Confrence on Political
reforms and peace process at
Chatrium Hotel 13 October 2012
9:00 am to
5:00 pm
ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်၍ Contending approaches to
communal violence in Rakhine state
Process and consequence ကိုအဓိကဆွေးနွေးသည်။
ယင်းသို့ဆွေးနွေးရာတွင် ရိုဟင်ဂျာများသည်ရခိုင်ပြည်နယ်၏
ethnics ဖြစ်ခြင်း မဖြစ်ခြင်းနှင့်စပ်လျဉ်း ၍အငြင်းပွားလျက်ရှိနေပြီး အမှန်တကယ် ရိုဟင်ဂျာ၏ ရခိုင်ပြည်နယ် အတွင်း အခြေချနေထိုင်မှု
သည် နှစ် နှစ်ရာ ၀န်းကျင် ရှိနေပြီ ဖြစ်သဖြင့် နိုင်ငံသား ဖြစ်သင့်ကြောင်းကို နိုင်ငံတကာပညာရှင်
အများစုက တင်ပြဆွေးနွေးကြောင်းသိရှိရသည်။
အဆိုပါဆွေးနွေးပွဲ များတွင် NDPD ပါတီမှ ဦးသာအေး
(ခ) Abu Taher (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ နိုင်ငံရေးရာနှင့်ဖွံ့ဖြိုးတိုးတက်ရေးသုတေသနမှူး)
ကရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်၏ Ethnics group
ဖြစ်ကြောင်း သမိုင်းကြောင်း နှင့် ဥပဒေကြောင်း တို့ အရတင်ပြဆွေးနွေးသွားသည်။
၎င်းက ရိုဟင်ဂျာ သည်နိုင်ငံရေးအရ ဖန်တီးထားခြင်း မဟုတ်ဘဲ သမိုင်းကြောင်းအရ လူမျိုးစုနာမည်ဖြစ်ကြောင်းကို
လည်းတင်ပြသွားသည်။၎င်းအပြင် ၁၄၉၅ မှ ၁၆၆၆ ထိရခိုင်ပြည်
နှင့် ဘင်္ဂလားနယ်တို့ကို ရခိုင် ဘုရင် နှင့် မှုဆလင် ဘုရင်တို့က တလှည့်စီ အုပ်ချုပ်ခဲ့သည့်
အတွက် နိုင်ငံ တနိုင်ငံတည်းသာ ဖြစ်နေ ၍ တရားမ၀င် ခိုးဝင်လာသည်ဟု
ဆိုခြင်းမှာ အဓိပါယ် မရှိဟုထောက်ပြ ဆွေးနွေးသွားသည်။
ထိုပြင်လူဦးရေ ပေါင်းပွါး မှု မရှိကြောင်းကိုလည်း ၁၈၂၆ ခုနှစ် သန်းခေါင်းစာရင်းအရ ထောက်ပြ ဆွေးနွေးသွားသည်။ ၄င်းပြင် လူမှု စီးပွား ဘ၀အရ လူဦးရေ တိုးပွား လျင်လည်း ယနေ့ ရိုဟင်ဂျာ လူမျိုးများမှာ ၄၇ သိန်း ရှိရမည် ဖြစ်ပြီး လက်တွေ့ တွင် ပြည်တွင်း၌ ၁၂ သိန်း ခန့် သာရှိ၍ ခိုးဝင် လာတာမဟုတ်ကြောင်းနှင့် နိုင်ငံတွင်းမှ ပြည်ပနိုင်ငံ များသို့ ထွက်ပြေး သွားသည်ကိုသာ တွေ့ရ ကြောင်း ထောက်ပြ ဆွေးနွေးသွားသည်။
No comments:
Post a Comment