိုးဝေအောင်အား အင်းစိန်ထောင်တွင်ဖမ်းဆီး ထားကြောင်း ကို DVB မှတဆင့်သိရှိခဲ့ရ ကြောင်း လည်းကျန်ရစ်သူမိသားစုကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရသိရသည်။
ရဲချုပ်ခင်ရီသည် ကိုဖြိုးဝေအောင်အား မတရားအသင်း အဖွဲ့ဝင်ဖြစ်သည်ပာု
သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲခဲ့သော်လည်း သက်သေအထောက်အထားမပြနိင်ပာု
အမှုစစ်ကိုတိုင်ဝန်ခံခြင်း၊ရဲချုပ်မှပြောပါသည် တရားစွဲအဖွဲ့မှ မည်သူမျှမသိပါဆိုသော သက်သေခံများအတွက် ရဲချုပ်အား ရုံးတော်သို့ခေါ်ပေး ရန်တောင်း ဆိုသော်လည်း ငြင်းပယ်ခံခဲ့ရသည်ပာု အထက်ပါသတင်းစာရှင်းလင်းပွဲတွင် ကိုထက်ဝေအောင်ပြော ကြားချက်အရ သိရသည်။
ယခင်စစ်အစိုးရ လက်ထက်ကရဲချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလေးစားလိုက်နာပါမည်ပာု ကျမ်းကျိန်ကာ လ၀က ၀န်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဦးခင်ရီ သည် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို
၂၀၁၀ မေ ၆ တွင်ပြုလုပ်ခဲ့ပြီး အဆိုပါရှင်းလင်းပွဲတွင် လူ့အခွင့်အရေးအပိုဒ်
၁၁(၁)ကိုချိုးဖေါက်ကာ ကိုဖြိုးဝေအောင် အားတရားရုံး တင်စစ်ဆေးမှု မပြုမီ
အလျှင် တရာခံပာူသော အသုံးအနှုန်းများကိုသုံးစွဲခဲ့သည့် အပြင်တရားခံပာု ၎င်းခေါ်ဝေါ်သုံးစွဲသူ၏ အခြေခံကိုယ်ရေး အချက်အလက်များကိုပင် မှန်ကန်အောင် ပြောကြား နိင်ခဲ့သူမပာုတ်ကြောင်းကို သတင်းစာရှင်းလင်းပွဲပါ အချက်အလက်များနှင့် ကာယကံရှင်မိသားစု က ပြန်လည်ရှင်းလင်းချက်များအရသိရသည်။
“အသွင်ကူးပြောင်းရေးကာလတစ်ရပ် ကိုချည်းနင်းဝင်ရောက်နေတဲ့
အချိန်အခါမျိုးမှာ စုပုံပြီးရှင်းလင်း လို့တော့
မရသေးဘူးလို့မြင်တယ်။သို့သော်လည်း
ဒီပာာကို မိသားစု အနေနဲ့ရှင်းတာပာာ မိသားစုနဲ့ သက်ဆိုင်တယ်
ကလေးတွေရဲ့ဘ၀ရှေ့ရေးနဲ့ သက်ဆိုင်တဲ့အတွက် ရှင်းလည်းရှင်းသင့်တယ်။ဒီလိုပွဲမျိုးတွေ များများလုပ်သင့်တယ်လို့မြင်တယ် “ပာု ကိုမြအေးက အထက်ပါရှင်းလင်းပွဲနှင့် ပတ်သက်၍၎င်း၏ အမြင်ကိုပြောသည်။
ထို့အပြင်ရဲချုပ်ခင်ရီသည် သားသမီး ၂ဦးသာရှိခြင်းကို သားသမီး ၃
ဦးပာူ၍လည်းကောင်း သက်သေခံ ခ-၁ တွင်လက်ပစ်ဗုံး ၂ လုံးသာတွေ့ခြင်းကို
လက်ပြစ်ဗုံး ၃ လုံးတွေ့ပာူ၍လည်းကောင်းစသည့် အခြေခံအချက် များကိုပင်
သတင်းစာရှင်းလင်းပွဲတွင်မှားယွင်းစွာ ပြောကြားခဲ့သူဖြစ်သည်။
အမှုဖြစ်စဉ်တစ်ခုလုံးအား ဗုံးတစ်လုံးဖြင့် အဓိကထားတည်ဆောက်ထားသော်လည်း သတင်းစာရှင်းလင်းပွဲ ပါအချက်အလက်များကိုဖေါ်ပြထားသည့်
၇.၅.၂၀၁၀ နေ့ထုတ်မြန်မာအလင်းသတင်းစာ စာမျက်နှာ၆ ပါX2O
သင်္ကြန်မဏ္ဍပ်အနီးချထားသည့် အဝေးထိန်းဗုံးတပ်ဆင်ပုံပာူသော ပုံတွင်
ဖုန်းအမျိုးအစားကို NOKIA 3310/3315 ပာုဖေါ်ပြထားပြီး တရားစွဲဆိုရာတွင်မှု
NOKIA 1600 ပာုရေးသား ထားကြောင်းလည်းသိရသည်။
ကိုဖြိုးဝေအောင်အား
X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်မှုဖြင့် သေဒဏ်၊တစ်သက်တစ်ကျွန်း အပြင်
အလုပ်နှင့်ထောင်ဒဏ် ၂၂ နှစ် ကိုတစ်ပေါင်းတည်းကျခံစေရန်
အင်းစိန်ထောင်တရားရုံးက ၂၀၁၂ မေလ ၈ရက် နေ့တွင်ချမှတ်သည်။
X2O သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဖြင့် ကိုဖြိုးဝေအောင်အား ဖမ်းဆီးခြင်းသည်မှားယွင်းသည်ပာု အမှုဖြစ်စဉ်ကို အသေးစိတ်လေ့လာအပြီး မိမိတို့ထင်မြင်ချက်ပေးကြေင်း အာရှလူ့အခွင့်အရေးကော်မရှင် က နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့ မေ ၂၃ ရက် ၂၀၁၂ ခုနှစ်ရက်စွဲဖြင့်ပေးပို့သည့် အိတ်ဖွင့်ပေးစာတစ်ရပ်တွင်ဖေါ်ပြထားသည်။
ထောင်အတွင်းကျန်းမာရေးစောင့်ရှောက်မှုညံဖျင်းသဖြင့်အသည်းကင်ဆာ နောက်ဆုံးအဆင့်ကိုခံစားနေရချိန် ၂၀၁၂ သြဂုတ်လ ၃ ရက်နေ့တွင် နိင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။
လွတ်ငြိမ်းချမ်းသာခွင့်ရပြီး နောက် ယခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့တွင် သီတာလမ်းနေအိမ်တွင် ကွယ်လွန်သည်။
No comments:
Post a Comment