ဒီနေ့ Hot News ဆိုရင် လူတိုင်း စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အဲဒီ Hot ဖြစ်နေတာ တစ်ချို့မှာ ချော်လဲရောထိုင်ရင်းနဲ့ နှလုံးသားထဲက ယုံကြည်ချက် ထိခိုက်တဲ့အထိ ဆုံးရှုံးရတတ်ပါတယ်။
ဒီစကြာဝဠာ ဒီကမ္ဘာကြီး ဒီဇင်ဘာ ၂၁ရက်မှာ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး ပြောဆိုနေကြတဲ့အထဲမှာ အစ္စလာမ်ဘာသာဝင် အချို့လည်း ရောယောင်ပြီး ဝင်ပါနေကြတာတွေ စိတ်မကောင်းစွာ တွေ့နေရပါတယ်။
ကျွန်တော်အံ့သြမိပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း ဖတ်ရွတ်နေကြပါလျက် ကဏ္ဌတော် တစ်ခုဖြစ်တဲ့ စူရဟ် အာရားဖ် ရဲ့ စာပိုဒ်အမှတ် (၇:၁၈၇) ကို သတိမပြုမိတာလား???
အလ္လာဟ်အရှင်မြတ်ထံပါးမှာသာရှိတော်မူတဲ့
အသိတရားထဲမှာ ကေယာမသ် ကမ္ဘာ့တရားစီရင်မည့်နေ့ လည်း ပါဝင်ပါတယ်။ ယုတ်စွအဆုံး
တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) လည်းအသိပေးခြင်းမခံရသလို
တမန်တော်မြတ် (Peace be upon him) က မိန့်ဆိုပြောကြားထားတဲ့
အထောက်အထားတွေမှာလည်း မပါဘူး။
ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များအတွက် ကုရ်အာန်ကျမ်းမြတ် နှင့် ဟဒီးစ်တော်များအရ ခိုင်လုံစွာ ပြဆိုမထားတဲ့ အနာဂတ်ဟောကိန်းတွေ အပေါ်ယုံကြည်ခြင်းဟာ အီမာန်ယုံကြည်မှုကို ထိခိုက်စေပါတယ်။
နောက်တစ်ချက်က ကမ္ဘာပျက်မဲ့နေ့ နှင့် ပတ်သက်ပြီး တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) မိန့်ကြားခဲ့တဲ့ မိန့်ခွန်းတော်တွေအရ ကမ္ဘာပျက်ခါနီး ဖြစ်ပေါ်လာမဲ့ နမိတ်လက္ခဏာ အချို့ အပေါ် အီမာန်စွဲယူ ယုံကြည်ထားရပါမယ်။
၁။ အေမာမ် မဟ်ဒီ ပွင့်ပေါ်ခြင်း။
၂။ ခေလာဖသ်အုပ်ချုပ်ရေး။
၃။ Al Quds (ဂျေရုစလင်မ်)ကို ပြန်လည်သိမ်းပိုက်ခြင်း။
၎။ ဒဂ်ျဂျာလ် ပေါ်ပေါက်လာခြင်း။
၅။ တမန်တော် အီစာ (Peace be upon him) လူ့လောကသို့ ပြန်လည် ကြွမြန်းလာခြင်း။
၆။ အနောက်အရပ်မှ နေထွက်ခြင်း။
၇။ ကမ္ဘာပျက်မည့်နေ့တွင် အီမာန် သက်ဝင်ယုံကြည်သူ တစ်ဦးမျှ အသက်ရှင်လျက်ရှိနေမည် မဟုတ်ခြင်း။ ------ စတဲ့ သက်သေလက္ခဏာများ ဖြစ်လာပြီးမှ ကေယာမသ် ကမ္ဘာ့တရားခွင်နေ့ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မွတ်စလင်မ် ညီအစ်ကို မောင်နှမတွေကို ပြောချင်တာကတော့ အခြေအမြစ်မရှိတဲ့ ကိစ္စရပ်တစ်ခုကို ပျော်စေပျက်စေ သဘောနှင့် ဟာသလုပ်ပြီး မိမိအီမာန် ယုံကြည်ချက်ကို အစွန်းအထင်း မခံကြပါနဲ့လို့ အသိပေး တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ Hot News ဆိုရင် လူတိုင်း စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အဲဒီ Hot ဖြစ်နေတာ တစ်ချို့မှာ ချော်လဲရောထိုင်ရင်းနဲ့ နှလုံးသားထဲက ယုံကြည်ချက် ထိခိုက်တဲ့အထိ ဆုံးရှုံးရတတ်ပါတယ်။
ဒီစကြာဝဠာ ဒီကမ္ဘာကြီး ဒီဇင်ဘာ ၂၁ရက်မှာ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး ပြောဆိုနေကြတဲ့အထဲမှာ အစ္စလာမ်ဘာသာဝင် အချို့လည်း ရောယောင်ပြီး ဝင်ပါနေကြတာတွေ စိတ်မကောင်းစွာ တွေ့နေရပါတယ်။
ကျွန်တော်အံ့သြမိပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း ဖတ်ရွတ်နေကြပါလျက် ကဏ္ဌတော် တစ်ခုဖြစ်တဲ့ စူရဟ် အာရားဖ် ရဲ့ စာပိုဒ်အမှတ် (၇:၁၈၇) ကို သတိမပြုမိတာလား???
အလ္လာဟ်အရှင်မြတ်ထံပါးမှာသာရှိတေ
ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်များအတွက် ကုရ်အာန်ကျမ်းမြတ် နှင့် ဟဒီးစ်တော်များအရ ခိုင်လုံစွာ ပြဆိုမထားတဲ့ အနာဂတ်ဟောကိန်းတွေ အပေါ်ယုံကြည်ခြင်းဟာ အီမာန်ယုံကြည်မှုကို ထိခိုက်စေပါတယ်။
နောက်တစ်ချက်က ကမ္ဘာပျက်မဲ့နေ့ နှင့် ပတ်သက်ပြီး တမန်တော်မြတ် မိုဟမ္မဒ် (Peace be upon him) မိန့်ကြားခဲ့တဲ့ မိန့်ခွန်းတော်တွေအရ ကမ္ဘာပျက်ခါနီး ဖြစ်ပေါ်လာမဲ့ နမိတ်လက္ခဏာ အချို့ အပေါ် အီမာန်စွဲယူ ယုံကြည်ထားရပါမယ်။
၁။ အေမာမ် မဟ်ဒီ ပွင့်ပေါ်ခြင်း။
၂။ ခေလာဖသ်အုပ်ချုပ်ရေး။
၃။ Al Quds (ဂျေရုစလင်မ်)ကို ပြန်လည်သိမ်းပိုက်ခြင်း။
၎။ ဒဂ်ျဂျာလ် ပေါ်ပေါက်လာခြင်း။
၅။ တမန်တော် အီစာ (Peace be upon him) လူ့လောကသို့ ပြန်လည် ကြွမြန်းလာခြင်း။
၆။ အနောက်အရပ်မှ နေထွက်ခြင်း။
၇။ ကမ္ဘာပျက်မည့်နေ့တွင် အီမာန် သက်ဝင်ယုံကြည်သူ တစ်ဦးမျှ အသက်ရှင်လျက်ရှိနေမည် မဟုတ်ခြင်း။ ------ စတဲ့ သက်သေလက္ခဏာများ ဖြစ်လာပြီးမှ ကေယာမသ် ကမ္ဘာ့တရားခွင်နေ့ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မွတ်စလင်မ် ညီအစ်ကို မောင်နှမတွေကို ပြောချင်တာကတော့ အခြေအမြစ်မရှိတဲ့ ကိစ္စရပ်တစ်ခုကို ပျော်စေပျက်စေ သဘောနှင့် ဟာသလုပ်ပြီး မိမိအီမာန် ယုံကြည်ချက်ကို အစွန်းအထင်း မခံကြပါနဲ့လို့ အသိပေး တိုက်တွန်းလိုက်ပါတယ်။

No comments:
Post a Comment