Sunday, September 1, 2013

လမ်းလျှောက်တတ်သည့် ငါးမန်းမျိုးစိတ်သစ် တစ်မျိုး အင်ဒိုနီးရှား အရှေ့ပိုင်းတွင် တွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ရေယက် များကို ခြေချောင်းများ သဖွယ် အသုံးပြု၍ ပင်လယ်ကြမ်းပြင် တစ် လျှောက် လမ်းလျှောက် သွားနေသည့် ငါးမန်းမျိုးစိတ်သစ် တစ်မျိုးကို တွေ့ရှိ ခဲ့ရသည်ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့က သြဂုတ် ၃ဝ ရက်တွင် ပြောကြားသည်။

အဖြူရောင်နှင့် အညိုရောင်နှစ်မျိုး ပါရှိသည့် အဆိုပါငါးမန်း မျိုးစိတ်သည် ညအချိန်တွင် ၎င်း၏ အစားအစာဖြစ် သည့် အခွံမာရေနေ သတ္တဝါများနှင့် ငါးအသေးစားများကို ပင်လယ်ကြမ်းပြင် တစ်လျှောက် သွားလာရှာဖွေလေ့ရှိ ကြောင်း၊ ၎င်းငါးမန်း၏ ကိုယ်ထည်အရှည်မှာ ၈ဝ စင်တီမီတာ ခန့်ရှိကြောင်း၊ လူသားများ အတွက်မှာမူ အဆိုပါ ငါးမန်းမျိုးစိတ်သည် အန္တရာယ် မရှိကြောင်း သုတေသီ တစ်ဦးက ပြောကြားသည်။

အဆိုပါ ငါးမန်းမျိုးစိတ်သစ်ကို နယူးဂီနီကျွန်း နောက်ပိုင်းရှိ မာလူကူ ကျွန်းဆွယ်များတွင် တစ်ခုအပါအဝင် ဖြစ်သော ဟာမာဟီရာ ကျွန်းဆွယ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/24092-2013-09-01-09-01-41

No comments:

Post a Comment