Thursday, January 24, 2013

ဒေါ်အောင်ဆန်းစုကြည် ဟိုနိုလူလူကျွန်းက ငြိမ်းချမ်းရေး ဖိုရမ်မှာ စကားပြောမည်

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု နဲ့ တောင်ကိုးရီးယား နိုင်ငံတွေကို ဇန်န၀ါရီလ ၂၄ ရက် ဒီကနေ့မှာ စတင်ထွက်ခွာသွားပါတယ်။

လာမယ့် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူကျွန်းမှာ ကျင်းပမယ့် နိုင်ငံတကာ ရိုတရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ “Rotary Global Peace Forum” မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ဟိုနိုလူလူကျွန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ နိုင်ငံတကာက လူမျိုးပေါင်းစုံ တက်ရောက်ကြပြီး ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထား အနာဂတ်ဆောင်ရွက် သွားနိုင်မယ့် နည်းလမ်းတွေကို အဓိကထားပြီး အမြင်ချင်း ဖလှယ်ကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အထင်ကရ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အနေနဲ့ ဖိတ်ကြားခဲ့တာပါ။
အဲဒီမှာ ဟာဝိုင်အီ ငြိမ်းချမ်းရေးဆု ကိုလည်း လက်ခံရယူမှာဖြစ်သလို ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အဲဒီမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ NLD ဗဟိုအဖွဲ့ချုပ်က ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပါတယ်။

ဟာဝိုင်အီကျွန်းကနေ တဆင့် ဇန်န၀ါရီလ ၂၉ ရက်နေ့မှာတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်ပြီး တောင်ကိုးရီးယား သမ္မတ မစ္စတာ လီမြောင်ဘတ် ၊ သမ္မတသစ် အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံထားရတဲ့ မစ္စ Park Geun-Hye ပတ်ခွန်းဟဲ တို့နဲ့ တွေ့ဆုံဆွေးနွေး ဖို့  ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟိုနိုလူလူကျွန်းက ငြိမ်းချမ်းရေး ဖိုရမ်မှာ စကားပြောမည်

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုးရီးယား နိုင်ငံတွေကို ဇန်န၀ါရီလ ၂၄ ရက် ဒီကနေ့မှာ စတင်ထွက်ခွာသွားပါတယ်။

လာမယ့် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူကျွန်းမှာ ကျင်းပမယ့် နိုင်ငံတကာ ရိုတရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ “Rotary Global Peace Forum” မှာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ဟိုနိုလူလူကျွန်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ နိုင်ငံတကာက လူမျိုးပေါင်းစုံ တက်ရောက်ကြပြီး ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထား အနာဂတ်ဆောင်ရွက်သွားနိုင်မယ့် နည်းလမ်းတွေကို အဓိကထားပြီး အမြင်ချင်း ဖလှယ်ကြတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုတော့ အထင်ကရ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အနေနဲ့ ဖိတ်ကြားခဲ့တာပါ။
အဲဒီမှာ ဟာဝိုင်အီ ငြိမ်းချမ်းရေးဆု ကိုလည်း လက်ခံရယူမှာဖြစ်သလို ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အဲဒီမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ NLD ဗဟိုအဖွဲ့ချုပ်က ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပါတယ်။

ဟာဝိုင်အီကျွန်းကနေ တဆင့် ဇန်န၀ါရီလ ၂၉ ရက်နေ့မှာတော့ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်ပြီး တောင်ကိုးရီးယား သမ္မတ မစ္စတာ လီမြောင်ဘတ် ၊ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံထားရတဲ့ မစ္စ Park Geun-Hye ပတ်ခွန်းဟဲ တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment