ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှာ Air Bagan လေယာဉ်ပျက်ကျ ခဲ့ရတာ ဟာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချေက် မှားယွင်း မှုကြောင့်ဖြစ်ကြောင်း
Black Box လို့ လူသိများတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို သြစတြေးလျနိုင်ငံပို့ပြီး စစ်ဆေး ခဲ့ရာမှာ လေယာဉ်စက်ပိုင်းနဲ့ အစိတ်အပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးမှုသော်လည်းကော
"လူမှားတာလား၊ စက်ပျက်တာလားဆိုရင် အားလုံးကတော့ လူနဲ့ပဲဆိုင်တာပဲ၊ ရာသီဥတု မကောင်းဘူး လို့ပြောရင် မတက်ဘူး၊ တက်မယ်ဆိုတာ ရာသီဥတုက ဆုံးဖြတ်တာမဟုတ်ဘူး လူကဆုံးဖြတ်တာ၊ အဲ့ဒါကြောင့်မို့ လေယာဉ်တစ်ခုမှာ အဆုံးအဖြတ်သည် လူပဲ"
ဒါဟာ လက်ရှိကာလအထိ တွေ့ရှိထားတဲ့ ဖြစ်နိုင်ချေ အချက်လက်တွေကိုသာ ပြောဆိုတာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာ တင်ပြနိုင်ဖို့ကတော့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။
ပြည်တွင်းလေကြောင်းပို့ဆောင်မှု ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ဒီလေယာဉ်ပျက်ကျမှုဟာ မြန်မာနိုင်ငံမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။

No comments:
Post a Comment