Saturday, July 6, 2013

မြန်မာနိုင်ငံကအစ္စလာမ်ဘာသာဝင်များ၏ လက်ရှိပြဿနာများပြေလည် အောင်ဖြေရှင်းပေးရန်အတွက်အဆင်သင့်ရှိနေကြောင်းOIC ကြေညာ

(6.7.2013, Saturday)

မြန်မာနိုင်ငံကအစ္စလာမ်ဘာသာဝင်များ၏ လက်ရှိပြဿနာများပြေလည်အောင်ဖြေရှင်းပေးရန်အတွက် အဆင်သင့်ရှိနေကြောင်း အစ္စလာမ်နိုင်ငံ(၅၇)နိုင်ငံပါဝင်ဖွဲ့စည်းထားသော OIC ခေါ်(အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) က၊ ဇူလိုင်(၄)ရက်နေ့က ထုတ်ပြန်ကြေညာသည်။ ယခုလိုဆောင်ရွက်ရာ တွင် မြန်မာ အစိုးရဆီကခွင့်ပြုချက်ရသည်နှင့် လူသားချင်းစာနာထောက်ထားရေးအကူအညီများပေးရန် အသင့်ရှိနေကြောင်းOIC အတွင်းရေးမှူးချုပ်ကကြေညာချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သော(၂၀၁၂) ခုနှစ်အတွင်းက OIC အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်ခွင့်ပြုရန် မြန်မာအစိုးရဆီသို့ ပန်ကြားခဲ့ပြီးနယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်တွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သော်လည်း ပြည်တွင်းတွင် OIC ရုံးခန်း  မဖွင့်ရေးကန့်ကွက်ဆန္ဒပြပွဲ များပေါ်ပေါက်ခဲ့ခြင်းကြောင့်အစိုးရတာဝန်ရှိသူများအနေဖြင့် ရပ်နားထား ခဲ့ကြောင်းသိရသည်။ ယခုကြေညာချက်တွင် OIC အနေဖြင့် မြန်မာနိုင်ငံ အတွင်းက အစ္စလာမ် ဘာသာဝင်များ အရေးကိစ္စကို ဝိုင်းဝန်းဖြေရှင်းအကူအညီပေးနိုင်ရန် ထပ်မံတောင်းဆိုထားသော အဆိုပြုချက်လည်း ပါဝင်သည်။

No comments:

Post a Comment