Monday, July 1, 2013

မြန်မာ့ဆက်သွယ်ရေးမှ GSM/WCDMA အားလုံးမှ နိုင်ငံခြားသို့ဖုန်းခေါ်ဆိုနိုင်ပြီ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ GSM နှင့် WCDMA(3G)စနစ်သုံး မိုဘိုင်းဖုန်းများမှ နိုင်ငံခြားဖုန်းခေါ်ဆိုရန် FEC ငွေကဒ်များဖြည့်စရာမလိုတော့ဘဲ ၊
နိုင်ငံခြားခေါ်ဆိုခနှုန်းထားများအား မြန်မာကျပ်ငွေတမျိုးတည်းဖြင့် ကောက်ခံတော့မည် ဖြစ်သောကြောင့် GSM/CDMA ဖုန်းအားလုံးမှနိုင်ငံခြားသို့အလွယ်တကူခေါ်ဆိုနိုင်ပြီဖြစ်သည် ။ ယခင် နိုင်ငံခြားခေါ်ဆိုရန်အတွက် အဖ်အီးစီ ငွေဖြည့်သွင်းထားသည်များအားလည်း ယခင်နှုန်းထားတိုင်း အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ၎င်းငွေလက်ကျန် ကုန်ဆုံးမှသာ နိုင်ငံခြားခေါ်ဆိုခ များအား မြန်မာ ကျပ်ငွေဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။ CDMA 800 နှင့် CDMA 450 မိုဘိုင်းဖုန်းများ ၊ အော်တို တယ်လီဖုန်းများ၏ နိုင်ငံခြားခေါ်ဆိုခမှာ မူလအတိုင်း ပြောင်းလဲမှု မရှိသေးပဲ မကြာခင် ယခုကဲ့သို့ ပြောင်းလဲသွားမည်ပာု သိရှိရပါသည်။

Myanmar Mobile App Store ဆီမှကူးယူဖော်ပြပါသည်

No comments:

Post a Comment