Thursday, January 24, 2013

ကျွန်တော့်ကို သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီးတဲ့နောက် မီဒီယာတစ်ချို့က ဘာတာဝန်တွေလုပ်မှာလည်းလို့ မေးကြပါတယ်။

ကျွန်တော့်ကို သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီးတဲ့နောက် မီဒီယာတစ်ချို့က ဘာတာဝန်တွေလုပ်မှာလည်းလို့ မေးကြပါတယ်။ တစ်ချို့ကတော့ မေးရင်းနဲ့ ကျွန်တော်ဟာ အစိုးရအဖွဲ့ရဲ့ ဝါဒဖြန့်ချိရေး တာဝန်ခံလားလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ဆွေးနွေးတာ မျိုးလည်း လုပ်ပါတယ်။

ကျွန်တော့်ကို သမ္မတကြီးက ပေးအပ်တဲ့ တာဝန်က နှစ်ခုရှိတယ်လို့ ရိုးရိုးလေးပဲ နားလည် မိပါတယ်။

ပထမတစ်ခုကတော့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုများနဲ့ပတ်သက်ပြီး မီဒီယာများ က မှတ်ချက်တောင်းခံခြင်း၊ မေးခွန်းမေးမြန်းခြင်းများကိုဖြေကြားပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ အစိုးရအတွက် အလုပ်လုပ်ပေးတာလို့ ပြောလို့ရပါတယ်။

နောက်တစ်ခုကတော့ မီဒီယာအတွက်အလုပ်လုပ်ပေးရတာဖြစ်ပါတယ်။ ဒီလိုမီဒီယာအတွက် အလုပ်လုပ် ပေးရတဲ့အခါ အခြေအနေနှစ်မျိုးရှိပါတယ်။ ပထမအခြေအနေကတော့ သတင်းများ ရေးသားရာမှာ စာနယ်ဇင်းကျင့်ဝတ်အရ သတင်းမှန်ကန်မှုကို အတည်ပြုဖို့လိုသလို ဖြစ်နိုင်သမျှ ကွဲပြားခြားနားတဲ့အမြင်များကို ဖော်ပြဖို့လိုပါတယ်။ နှစ်ဘက် အငြင်းပွားတာမျိုးဆိုရင် နှစ်ဘက်လုံးက အမြင်တွေကို တတ်နိုင်သမျှ ဖော်ပြပေးပြီး စာဖတ်သူက ဆုံးဖြတ်နိုင်အောင် လုပ်ပေးရပါတယ်။

ဒီတော့ ကျွန်တော့်အနေနဲ့ အစိုးရဘက်က အမြင်တွေ၊ အယူအဆတွေ၊ ဖြစ်စဉ်တွေကို ပြောပြ ပေးခြင်းအားဖြင့် မီဒီယာများအနေနဲ့ ဘက်ပေါင်းစုံက အမြင်တွေ၊ သတင်းတွေကို တင်ပြနိုင်အောင် အကူအညီပေးရပါတယ်။

နောက်အခြေအနေကတော့ ကျွန်တော်ဟာ မီဒီယာတွေရဲ့ မေးခွန်းတွေ၊ အခြားရေးသားပြောဆိုချက်တွေကို လေ့လာပြီး မီဒီယာတွေက ဘာတွေကို သိချင်နေကြတယ်၊ ဘာတွေကို စိတ်ဝင်စားနေတယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနများကို အသိပေးတာကိုလည်း လုပ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက သူတို့ကိုယ်တိုင် မီဒီယာများကို ဖြေကြား ခြင်း၊ ဒါမှမဟုတ် ကျွန်တော့်ထံက တဆင့်ဖြေကြားခြင်းတို့ကို ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော့်ကို သမ္မတကြီးက တာဝန်ပေးပေမယ့် ကျွန်တော်ဟာ သမ္မတကြီးရဲ့ အမှုတော် ကိုသာမက မီဒီယာများရဲ့ အမှုတော်ကိုပါ ထမ်းဆောင်နေရတယ်လို့ ခံယူပါတယ်။ ဒါ့ကြောင့်လည်း မေးလာသမျှ မေးခွန်းများကို အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးနေတာဖြစ်ပါ တယ်။ အထူးသဖြင့် Dead Line နဲ့ အလုပ်လုပ်နေရတဲ့ မီဒီယာများရဲ့ အခက်အခဲကို စာနာပြီး လိုအပ်တဲ့သတင်းအချက်အလက်များပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပါတယ်။

ဒါပေမယ့် ကျွန်တော်ဟာ အရာရာကို ချက်ခြင်းဖြေကြားပေးနိုင်မယ်လို့ မယူဆစေချင်ပါဘူး။ မသိ သေးတာတွေရှိသလို ဖြေလို့မသင့်သေးတာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုး နဲ့ ကြုံလာရင် သူဟာ အစိုးရအဖွဲ့တွက်သာမဟုတ် မီဒီယာတွေအတွက်လည်း လုပ်ပေးနေသူပါ လားလို့ စာနာ နားလည်ပေးစေချင်ပါတယ်။

( အန်ကယ်က ပြောရေးဆိုခွင့်ရှိသူဆိုပြီး ဒါလေးတောင်မပြောနိုင်ဘူးလား ဆိုကာ ဖုန်းချသွားတဲ့ ညီငယ် စာနယ်ဇင်းသမားတစ်ဦးကြောင့် ရေးမိတာပါ။ )


ဦးရဲထွဠ်


____________________________________

Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
ကျွန်တော့်ကို သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီးတဲ့နောက် မီဒီယာတစ်ချို့က ဘာတာဝန်တွေလုပ်မှာလည်းလို့ မေးကြပါတယ်။ တစ်ချို့ကတော့ မေးရင်းနဲ့ ကျွန်တော်ဟာ အစိုးရအဖွဲ့ရဲ့ ဝါဒဖြန့်ချိရေး တာဝန်ခံလားလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ဆွေးနွေးတာ မျိုးလည်း လုပ်ပါတယ်။

ကျွန်တော့်ကို သမ္မတကြီးက ပေးအပ်တဲ့ တာဝန်က နှစ်ခုရှိတယ်လို့ ရိုးရိုးလေးပဲ နားလည် မိပါတယ်။

ပထမတစ်ခုကတော့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုများနဲ့ပတ်သက်ပြီး မီဒီယာများ က မှတ်ချက်တောင်းခံခြင်း၊ မေးခွန်းမေးမြန်းခြင်းများကိုဖြေကြားပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ အစိုးရအတွက် အလုပ်လုပ်ပေးတာလို့ ပြောလို့ရပါတယ်။

နောက်တစ်ခုကတော့ မီဒီယာအတွက်အလုပ်လုပ်ပေးရတာဖြစ်ပါတယ်။ ဒီလိုမီဒီယာအတွက် အလုပ် လုပ် ပေး ရတဲ့အခါ အခြေအနေနှစ်မျိုးရှိပါတယ်။ ပထမအခြေအနေကတော့ သတင်းများ ရေးသားရာ မှာ စာနယ်ဇင်းကျင့်ဝတ်အရ သတင်းမှန်ကန်မှုကို အတည်ပြုဖို့လိုသလို ဖြစ်နိုင်သမျှ ကွဲပြားခြားနားတဲ့ အမြင်များကို ဖော်ပြဖို့လိုပါတယ်။ နှစ်ဘက် အငြင်းပွားတာမျိုးဆိုရင် နှစ်ဘက်လုံးက အမြင်တွေကို တတ်နိုင်သမျှ ဖော်ပြပေးပြီး စာဖတ်သူက ဆုံးဖြတ်နိုင်အောင် လုပ်ပေးရပါတယ်။

ဒီတော့ ကျွန်တော့်အနေနဲ့ အစိုးရဘက်က အမြင်တွေ၊ အယူအဆတွေ၊ ဖြစ်စဉ်တွေ ကို ပြောပြ ပေးခြင်း အားဖြင့် မီဒီယာများအနေနဲ့ ဘက်ပေါင်းစုံက အမြင်တွေ၊ သတင်းတွေကို တင်ပြနိုင်အောင် အကူအညီပေးရပါတယ်။

နောက်အခြေအနေကတော့ ကျွန်တော်ဟာ မီဒီယာတွေရဲ့ မေးခွန်းတွေ၊ အခြားရေးသားပြောဆို ချက်တွေ ကို လေ့လာပြီး မီဒီယာတွေက ဘာတွေကို သိချင်နေကြတယ်၊ ဘာတွေကို စိတ်ဝင်စားနေတယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနများကို အသိပေးတာကိုလည်း လုပ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများက သူတို့ကိုယ်တိုင် မီဒီယာများကို ဖြေကြား ခြင်း၊ ဒါမှမဟုတ် ကျွန်တော့်ထံက တဆင့်ဖြေကြားခြင်းတို့ကို ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော့်ကို သမ္မတကြီးက တာဝန်ပေးပေမယ့် ကျွန်တော်ဟာ သမ္မတကြီးရဲ့ အမှုတော် ကိုသာမက မီဒီယာများရဲ့ အမှုတော်ကိုပါ ထမ်းဆောင်နေရတယ်လို့ ခံယူပါတယ်။ ဒါ့ကြောင့် လည်း မေးလာသမျှ မေးခွန်းများကို အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးနေတာဖြစ်ပါ တယ်။ အထူးသဖြင့် Dead Line နဲ့ အလုပ်လုပ်နေရတဲ့ မီဒီယာများရဲ့ အခက်အခဲကို စာနာပြီး လိုအပ်တဲ့သတင်းအချက် အလက်များပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပါတယ်။

ဒါပေမယ့် ကျွန်တော်ဟာ အရာရာကို ချက်ခြင်းဖြေကြားပေးနိုင်မယ်လို့ မယူဆစေချင်ပါဘူး။ မသိ သေး တာတွေရှိသလို ဖြေလို့မသင့်သေးတာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုး နဲ့ ကြုံလာရင် သူဟာ အစိုးရအဖွဲ့တွက်သာမဟုတ် မီဒီယာတွေအတွက်လည်း လုပ်ပေးနေသူပါ လားလို့ စာနာ နားလည်ပေးစေချင်ပါတယ်။

( အန်ကယ်က ပြောရေးဆိုခွင့်ရှိသူဆိုပြီး ဒါလေးတောင်မပြောနိုင်ဘူးလား ဆိုကာ ဖုန်းချသွားတဲ့ ညီငယ် စာနယ်ဇင်းသမားတစ်ဦးကြောင့် ရေးမိတာပါ။ )

ဦးရဲထွဠ်

No comments:

Post a Comment