Sunday, November 25, 2012

လွတ်လပ်သော အာရှ အသံ မှ ထုတ်လွှင်သော သတင်းအပေါ် အေအာရ်အန်အို မှ ကန့်ကွက်ရှုတ်ချ

အာရ်ကာန် ရိုဟင်ဂျာ အမျိုးသား အဖွဲ့ချုပ်
အာရ်ကာန်၊ မြန်မာပြည်
၂၀၁၂ ခုနှစ်၊ နိုဝင်ဘောလ ၂၄ ရက်

လွတ်လပ်သော အာရှ အသံ မှ ထုတ်လွှင်သော သတင်းအပေါ် အေအာရ်အန်အို မှ ကန့်ကွက်ရှုတ်ချ

နိုဝင်ဘာ ၂၁ ရက်နေ့ လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီစဉ်မှ ထုတ်လွှင်သောသတင်း “မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် နေ့ချင်းပြန်သွားလာမှု တင်းကြပ်လိုက်ပြီ” ခေါင်းစဉ်အောက်တွင် “မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ၀န်ထမ်း ၃ ဦးကို အာရ်ကန် ရိုဟင်ဂျာ အမျိုးသား အစည်းအရုံး ARNO က ဖမ်းဆီး ထားတယ်လို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ တက္က နက် မြို့ တို့ အကြား နေ့ချင်းပြန်သွားလာမှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စပြီး မြန်မာဘက်ရှိ နယ်စပ် အ၀င် အ ထွက်ရုံး ကို အကန့်အသတ်မရှိ ပိတ်ဆို့ လိုက်တယ် လို့ သိရပါတယ်။” ဆိုသည့် ကို အေအာရ်အန်အို အနေဖြင့် ပြင်းပြင်းတန်တန် ရှုတ်ချ ကန့်ကွက် သည်။

မြန်မာအစိုးရ GE စစ်အင်ဂျင်နီယာတပ် ၀န်ထမ်း ၃ ဦးကို ဖမ်းဆီးထားသည့် ဆိုရာတွင် အေအာရ်အန်အို အနေ့ဖြင့် တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ပတ်သက်မှုမရှိပါ။ အေအာရ်အန်အို ၏ ဂုဏ်သိက္ခ ကျဆင်းစေရန် နိုင်ငံရေးအရလံကြုပ်လုပ်ဇာတ်ခင်းပြီးထုတ်လွှင်သည့်သတင်းဖြစ်သည့်အတွက် ပြင်းပြင်းတန် တန်ကန့်ကွက်သည့်အပြင်လွတ်လပ်သောအာရှအသံအနေဖြင့်သက်သေအထောက် အထားများပြသပါရန် တောင်းဆိုသည်။

ထို့ပြင် အေအာရ်အန်အိုသည် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်တွင်ရပ်တည်သော နိုင်ငံရေးအဖွဲ့အစည်းတခု   ဖြစ်ကြောင်း၊ရိုဟင်ဂျာများ ပြဿနာကို နိုင်ငံတကာပူးပေါင်းမှုဖြင့် ငြိမ်းချမ်းစွာဆောင်ရွက် နိုင်မည်ဟု ယုံ ကြည်သည်။

အပြည့်အစုံ သိရှိရန် နှင့် ဆက်သွယ်ရန်။
နူရ်အီစ္စလာမ် ဖုံး ။ + ၄၄ ၇၉၄၇၈၅၄၆၅၂

No comments:

Post a Comment