ဓါတ်ပုံ - Press TV |
ဒီဇင်ဘာ (၁) ၊ Tehran ။ ။ အီရန်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ၊
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်
အိုးမဲ့အိမ်မဲ့များအားကူညီရန် တန် ၃၀ ရှိအထောက်အပံ့ပစ္စည်းများကို မကြာမှီ
ပို့ဆောင်တော့မည်ဟုသိရသည်။
အီရန်နိုင်ငံကြက်ခြေနီအသင်း၏ ပြည်သူ့ဆက်ဆံရေးဒါရိုက်တာဖြစ်သူ Pouya Hajian မှ ၁၅ တန် အစား အသောက်နှင့် ၁၅ တန်မှာအခြားသောအထောက်အပံ့ပစ္စည်းများဖြစ်သည်ဟုပြောကြားသည်။
၎င်းက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များကို ၁၉၄၈ ခုနှစ်နောက်ပိုင်းလွတ်လပ်ရသည့်အချိန်နှောင်း ပိုင်းမှစ၍ ဗုဒ္ဓဘာသာအများစုမှ ညှင်းပန်းနှိပ်စက်ခြင်း၊ ဥပက္ခောပြုထားခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများရှိနေ ကြောင်း၊ ရိုဟင်ဂျာမွတ်စလင်များကို မကြာခဏတိုက်ခိုက်ခြင်း၊ အိမ်များမီးရှို့ဖျက်ဆီးခြင်းများရှိနေသည် ဟုပြောကြားသည်။
ယခုအခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ဆေးကုသပေးရန် သြစတြေးလျနှင့်တူရကီနိုင်ငံတို့မှ အဖွဲ့များရောက် ရှိနေပြီဖြစ်သည်။ နိုင်ငံတကာမှယူဆောင်လာသော အထောက်အပံ့ပစ္စည်းများကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ထောက်ပံ့ပေးလျက်ရှိသည်။ ဆေးကုပေးသည့်ဆရာဝန်အဖွဲ့မှလည်း လူမျိုးမရွေး၊ ဘာသာမရွေးကုသပေးလျက်ရှိကြောင်းသိရသည်။
No comments:
Post a Comment