Suu ။ ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျမ တို့ ရောက်နေပြီ ဆိုပြီးလူတွေက အလွယ် တကူ လက်ခံထင်မှတ်နေတယ်လို့ ကျမ ထင် ပါ တယ် ။
ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းဟာ
အရှိန်အဟုန်နဲ့ ဖြစ်နေပြီဆိုပြီးတော့ပေါ့လေ.....။
တကယ်တော့ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး ။
အခြေခံဥပဒေကို ဖတ်ကြည့်သူတိုင်း ကျမတို့ဘာကြောင့် ဒီလို အခြေခံဥပဒေနဲ့ စစ်မှန်တဲ့

ဒီမိုကရေစီလူ့အဖွဲ့အစည်း ဖြစ်မလာနိုင်သလဲ ဆိုတာနားလည်နိုင်ပါလိမ့်မယ် ။
Mishal Husain
လွန်ခဲ့တဲ့နှစ်တွေမှာ မြင်ခဲ့ရတဲ့ အပြုသဘောပြောင်းလဲတိုးတက်မှုတွေကြားထဲမှာ
သိပ်ပြီး စိတ် မချမ်းသာ စရာကောင်း လှ ၊ မလွယ်လှတဲ့ အဖြစ်တွေကလည်း ရှိနေတယ်နော် ။

အထူးသဖြင့် မြန်မာမွတ်ဆလင်တွေကို ဦးတည်ထားတဲ့ အကြမ်းဖက်ပဋိပက္ခတွေပေါ့ ။
အဲဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။တချို့က ဒါကို မျိုးတုန်းသတ်ဖြတ်နေမှု
( ethnic cleansing ) လို့ ပြောနေကြတယ် ။
Suu
မဟုတ်ပါဘူး ။ မျိုးတုန်းသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူး ။
ဒါက ပြသာနာအသစ်တစ်ခုဆိုပါတော့....၊
ဒါပေမယ့် ပြသာနာအဟောင်းနဲ့လည်း ပတ်သက်နေပါတယ် ။ဒီနေရာမှာ ကျမ သိစေချင်တာက မြန်မာ့

လူဘောင်အဖွဲ့အစည်းထဲမှာ
သဟဇာတဖြစ်ဖြစ် ပေါင်းစည်းနေထိုင်နေကြတဲ့ သဘောထားမျှတတဲ့
မွတ်ဆလင်တွေ အများကြီး ရှိတယ် ဆိုတာပါဘဲ ။
ဒီပြသာနာတွေဟာ မနှစ်က စပေါ်လာတာပါ ။
ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း နှစ်ဖက်စလုံးမှာစိုးရွံ့ထိတ်လန့်မှုတွေ ရှိနေလို့ လို့ ထင်ပါတယ် ။ဒီစိုးရွံထိတ်

လန့်မှုတွေဟာ မွတ်ဆလင်တွေဘက်မှ မဟုတ်ပါဘူး ..........
မြန်မာတွေဘက်ကလည်း ရှိနေတယ် ဆိုတာကိုအားလုံးသဘောပေါက်နားလည်ဖို့ လိုပါတယ် ။
Mishal Husain
ဓါးစာခံအများစုဟာ မွတ်ဆလင်တွေဆိုတာကို ဒေါ်စု လက်ခံပါသလား ။မွတ်ဆလင်တွေကို စနစ်တကျ ဦးတည်

တိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတာ
အထောက်အထားလည်း ရှိနေပါတယ် ။
Suu
ဟုတ်ပါတယ် ။ မွတ်ဆလင်တွေကို ရည်ရွယ်ပြီးလုပ်တာတွေ ရှိခဲ့ပါတယ် ။ဒါပေမယ့် အကြမ်းဖက်မှုကို

ဗုဒ္ဓဘာသာဝင်တွေလည်း ရင်ဆိုင်ခံစားခဲ့ရတာပါဘဲ ။နှစ်ဖက်စလုံးမှာ ကြောက်ရွံမှုတွေ ရှိနေတယ် ။
ဒါကဘဲ ဒီပြသာနာတွေကို ဦးတည်ဖြစ်စေခဲ့တာပါ ။အားလုံးကို ကျမနားလည်စေချင်တာက ဗုဒ္ဓဘာသာဝင်တွေ

ရဲ့ တုန့်ပြန်ခြင်းတွေကလည်း
ကြောက်ရွံ စိုးထိတ်မှုကိုအခြေခံတယ် ဆိုတာပါဘဲ ။တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မွတ်ဆလင် အင်အား

( global Muslim power )
သိပ်ကြီးမှန်း လူတိုင်း သိနေကြတယ် ဆိုတာ ကျမတို့အားလုံးလက်ခံကြမှာပါ ။ကမ္ဘာ့နေရာတော်တော်များများ

မှာ ဒီအင်အားကို သိမြင်ကြသလို
ကျမတို့နိုင်ငံမှာလည်း သိမြင်ကြပါတယ် ။
ဒီလိုကြောက်လန့်မှုတွေ ရှိနေတော့....။
Mishal Husain
နှစ်ဖက်စလုံးမှာ ကြောက်လန့်မှုတွေ ရှိတယ် ဆိုရင်တောင်မှ ခံစားရတဲ့အတိုင်းအတာ
ပဏာမချင်း မညီဘူး ဆိုတာကို ဒေါ်စု လက်ခံမလား ။
မြန်မာမွတ်ဆလင် တစ်သိန်းလေးသောင်းလောက် အိုးအိမ်တွေ စွန့်ပြီး
ဒုက္ခသည်စခန်းတွေမှာ သွားနေကြရတယ်လေ ။သူတို့က ဒီတိုက်ခိုက်အကြမ်းဖက်မှုတွေရဲ့

အဆိုးဆုံးဒုက္ခတွေကို ခါးစည်းခံ
ရသူတွေပါ ။
Suu
ဗုဒ္ဓဘာသာတွေအများကြီးလည်း မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့်
ထွက်ခွာသွားခဲ့ကြရတာပါဘဲ ဒုက္ခသည်စခန်းတွေမှာ အကြောင်းမျိုးစုံနဲ့ ရောက်နေတဲ့ ဗုဒ္ဓဘာသာတွေလည်း အများကြီးပါ ။အများစုဟာ

ထိုင်းမှာပါ ။ ကမ္ဘာအနှံ့မှာလည်း ပြန့်နေတာပါဘဲ ။ဒါက အာဏာရှင်အစိုးရလက်အောက်မှာ ကျမတို့
ခံစားခဲ့ရတဲ့ ဒုက္ခတွေရဲ့ ရလာဘ်ပါ ။အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေရင် လူတွေဟာ
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တတ်ကြတော့
ပါဘူး အာဏာရှင်အစိုးရတစ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်ကို တစ်ယောက်
မယုံကြည်မှုကိုမွေးဖွားစေပါတယ် ။
Mishal Husain
ဒါပေမယ့် လူတိုင်း သူတို့ လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ် မဟုတ်လား ။
Suu
ဒါပေါ့။တရားမျှတအောင် တာဝန်ယူဖြေရှင်းပေးမှုတွေ ရှိအောင်
အစိုးရက ကြပ်မတ်လုပ်ဆောင်ပေးရပါမယ် ။

ဒါပေမယ့် လူတွေ ကိုယ့်လုပ်ရပ် အပေါ်တာဝန်ယူမှု ရှိအောင်တော့
အစိုးရက မဆောင်ရွက်ပေးဘူးနော် အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူလေ ။ အရင် သူက ထောင်ကျနေခဲ့တာ..... ၊နောက်တော့

သူ့ကို လွှတ်ပေးလိုက်ကြတယ် ။အခုကျတော့ သူက ပြည်သူတွေထဲမှာ သိပ်ကို လွှမ်းမိုးပြီး ပေါ်ပြူလာ
ဖြစ်နေတယ် ။
ပြီးတော့ လူမျိုး ဘာသာနဲ့ ယုံကြည်မှု မတူသူတွေကို ခွဲခြားခြိမ်းခြောက်တဲ့
hate speech တွေ ဟောနေတယ်.....
မွတ်ဆလင်တွေကို ခွေးတွေလို့ ပြောတာမျိုး ၊မြန်မာအမျိုးသမီးတွေကို မွတ်ဆလင်တွေက ခိုးနေပါတယ်

ဆိုပြီး
အပြစ်တင်နေတာမျိုးတွေပေါ့ ။
အဲဒီလို hate speech မျိုးကို ဒေါ်စုအနေနဲ့ ရှုတ်ချသလား ။
Suu
ကျမက အမုန်းနဲ့ပတ်သက်ရင် ဘယ်လို အမုန်းမျိုးကို မဆို ရှုတ်ချပါတယ် ။ရှင်ပြောသလို အစိုးရက ဒီကိစ္စမှာ

တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ။ကျမအနေနဲ့ ရှင်တို့ကို တိုက်တွန်းချင်
တာက အစိုးရကို မေးခွန်းထုတ်ကြဖို့ပါဘဲ.....
သူတို့ရဲ့ ပေါ်လစီတွေဟာ ဘာလဲ ၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်စေဖို့
ဘာတွေလုပ်ဖို့ ကြိုးစားနေသလဲ ၊ဘာတွေရော လုပ်နေသလဲ ၊ မလုပ်ဘူးလဲ စသည်ဖြင့်ပါ ။
ကျမတို့အစကတည်း ပြောခဲ့ပါတယ် ။တရားဥပဒေစိုးမိုးမှုဟာ မရှိမဖြစ်ပါဘဲ ။ဘာလို့လည်းဆိုတော့

မတူညီမှုတွေကို အတူတကွ အဖြေရှာဖို့ မလုပ်နိုင်ခင်
အားလုံးစိတ်ထဲမှာ စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။သူတို့စိတ်ထဲမှာ အိပ်နေတုန်းအသတ်ခံရမယ်

လို့ ခံစားနေရရင် သဟဇာတဖြစ်မှုတို့ ၊တစ်ယောက်ကိုတစ်ယောက် နားလည်လာအောင် ကြိုးစားဖို့
ဆိုတာတွေကိုလည်း
ဆွေးနွေးကြတော့မှာ မဟုတ်ပါဘူး ။
ဒီတော့ ကျမပြောချင်တာက အတိုက်အခိုက်ပါတီဝင်တွေဖြစ်တဲ့
ကျမတို့ကို ဘယ်လို ခံစားနေရသလဲ ၊ဘာတွေလုပ်ဖို့ရှိလဲ မေးနေမယ့်အစား အစိုးရကို မေးဖို့ တိုက်တွန်း

ပါရစေ ။ဘာလို့လည်းဆိုတော့ ကျမတို့အနေနဲ့ အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတွေကို
လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး ။ ရှင်တို့အနေနဲ့ လက်ရှိအစိုးရကို သူတို့ ပေါ်လစီတွေဟာ

ဘာတွေလဲ ၊သူတို့အနေနဲ့ ဒီပြသာနာကို ဘယ်လို ဖြေရှင်းကိုင်တွယ်နေသလဲ ၊သူတို့ ဘယ်လို
ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ရှိသလဲဆိုတာ မေးသင့်ပါတယ် ။
Mishal Husain
ပုဂ္ဂိုလ်ရေးမေးခွန်းမေးရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဘယ်အရာတွေကများ
လိုက်လျောညီထွေနေဖို့ ခက်ခဲခဲ့သလဲ ။
ဒေါ်စုရဲ့ ဘ၀က အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ ။
Suu
ပွင့်ပွင့်လင်းလင်းပြောရရင် ထူးထူးခြားခြားတစ်ခုခုကို လိုက်လျောညီထွေအောင်
နေနေရတယ်လို့ မထင်ပါဘူး ။ အခြေအနေတွေကတော့ အသစ်တွေပေါ့လေ......
ဒါပေမယ့် ကျမ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက အခြေ

အနေတွေ ထက် ပိုပြီး ထူးခြားနေတယ်လို့တော့ မဟုတ်ပါဘူး ။
Mishal Husain
ဒါပေမယ့် ဟိုတစ်စ ဒီတစ်စ ဖြစ်နေတဲ့ မိသားစုဆက်ဆံရေးတွေ ၊သူငယ်ချင်းမိတ်ဆွေနဲ့ ဆက်ဆံရေးတွေ

ကို
အခုပြန်ပြီး ရတာ ......
အကြာကြီး ဖြတ်တောက်ခံခဲ့ရတဲ့အဆက်အသွယ်တွေကို အခုမှ ပြန်ရတာတွေကရော......။
Suu
မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ပြီး အဆက်အဆံလုပ်လို့ရပါတယ် ။သိပ်ပြီး

မစစ်မှန်တဲ့
သူငယ်ချင်းမိတ်ဆွေဆိုတာကတော့ ကျမနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင်
အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဟိုးအရင်ကတည်း လမ်းခွဲခဲ့ကုန်ကြပါပြီ ။ ပြန်လာတဲ့ လူတွေ လည်း တခါ

တလေတော့ ရှိပါတယ် ။
ဒီလိုဆိုလည်း ကျမကတော့ လက်ခံတာပါဘဲ ........
လူတွေကို တချိန်လုံး ကိုယ်ယုံကြည်ရာကို ပြောဆိုရဲဖို့၊သတ္တိရှိနေဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာ ကျမ

လက်ခံပါတယ် ။
အင်တာဗျူးဗီဒီယို https://www.youtube.com/watch?v=CIF_fTYCy4o
www.newmoekaungkin.blogspot.com