လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို
အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပြစ်တင်ဝေဖန်လိုက်ပါတယ်။
မုံရွာမြို့ဇက်ဆိပ်သောင်ပြင်မှာ
ဒေသခံတွေကို ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က
ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ရှင်းလင်းချက် ထုတ်ပြန်ဖို့
လိုအပ်သလို ဆန္ဒပြသူတွေအနေနဲ့လည်း နိုင်ငံဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့
စေ့စပ်ကျေအေးကြဖို့ တိုက်တွန်းသွားပါတယ်။
သူ့အနေနဲ့ အကြမ်းဖက်ဖြိုခွဲရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တွေ့ဆုံခဲ့သလို
ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ မကုန်မီ ကော်မရှင်တစ်ရပ်
ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်းနဲ့ ကျေးရွာ ၄ ခုက ဒေသခံတွေရဲ့ လုံခြုံရေးကိုလည်း အာမခံကြောင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှုတွေအတွက်
စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး သံဃာတော်တွေကို တောင်းပန်ဖို့လိုအပ်တယ်လို့
နေ့လည်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။ လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ
ကျေးရွာတစ်ခုစီက ကိုယ်စားလှယ် ၃ ဦးစီ ထည့်သွင်းဖွဲ့စည်းမှာဖြစ်ကြောင်းလည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံတွေအတွက် ဘယ်လိုထိခိုက်မှုရှိနိုင်တယ်ဆိုတာ
စီမံကိန်းလည်ပတ်ပြီး စုံစမ်းစစ်ဆေးရမှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့
အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လ ည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြသူတွေကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
မုံရွာမြို့ဇက်ဆိပ်သောင်ပြင်မှာ
သူ့အနေနဲ့ အကြမ်းဖက်ဖြိုခွဲရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တွေ့ဆုံခဲ့သလို ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ မကုန်မီ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်းန
ဒါ့အပြင် အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး သံဃာတော်တွေကို တောင်းပန်ဖို့လိုအပ်တယ်လို့ နေ့လည်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လက်ပန်းတောင်းအရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ကျေးရွာတစ်ခုစီက ကိုယ်စားလှယ် ၃ ဦးစီ ထည့်သွင်းဖွဲ့စည်းမှာဖြစ်ကြောင်
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံတွေအတွက် ဘယ်လိုထိခိုက်မှုရှိနိုင်တယ်ဆိုတ
No comments:
Post a Comment