Tuesday, December 11, 2012

မြန်မာပြည်မှ မုစ်လင်မ်များသည် အကြမ်းဖက်ခံရသူများသာဖြစ်ကြောင်း သုတေသနစာတမ်းငယ်က ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်တင်ပြထား

မြန်မာပြည်မှ မုစ်လင်မ်များသည် အကြမ်းဖက်ခံရသူများသာဖြစ်ကြောင်း သုတေသနစာတမ်းငယ်က ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်တင်ပြထား

ဤစာအုပ်အား မြန်မာဘာသာသို့ ပြန်ဆိုရန်ခွင့်တောင်းခဲ့သော်လည်းမူရင်းရေးသားပြုစုသူ ဒေါက်တာအန်ဒရူးမှ အင်္ဂလိပ်ဘာသာဖြင့်ပင်ယင်းစာတမ်းအားရှိစေလိုသည်ဟုအကြောင်းပြန်လာသောကြောင့် မြန်မာဘာသာ သို့ ပြန်ဆိုနိုင်ခြင်း မရှိပါ။ ယင်းသုတေသနစာတမ်းငယ်သည် သြစတြေးလျနိုင်ငံ၏ အဆင့်မြင့်အဆုံး ကမ္ဘာ့ထိပ်သီးတက္ကသ...ိုလ်ကြီးတစ်ခုဖြစ်သည့် Australian National University ၏ Stratigies and Defence Studies Centre မှ ထုတ်ဝေထားခဲ့သည်။ ယင်းစာတမ်းသည် ၂၀၀၃ ခုနှစ်ကတည်းက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် သုတေသနပြုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာပြည်မှ မုစ်လင်မ်များသည် အကြမ်းဖက်သမားများလော၊ အကြမ်းဖက်ခြင်းခံရသူများလောဆိုသည့် မေးခွန်းအား ခွဲခြမ်းစိတ်ဖြာလေ့လာ သုတေသနပြုခဲ့ခြင်း ဖြစ်သည်။

ယင်းသုတေသနပြုချက်အရ မြန်မာနိုင်ငံရှိ မုစ်လင်မ်များသည် အကြမ်းဖက်သမားများ အလျဉ်းမဟုတ်ကြောင်းနှင့် အကြမ်းဖက်ခြင်း ခံရသူများသာဖြစ်ကြောင်းကို လေ့လာသုံးသပ်တွေ့ရှိထားပေသည်။ မြန်မာနိုင်ငံမှ မုစ်လင်မ်များဟု ဆိုရာဝယ် အထူးသဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတိုင်းရင်းသားများအကြောင်းကို လေ့လာသုတေသနပြုခဲ့ခြင်း ဖြစ်သည်။ လက်လှမ်းမှီသူများ ၀ယ်ယူဖတ်ရှုကြပါရန် တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment