ကမ္ဘာ့နိုင်ငံများ နွားနို့ သောက် သုံးမှု အနည်းအများနှင့် နိုဘယ်လ် ဆုရှင်
ထွက်ရှိမှု အနည်းအများသည် တိုက်ရိုက် ဆက်စပ်မှုရှိကြောင်း ဗြိတိန်နိုင်ငံက
ပြုလုပ်ထားသောစစ်တမ်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ နွားနို့သောက်သုံးမှု များလေထိုနိုင်ငံများမှ နိုဘယ်လ်ဆုရှင် ထွက်ရှိမှု များလေဖြစ်ကြောင်းစစ် တမ်းကထောက်ပြသွားသည်။
ကမ္ဘာ့နိုင်ငံ ၂၂ နိုင်ငံ၏ နိုင်ငံသားများ နွားနို့သောက်သုံးမှုနှုန်းနှင့်
နိုဘယ်လ်ဆုရှင် ပေါ်ထွက်နှုန်းများကို နှိုင်းယှဉ်လေ့လာ ပြီးထိုစစ်တမ်းကို
ပြုစုထားခြင်း ဖြစ်သည်။ နိုင်ငံများ၏ လူဦးရေစုစုပေါင်းအနက်
လူဆယ်သန်း လျှင် နိုဘယ်လ်ဆုရှင် ဦးရေမည်မျှ ပါဝင်သည်ကိုအချိုးချ
တွက်ချက်ခြင်း ဖြစ်သည်။ ထိုအခါ ဆွီဒင်သည် လူဆယ်သန်းလျှင် နိုဘယ်လ်ဆုရှင်
ထွက်ရှိမှုအများဆုံး နိုင်ငံအဖြစ် စံချိန်တင်ကြောင်းသိရသည်။စစ်တမ်းအရဆွီဒင်နိုင်ငံသည် ကမ္ဘာ့ပေါ်တွင် နွားနို့နှင့် နို့ထွက် ပစ္စည်းများကိုအများဆုံးစားသုံးေ သာနိုင်ငံဖြစ်ကြောင်း လည်းတွေ့ရ သည်။ ဆွီဒင်နိုင်ငံသားတစ်ဦးလျှင် တစ်နှစ်ကိုပျမ်းမျှ နွားနို့ ပေါင် ၇၅ဝ ဝန်းကျင် သောက် သုံးကြသည်။
ဆွီဒင်နည်းတူတစ်နှစ်ကိုပေါင် ၆၆ဝ ဝန်းကျင်ထိသောက် သုံးကြသောဆွစ်ဇာလန်သည်လည်းလူဆယ် သန်းလျှင်
နိုဘယ်လ်ဆုရှင် အများဆုံးထွက်ရှိသော နိုင်ငံအဖြစ် ပါဝင်နေသည်ကိုတွေ့ရသည်။
စီးပွားရေးအင်အားကြီး နိုင်ငံကြီးများကိုအဓိကထားကောက် ထားသောထိုစာရင်းတွင် တရုတ်နိုင်ငံသည် လည်းပါဝင်လျက်ရှိရာတရုတ်နိုင်ငံ ကား
နိုဘယ်လ်ဆုရှင် ထွက်ရှိမှု အ နည်းဆုံး ဖြစ်ကြောင်းလည်းတွေ့ရ သည်။
တရုတ်နိုင်ငံသားများ၏ နွား နို့သောက်သုံးနှုန်းသည်လည်းတစ် နှစ်ကိုပျမ်းမျှ
၅၅ ပေါင်သာ ရှိကြောင်းတွေ့ရသည်။
နွားနို့သောက်သုံးမှု မြင့်မားသလို၊ နိုဘယ်လ်ဆုရှင် ထွက်ရှိမှု နှုန်းလည်း မြင့်မားသော နိုင်ငံများသည် ပညာရေးစနစ်ပိုင်းတွင်လည်းအားကော င်းကြသော
နိုင်ငံများဖြစ် ကြောင်းဆက်လက်တွေ့ရှိရသည်။ ဇီဝဗေဒသဘောအရလည်း နွားနို့ သည်
ဗီတာမင် ဒီဓာတ်ြ<ွကယ်ဝသည်ဖြစ်ရာထိုဓာတ်သည် ဦးနှောက် စွမ်းဆောင်ရည်
မြင့်မားရေးအားပေးသည့်ဓာတ် ဖြစ်သောကြောင့် နွားနို့များများသောက်သော
နိုင်ငံမျာမှ နိုဘယ်လ်ဆုရှင် များများထွက်ခြင်းသည်လည်းသဘာဝကျ
သောကိစ္စတစ်ခုဟုစစ်တမ်းတွင် ရေး သားဖော်ပြထား သည်။ နိုင်ငံ သားများ
နွားနို့သောက်သုံးမှု မြင့် တက်လာရေးအားပေးခြင်းဖြင့်
နိုင်ငံသား များဦးနှောက်စွမ်း ရည်မြင့်မားလာစေနိုင်သလို၊ ပညာထူးချွန်သူများမွေးထုတ်နိုင် ရေးအတွက်လည်းတစ် ဖက်တစ်လမ်းက အထောက် အကူပြု ရာရောက်ကြောင်းစစ်တမ်းကအကြံ ပြုရေးသားသည်။ စစ်တမ်းကိုPracticalNeurology ဂျာနယ်တွင် ထည့်သွင်းဖော် ပြထားခြင်း ဖြစ်သည်။
ဆွီဒင်နည်းတူတစ်နှစ်ကိုပေါင် ၆၆ဝ ဝန်းကျင်ထိသောက် သုံးကြသောဆွစ်ဇာလန်သည်လည်းလူဆယ်
နွားနို့သောက်သုံးမှု မြင့်မားသလို၊ နိုဘယ်လ်ဆုရှင် ထွက်ရှိမှု နှုန်းလည်း မြင့်မားသော နိုင်ငံများသည် ပညာရေးစနစ်ပိုင်းတွင်လည်းအားကော
No comments:
Post a Comment