ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်၍မြန်မာ့ရေးရာ (ဂျာမဏီ) Burma Büro
(Deutschland)၏ဦးဆောင်
သတင်းထုတ်ပြန်မှု့အပေါ်ဂျာမဏီရောက်မြန်မာမွတ်စလင်များမှကန့်ကွက်ရှုတ်ချခြင်း
ရက်စွဲ။။၂၀.၁၁.၂၀၁၂ မြန်မာ့ရေးရာ(ဂျာမဏီ)သည်မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်အစိုးရပြုတ်ကျရေးနဲ.လူ. အခွင့်အရေးအတွက်ဂျာမဏီ နိုင်ငံရောက်မြန်မာနိုင်ငံသားများမှဦးဆောင်ပြီးဘာသာမခွဲ၊လူမျိုးမခွဲဘဲပူပေါင်း ပါဝင်ဖွဲ့ စည်းခဲ့သောအဖွဲ့အစည်း ဖြစ်ပါ သည်။ စစ်အာဏာရှင်များမှ ဘာသာလူမျိုးခွဲခြား ဆက်ဆံရန် အ တွက် အစဉ်အမြဲသုံးစွဲ လျက်ရှိသော (ဗမာပြည်ဖွား တိုင်းရင်းသားများ) ဆိုသော စကားလုံး အား မြန် မာ့ရေးရာ (ဂျာမဏီ)မှ စစ်အာဏာရှင်အလိုအတိုင်းရည်ရွယ်ချက်ရှိရှိ သုံးစွဲခြင်း သည် မြန်မာ မွတ် စလင် များတက်ကြွစွာဦးဆောင်ပါဝင်ခဲ့ခြင်းအား ဖျောက်ဖျက်ပြစ်လိုသော ရည်ရွယ်ချက် ရှိနေကြောင်း ထင် ရှားနေပါသည်။ မြန်မာ့နိုင်ငံရေးအတွက် ဘာသာ၊လူမျိုးအား လုံးပူးပေါင်းပါဝင်ပြီး ဂုဏ်သိက္ခာ ရှိရှိ စွမ်း ဆောင်နိုင်ခဲ့သော မြန်မာ့ရေးရာ(ဂျာမဏီ) ၏သမိုင်းအား အကျဉ်းတန်စေမည့်ဤလုပ်ရပ်အား ဂျာမ ဏီရောက်မြန်မာ မွတ်စလင်များမှ ကန့်ကွက်ရှုတ်ချပါသည်။
ရခိုင်ပြည်နယ်အရေးအခင်းသည် စစ်အာဏာရှင်များ၏ထုံးတမ်းစဉ်လာအတိုင်း
နိုင်ငံရေးအကျပ်အတည်း များတွေ့ တိုင်းထွက်ပေါက်ရှာသည့်အနေဖြင့်
ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းများဖန်တီးနေကျအတိုင်း ဖန်တီးလျက်ရှိနေ
သောအရေးအခင်းတစ်ခုဖြစ်ပါသည်။ ဤအရေးအခင်းအတွင်း ရခိုင်ပြည်နယ် အတွင်းနေ
ထိုင်ကြသောမွတ်စလင်များ၏ အသက်၊အိုးအိမ်၊စည်းစိမ်
များအကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရသကဲ့သို့
၊ရခိုင်လူမျိုးများ၏လူ့ဂုဏ်သိက္ခာများ အကြီး အကျယ်ကျဆင်းခဲ့ရပါသည်။
အမှန်တကယ် အမြတ်ထွက် သွားသူမှာ စစ်အစိုးရသာဖြစ်ကြောင်း နှင့်မကြာမှီရခိုင်
ပြည်နယ်အတွင်း စစ်တပ်၏အခန်းကဏ္ဍ ပီပြင်စွာပေါ်
လာမည်ဆိုသည်ကိုနိုင်ငံရေးအမြင်ရှိသူတိုင်း နားလည်သိရှိ နေသောကိစ္စ
တစ်ခုဖြစ်ပါသည်။ ဤကဲ့သို့ အာ ဏာ
ရှင်စစ်အစိုးရ၏လှည့်ကွက်တစ်ခုဖြစ်သောရခိုင်ပြည်နယ်အရေး အခင်းအား မြန်မာ့ရေး
ရာ(ဂျာမဏီ) မှ မီးလောင်ရာလေပင့် ဆိုသကဲ့သို့ ဘက်တစ်ဘက်မှရပ်ပြီး
တခြားတဘက်အား ဂုဏ်သိက္ခာမဲ့သော စကား
လုံးများသုံးစွဲကာတဖက်သတ်ဝေဖန်ပြောဆိုနေခြင်းသည်ဒီမိုကရေစီနိုင်ငံကြီးတစ်ခုအတွင်းဖွဲ့စည်းထားသော
အဖွဲ.အစည်းတစ်ခု၏မလုပ်သင့်၊မလုပ်အပ်သောဂုဏ်သိက္ခာမဲ့သောလုပ်ရပ်
ဖြစ်ကြောင်းအ သိပေးထောက် ပြအပ်ပါသည်။ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ
်သက်ပြီးမြန်မာ့ရေး ရာ(ဂျာမဏီ)၏ တဖက်သက်ရပ်တည် ချက်သည်
ပြသနာအားပြေလည်သွားစေချင်သောရည်ရွယ်ချက်များမပါ ၀င်ဘဲ၊ ပြသနာပိုမိုကြီး
ထွား လာအောင် သွေးထိုးလှုံ့ဆော်ပေးသောသဘောသက်ရောက်နေပါသည်။ မြန်မာ့ရေး
ရာ(ဂျာမဏီ) ၏တ ချို့သော သဘောထား များသည်
ရခိုင်လူမျိုးအားလုံးအားကိုယ်စားမပြုသော (ရခိုင်အစွန်းရောက်) တစ်စု၏
သဘောထားများနှင့်ထပ်တူဖြစ်နေ သည်ကို အံ့သြစွာတွေ့နေရပါသည်။
၎င်းသေးသိမ်ယုတ်ညံ့သောအစွန်းရောက်သဘောထားများသည်(ဆိတ်ခေါင်းတွဲပြီးခွေးသားရောင်းနေသော)
သဘောထားများသာဖြစ်ကြောင်းမိမိတို့အနေနှင့်ယုံကြည်လက်ခံထားပါသည်။ဘာသာ၊လူမျိုး၊အသားအရောင်
၊ကျားမ၊နေရာဒေသ၊ခွဲခြားပြီး
ပြောဆို၊ရေးသားမှု့ကိုမိမိတို့အနေဖြင့်လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်းပြော
ကြား လိုပါသည်။ ထိုကဲ့သို့ပြောဆိုရေးသားခြင်းသည် ဂျာမဏီနိုင်ငံ၏ဖွဲ.စည်းပုံ
အခြေခံဥပဒေပါ လူသား တိုင်းစောင့်ထိမ်းရမည့် ကျင့်ဝတ်
နှင့်တိုက်ရိုက်ဆန့်ကျင်နေပါသဖြင့် တရားဝင်အဖွဲ.အစည်းတစ်ခု အနေဖြင့်
ဤနိုင်ငံ၏အခြေခံဥပဒေ အပေါ်လေးစား လိုက်နာသင့်ကြောင်းအကြံပြုအပ်ပါသည်။
ရခိုင်ပြည်နယ်အရေးအခင်းသည် မြန်မာ့ရေးရာ(ဂျာမဏီ)မှစွပ်စွဲသကဲ့သို တရားမ၀င်ခိုးဝင်နယ်ချဲ့သော၊ မွတ်စလင် ပြည်နယ်ခွဲထွက်ရန်ကြိုးစားနေသောပြသနာလုံးဝမဟုတ်ကြောင်းမြန်မာမွတ်စလင်များအနေဖြင့်အ ခိုင်အမာယုံကြည် ထားပါသည်။ ထိုကဲ့သို့ယုံကြည်နိုင်ရန်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ ရှာဖွေ တွေ့ရှိ ထားသော အထောက် အထားပေါင်းများစွာလဲရှိနေပါသည်။ ဤအရေးအခင်းသည် စစ်အာ ဏာရှင် များ မှကြိုး ကိုင်ပြီးရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင် များအပေါ်စနစ်တကျ လူမျိုးရေးသုတ်သင် ရန်ကြို တင်ကြံစည်ထားမှု့အား(ရခိုင်ပြည်နယ် အတွင်းနေထိုင်ကြသောရခိုင်လူမျိုးအများစုလက်မခံသော) ရခိုင် အစွန်းရောက် တစ်စုနှင့် ပူးပေါင်းပြီးအကောင်အထည်ဖေါ်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ တွင်သက်သေအထောက်အထားခိုင်လုံစွာရရှိထားပြီးဖြစ်ပါသည်။ မိမိတို. အနေဖြင့်အကြံပြုလို သည် မှာ မြန်မာ့ရေးရာ (ဂျာမဏီ) အနေဖြင့် တဖက်သတ်ဘက် လိုက်စွပ်စွဲပြော ဆိုနေမည့် အစား ဂုဏ်သိက္ခာ ရှိစွာ သတင်းအချက်အလက်များအား ဘက်မလိုက်ဘဲ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်ပြီးမှ သတင်း ထုတ်ပြန်သင့်ပါသည်။ သို့မဟုတ်ပါက နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အဖွဲ့အစည်း၏ဂုဏ်သိက္ခာ ထိခိုက်ကျ ဆင်းနိုင်ပါသည်။
မြန်မာ့ရေးရာ(ဂျာမဏီ) မှရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော် မရှင် အား ၀င်ရောက်စစ်ဆေးရန် တောင်ဆိုထားမှု့အပေါ် ဂျာမဏီရောက်မြန်မာမွတ် စလင်များမှလှိုက် လှဲစွာကြိုဆိုပါသည်။ မိမိတို့အနေဖြင့်လည်းဤတောင်းဆိုချက်အားထပ်ဆင့်တောင်းဆိုအပ်ပါသည်။ အဖြေ မ ထွက်သော စစ်အစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များအပေါ်မိမိတို့အနေဖြင့်ယုံကြည်မှု့မရှိပါ။ ကုလ သမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည်သာ အဖြစ်မှန်ပေါ်ပေါက်နိုင်ရန် စုံစမ်းစစ်ဆေးဖေါ် ထုတ်ပေးနိုင်သော၊ ယုံကြည် စိတ်ချရသော တစ်ခုတည်းသောအဖွဲ့ အစည်း ဖြစ်ကြောင်း၊ မြန်မာမွတ်စလင် များ အနေဖြင့် အကြွင်းမဲ့ယုံကြည်ပါသည်။ ရခိုင်ပြည်နယ်အရေး အခင်းနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်း ထုတ်ပြန်မှုများတွင်ဘက်လိုက်မှု့များ၊သွေးထိုးလှုံ့ဆော်မှု.များ၊သတင်းအမှားများပါဝင်နေ ကြောင်းရှင်းလင်းစွာ သိနေမြင်နေရပါသည်။ ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သက်ပြီး ကမ္ဘာကျော် သတင်းလိမ်လည်မှု့ ကြီးအား သမ္မတရုံးမှ ဗိုလ်မှူးဇော်ဌေး(မှူးဇော်)ကိုယ်တိုင်ကျူးလွန်ထားကြောင်းပေါ်လွင်နေပါသည်။ ဤကဲ့ သို့သွေးထိုးလှုံ့ဆော်မှု့များရောထွေးနေသောသတင်းမှားများ၊ရှုပ်ထွေးနေသောရခိုင်ပြည်နယ်၏သမိုင်း ဆိုင် ရာ များအပေါ် အခြေခံပြီး၊တဖက်သတ်စွပ်စွဲပြောဆိုနေခြင်း သည်ပြသနာအားစေတနာ အပြည့်ဖြင့်ဖြေ ရှင်း ရန် နည်းလမ်းမှန်းမဟုတ်ကြောင်း ထောက်ပြလိုသည်။ ကုလသမဂ္ဂနှင့်နိုင်ငံ တကာအဖွဲ့ အစည်းများမှ ပူးပေါင်းပါဝင်ဖြေရှင်းမှသာပြေလည်မည်ဖြစ်သော ကြောင့်မြန် မာ့ရေးရာ(ဂျာမဏီ) အနေဖြင့် ဤအ ချက် အားတစိုက်မတ်မတ်တောင်းဆိုသင့်ကြောင်းမြန်မာမွတ်စလင်များအနေဖြင့်အလေးအနက်တိုက်တွန်းအပ်ပါ သည်။ တဖက်သတ်စွပ်စွဲပြောဆိုမှု့များ၊ဘာသာရေးလူမျိုးရေးခွဲခြားသော စကားလုံးများ သုံးစွဲပြောဆိုမှု့ များသည် သိက္ခာမဲ့သောလုပ်ရပ်များဖြစ်ပြီး၊ ဂျာမဏီနိုင်ငံအတွင်းတရားဝင်ဖွဲ့စည်း ထားသောအဖွဲ့အစည်း တစ်ခုအနေဖြင့်ဂျာမဏီနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေပါစည်းမျဉ်း၊စည်းကမ်းများအားလည်းချိုးဖေါက်နေ ကြောင်းပေါ် လွင်နေသည်။ ၎င်းပြင်ဂျာမဏီနိုင်ငံ ဥပဒေအရတရားဝင် အသိအမှတ်ပြုဖွဲ့စည်း ထားသော အဖွဲ့ အစည်း များမဟုတ်ဘဲ ဂျာမန်ဥပဒေအားလက်တစ်လုံးခြားလှည့်ပြီး တရားဝင် အဖွဲ့အစည်းဖြစ် သယောင် လိမ် လည် ပြီး ပြောဆိုလှုပ်ရှားနေသော လူမျိုးစုအဖွဲ့များအား မိမိတို့ဂျာမဏီရောက်မြန်မာ မွတ်စ လင်များ အနေဖြင့် အသိပေးလို သည်မှာဂျာမဏီနိုင်ငံ သည်လူ့အခွင့် အရေးနှင့်တရား ဥပဒေစိုးမိုးရေး ကိုအပြည့် အ၀ အာ မခံထားသောနိုင်ငံဖြစ် သည်။ “ အခွင့်အရေးနှင့် တာဝန်”အား အလေးအနက် ထားရန်လိုအပ်ပါ သည်။ လူ့အခွင့်အရေးအပြည့်အ၀ရှိသောဂျာမ ဏီနိုင်ငံတွင်မိမိတို့ (လူမျိုးစုအဖွဲ့များ) ကိုယ်တိုင် လူ့အခွင့် အရေးကိုအပြည်အ၀ခံစားနေရပြီး၊မိမိနှင့်မတူသော တခြားလူ့အဖွဲ့ အစည်းများအား ဥပဒေ အလေးမထား ဘဲလူ့အခွင့်အရေးချိုးဖေါက်သောအပြောအဆို၊အပြုအမူ၊ အ ရေးအသားများ အားဆက်လက်ပြီး ဥပဒေ မဲ့ပြုလုပ်နေ ပါက၊၎င်းအပြစ် ကျူးလွန်သောအဖွဲ့ အစည်းအားသော် လည်း ကောင်၊ လူပုဂ္ဂိုလ် အားသော် လည်းကောင်း၊ ဂျာမဏီနိုင်ငံရောက်မြန်မာ မွတ်စလင်များမှ ဂျာမဏီနိုင်ငံ၏တည်ဆဲတရားဥပဒေများအရသက် ဆိုင်ရာမှတဆင့် အရေးယူသွား မည်ဖြစ်ကြောင်းလေး နက်ပြတ်သားစွာအသိပေးအပ်ပါသည်။
ဂျာမဏီနိုင်ငံရောက်မြန်မာမွတ်စလင်များ

No comments:
Post a Comment