မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ အိုအိုင်စီခေါ်
အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ရဲ့
အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အိုအိုင်စီ ရုံးဖွင့်ပြီး
အစိုးရနဲ့ပူးပေါင်းကာ အကူအညီပေး ချင်ကြောင်း ဒီကနေ့ နေပြည်တော်မှာ
လွှတ်တော်ကိုယ်စား လှယ်တွေ နဲ့ တွေ့ ဆုံပြောကြားခဲ့တယ်လို့ သိရပါတယ်။
အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ဟာ လွှတ်တော်ဝင်းအတွင်းက I ဆောင်မှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ အပါအ၀င် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပါတယ်။
“အိုအိုင်စီ ဒီမှာ လာဖွင့်ချင်တဲ့ဆန္ဒရှိတယ်၊ ဖွင့်ချင်တဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စေ တွ၊ ဆုံးရှူံးနေတဲ့ အဆောက်အအုံတွေ၊ လိုအပ်တဲ့ဟာတွေကို သူတို့က ငွေအင်အားနဲ့ ဖြည့်ပေးမယ် ဆိုတဲ့သဘော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့
ပူးပေါင်းလုပ်ဆောင်ဖို့ လိုလားပါတယ်၊ ဒါပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလည်း
သိရှိဖို့လိုပါတယ်၊ အဲဒါကြောင့် ဒီအဆုံးအဖြတ်ကိုတော့ အစိုးရဘက်ကရော
ပြည်သူတွေကရော ဆုံးဖြတ်ကြပါလိမ့်မယ်”
အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံ မရောက်လာခင်ကတည်းက ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ အိုအိုင်စီအဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ စစ်တွေနဲ့ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ဟာ လွှတ်တော်ဝင်းအတွင်းက I ဆောင်မှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ အပါအ၀င် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပါတယ်။
“အိုအိုင်စီ ဒီမှာ လာဖွင့်ချင်တဲ့ဆန္ဒရှိတယ်၊ ဖွင့်ချင်တဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စေ
အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံ မရောက်လာခင်ကတည်းက ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ အိုအိုင်စီအဖွဲ့ဟာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ စစ်တွေနဲ့ မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment