Thursday, September 5, 2013

Samsung Galaxy Note 3 ကိုအသေးစိတ်လေ့လာကြည့်ခြင်း




၎.၉.၂၀၁၃ ရက်နေ့မှာ Samsung ဟာ Galaxy Note ရဲ့ တတိယမြောက်မျိုးဆက်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 3 ကိုမိတ်ဆက်ပြသလိုက်ပါပြီ။ ဒီဇိုင်းနှင့်တကွ အဆင့်မြှင့်တင်ထားချက်အများအပြားပြုလုပ်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခုတစ်ကြိမ်ထုတ်လုပ်မှုမှာ Samsung ပရိသတ်တွေသာမက အခြားဖုန်းအသုံးပြုသူများရဲ့ ကျေနပ်အားပေးခြင်းကိုပါ တခဲနက်ရရှိခဲ့ပါတယ်။ Samsung Galaxy Note 3 ရဲ့ features အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။ Samsung Galaxy Note 3 ကို Screen size မှာ ၅.၇ လက်မရှိပြီး (1920 x 1080) Resolution ရှိသောရုပ်ထွက်ကိုပြသနိုင်သော Super AMOLED Full HD Screen ကိုတပ်ဆင်အသုံးပြုထားသည် ။ Android OS အနေဖြင့် နောက်ဆုံးထွက်ရှိထားသော Android 4.3 Jelly Bean ကိုအသုံးပြုထားသည်။ Camera အနေဖြင့် 13 Megapixel ရှိသော Camera ကိုတပ်ဆင်ထားပြီး Full HD Video များကိုရိုက်ကူးနိုင်စွမ်းရှိသည် ။ Dual Camera: Dual Shot / Dual Recording/ Dual Video Call စသော Camera feature များကိုလုပ်ဆောင်နိုင်သည်။ Camera Mode တွင် Camera Mode: Drama Shot, Sound & Shot, Animated Photo, Eraser, Best Photo, Best Face, Beauty Face, HDR (High Dynamic Range), Panorama, Sports, Golf, Surround shot, Live effect စသည့် features များကို ထည့်သွင်းပေးထားပါတယ်။



ယခု Samsung Galaxy Note 3 တွင်ပါဝင်သော S-Pen မှာ Process တော်တော်များများကိုလုပ်ဆောင်နိုင်စွမ်းပိုများလာသည်။ S-Pen ကိုအသုံးပြု၍ Air Command: Action Memo, Scrapbook, Screen Write, S Finder, Pen Window စသော features များကိုလုပ်ဆောင်ပေးနိုင်သည်။



Samsung Galaxy Note 3 ရဲ့ဖုန်းဘက်ထရီကို 3200 mAh ရှိသော Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ Processor ကို LTE 2.3 GHz Quad-Core Processor အားအသုံးပြုထားပါသည်။ ဖုန်းရဲ့ RAM ပမာဏအနေနဲ့ 3GB RAM ပါဝင်ပါတယ်။ Internal Storage အနေနဲ့ 32 GB/ 64 GB နှစ်မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး SD Card ထပ်မံထည့်သွင်းအသုံးပြုနိင်သည်။




ထူးခြားချက်အနေနဲ့ကတော့ ယခင်က Samsung ဖုန်းများမှာ နောက်ဘက်ခြမ်းကို ပလတ်စတစ်ကာဗာသာအသုံးပြုခဲ့ရာမှ ယခု Samsung Galaxy Note 3 တွင် သားရေသားကာဗာဖြင့် ပြောင်းလဲအသုံးပြုလိုက်သည်ကိုတွေ့ရသည်။



ကွန်ရက်ထောက်ပံမှုအနေဖြင့် 2G/3G/4G Network အားလုံးမှာအသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Galaxy Note 3 ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။

No comments:

Post a Comment