ထီးချိုင့်မြို့
မောင်းကုန်းရွာ ဟွန်ဒါမြန်မာ သစ်အချောထည်စက်ရုံသို့ ပို့ဆောင်မည့်
တရားမ၀င်သစ်လုံးများ ဖမ်းဆီးရမိသော်လည်း တရားရုံးမှ အမှုလက်မခံ(ဒေါင်းရိုး)
ခရိုနီအဖြစ် နာမည်ကြီးလူသိများသော ဂရိတ်ဝေါဦးတင်မောင် ပိုင်ဆိုင်သည့် ဟွန်ဒါမြန်မာ သစ်အချောထည် စက်ရုံသို့ ပို့ဆောင်မည့် သစ်လုံးတင်ကားများကို ယနေ့မနက်(၇)နာရီအချိန်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်၊ ဖမ်းဆီးခဲ့သော အဖွဲ့များတွင် ရဲအုပ်မြင့်ဇော်နှင့် ထီးချိုင့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ၊တောအုပ်ဝင်းသူရဦးဆောင်သော သစ်တောအဖွဲ့ဝင်များ၊စရဖမှ တပ်ကြပ်မျိုးမင်းထွန်း ၊မောင်းကု န်းကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရွာခံများ သာမက
ရန်ကုန်လူမှုကွန်ယက်မှ အဖွဲ့ဝင်များပါ ပါဝင် ပူးပေါင်း ဖမ်းဆီးခဲ့တယ်လို့
သိရပါတယ်၊ဖမ်းဆီးရမိတဲ့ သစ်လုံးပေါင်း(၅၇)လုံးရှိပြီး အဲဒီအမှု(ပ)၁၇/၁၃နဲ့
တိုင်ချက်ရေး သွင်းပြီးသစ်တောဥပဒေပုဒ်မ၄၁(က)၊ ၄၂တို့နဲ့ တရားစွဲဆိုတင်ပို့ရာ ထီးချိုင့်မြို့နယ်တရား သူကြီးဒေါ်ဌေးဌေးမော်က အမှုကို လက်မခံဘူးလို့ သိရှိရပါတယ်၊ ဒီအတွက် ဖမ်းဆီးသူများ အခက်တွေ့နေ ရတယ်လို့လည်းဆိုပါတယ် ၊ထီးချိုင့်မြို့နယ် တရားသူကြီးေ ဒ်ါဌေးဌေးမော် က အမှုလက်မခံရခြင်း မှာ သစ်လုံး တင်ကားများ သက်သေအဖြစ် မယူဆောင်လာခဲ့လို့ဆိုပြီး အကြောင်းပြပါတယ်၊မြို့ခံများကတော့တရားခံ ဟာ ဂရိတ်ဝေါ ခရိုနီ ဦးတင်မောင်ဖြစ်နေတဲ့အတွက် ဂရိတ်ဝေါမှာ ရှယ်ယာများပိုင်ဆိုင်တဲ့ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကို ကြောက်လို့ အမှုလက်မခံရဲတာလို့ ဆိုပါတယ်၊(မကြာခင် ဓါတ်ပုံများနဲ့ ထပ်မံတင်ပေးပါမယ်..)
ခရိုနီအဖြစ် နာမည်ကြီးလူသိများသော ဂရိတ်ဝေါဦးတင်မောင် ပိုင်ဆိုင်သည့် ဟွန်ဒါမြန်မာ သစ်အချောထည် စက်ရုံသို့ ပို့ဆောင်မည့် သစ်လုံးတင်ကားများကို ယနေ့မနက်(၇)နာရီအချိန်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်၊
No comments:
Post a Comment