Thursday, October 31, 2013

အခြေခံဥပဒေပြင်ဆင်ရေးဆွဲရန် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုတွင် ပြည်သူရာခိုင်နှုန်း ၉၀ ကျော်က ဆန္ဒပြုဟု NLD ဆို

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင် ရေးဆွဲရန် တိုင်းဒေသကြီးနှင့် ပြည်နယ်၁၂ခုတွင် ပြည်သူ ရာခိုင် နှုန်း၉ဝကျော် ခန့်က ဆန္ဒပြုခဲ့ ကြကြောင်း အမျိုးသားဒီမိုကရေ စီပါတီအဖွဲ့ချုပ် ပြန်ကြားေ ရး အဖွဲ့မှ သိရသည်။

လက်ရှိတွင် ပြည်နယ်ငါး ခုနှင့် တိုင်းဒေသကြီးခုနစ်ခုမှ ပြည်သူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေးနှင့်အသစ် ပြန်ရေးဆွဲခြင်းကိစ္စအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သဘောထားကောက်ယူရာတွင် ယင်းကဲ့သို့အကြမ်းဖျင်းအားဖြင့် ပြည်သူများကဆန္ဒပြုခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် တိုင်း ဒေသကြီး များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနှင့်ပြည်နယ် များဖြစ် ကြသည့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းစသည့်ပြည်နယ်တို့တွင် ပြည် သူများ၏ ဆန္ဒသဘောထားများ ကြားသိခဲ့ရကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဗဟိုအလုပ်မှုဆောင်ဦးဉာဏ်ဝင်းက''အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒီချုပ်က ပြည်သူလူထုတွေကို နားလည် အောင် ရှင်းပြဖို့အစကတည်း က ပြင်ဆင်ထားတာ ရှိတယ်။ပြည်သူတွေထဲမှာ ပြင်ဆင်ဖို့ထက် အစအဆုံး ပြန်ရေးစေချင်တဲ့သူ တွေ ရှိပါတယ်။ အဲဒီအတွက် အစ အဆုံးပြန်ပြင်ရင် ရလာမဲ့ အကျိုး အပြစ်၊ ပြန်ပြင်ဆင်ရေးဆွဲရင် ရလာမဲ့ အကျိုးအပြစ်တွေကို ရှင်းပြပြီး ဆန္ဒသဘောထား ကောက်ယူတဲ့ အခါ ပြန်ပြင် ဆင် ရေးဆွဲချင်သူတွေ လက်ရှိရာ ခိုင်နှုန်းအားဖြင့်ရာခိုင်နှုန်း ၉၀ ရှိတာတွေ့ရ တယ်'' ဟုပြောသည်။

တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် ပြုလုပ်ရာတွင် ပျမ်း မျှအားဖြင့် တက်ရောက်သူ ၁၀၀ တွင် ပြင်ဆင်ရေးဆွဲရေးအတွက် ရာခိုင်နှုန်း ၉ဝခန့် သဘောတူညီ ကြပြီး အသစ်ရေးဆွဲရေးအတွက် ကျန်သူများက သဘောတူမှု ဆန္ဒ ပြုခဲ့ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက''ပြည်သူ တွေအားလုံးက အခြေခံဥပဒေကို ပြင် ဆင်ရေး အတွက် အလွန် စိတ်ဝင်စားနေကြပါတယ်။ နောက် ကျန်သေး တဲ့ ပြည်နယ်၊ တိုင်းဒေ သကြီးတွေကို ဆက်လက်ရှင်းပြ သွားဖို့ရှိပါ တယ်''ဟုပြောသည်။

အခြေခံဥပဒေ ပြင်ဆင် ရေး ပြည်သူ့ဆန္ဒခံယူပွဲတက် ရောက်ခဲ့သည့် ပြည်သူတစ်ဦး ဖြစ်သည့် ဦးနေလင်းက''၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ဖို့ လိုအပ်တယ်။ ဒီဥပဒေစ ထွက်ကာစတုန်းက သေသေချာ ချာမသိဘဲ မဲပေးခဲ့တယ်။ အခု နောက်ပိုင်း လွှတ်တော်ထဲမှာ ရော အပြင် မှာရော ဆွေးနွေးလာ တဲ့အခါ၊ ပြောလာတာတွေ့ပြီး လေ့လာတဲ့အခါ အားနည်း ချက် တွေ့ရလို့ ပြန်ပြင်ဆင်စေချင် တယ်''ဟု ပြောသည်။

No comments:

Post a Comment