ဇွန်-၂၈၊ ၂၀၁၃
M-Media
LONDON- မွတ်စလင်အကြောင်း မကောင်းရေး သား မှု များနှင့် နာမည်ဆိုးကျော် ကြားသော Blogရေးသူ အမေရိကန်နှစ်ဦး ကို ဗြိတိန်အစိုးရက ဥရောပနိုင်ငံ(ဗြိတိန်)အတွင်း ၀င်ခွင့် ပိတ်ပင် လိုက်ကြောင်း သိရသည်။
“ပါမီလာဂျလ်လာ(Pamela Geller) နှင့် ရောဘဒ်စပန်စာ(Robert Spencer) တို့အား နိုင်ငံအတွင်း ၀င်ခွင့်ကို ပြည် ထဲရေး ၀န်ကြီးမှ ပိတ်ပင်လိုက်တာကို ကျွန်တော် ထောက်ခံတယ်” BBC News Online သို့ Home Affairs Select Committee ၏ ဦးဆောင် သူ ကိဒ်သ်ဗဇ်(Keith Vaz) က ပြောကြားခဲ့သည်။
“ဒါဟာမှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံသည် အမုန်းတရားတိုးပွားစေမည့် လုပ်ဆောင်ချက်အား အားပေး သည့် နိုင်ငံတစ်ခုလုံးဝ မဖြစ်စေရဘူး”
ဂျလ်လာနှင့် စပန်စာသည် မွတ်စလင်များ နှင့် အစ္စလာမ်အပေါ် တိုက်ခိုက်ရေးသားမှုများကြောင့် နာမည် ဆိုးဖြင့် ကျော်ကြားပြီး၊ အပြောင်းအလဲကို မလိုလားသော အင်္ဂလိပ် ကာကွယ်ရေး အဖွဲ့စည်း(English Defence League)က စီစဉ်ထားသော လူထုချီတက်ပွဲတစ်ခုတွင် ဟောပြောရန်အတွက် ဗြိတိန်သို့ လာရောက်ရန် စီစဉ်ထားကြသည်။
ဇွန် ၂၉ နေ့တွင် ကျရောက်သော တပ်မတော်နေ့ (Armed Forces Day) အထိန်းအမှတ် အဖြစ်EDL မှ စီစဉ်ထားသော လူထုချီ တက်ပွဲသည် ဗြိတိန် စစ်သားတစ်ဦး အသတ်ခံခဲ့ရသော လန်ဒန်မြို့ အရှေ့တောင်ဘက် အခြမ်းတွင်ရှိ သော ၀ူးလ်ဝခ်ျ(Woolwich) တွင် အဆုံးသတ် မည်ဖြစ်သည်။
ဗြိတိန်အစိုးရသည် နိုင်ငံအတွင်း တင်းမာမှုများ မဖြစ်ပေါ်လာစေရန် အစ္စလာမ်မုန်းတီးရေး Blog ရေးသူများအား ၀င်ရောက် ခွင့် တားမြစ်ချက်ကို ထုတ်ပြန်စေခဲ့သည်။
လာရောက်သူများသည် နိုင်ငံရှိ ပြည်သူများအတွက် ကောင်းကျိုးမပြုနိုင်ပါက ဗြိတိန်အစိုးရမှ လာရောက်ခွင့်ကို ပယ်နိုင်ကြောင်း အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ အတူတကွမျှဝေခံစားနေကြတဲ့ တန်ဖိုးထားမှုများအား ဆန့်ကျင်တဲ့ အပြုမူများ၊ အမြင်များ ရှိသူများအားလုံး ကို ပယ်ရှားရမည်ဖြစ်တယ်။ နိုင်ငံအတွင်း ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် အစွမ်းရောက်ဝါဒဖြစ်ပေါ်မှုများကို လက်မခံနိုင်ဘူး”
ဂျလ်လာ သည် နယူးယောက်မြို့ 9/11 နေရာတွင် ပလီကျောင်းတော် တည်ဆောက်ရေးအား ဆန့်ကျင်သော လုပ်ဆောင် ချက်မှစကာ မွတ်စလင် ဆန့်ကျင်ရေး လုပ်ဆောင်ချက် အမြောက်အများအား ဦးဆောင်ခဲ့သူဖြစ်သည်။
သူမသည် တောင်ဘက် ဆင်းရဲသူပပျောက်ရေး(Southern Law Poverty Center) တွင်ရှိသော မွတ်စလင်မုန်းတီးရေး အဖွဲ့ဖြင့် “အမေရိကန်အတွင်း အစ္စလာမ်ပပျောက်ရေး” ဆိုသော အဖွဲ့စည်းကို ဦးဆောင်လျက်ရှိသည်။
ထို့အတူ သူတို့ နှစ်ဦးသည် နယူးယောက်မြို့တွင်ရှိသော မြေအောက်ရထားဘူတာများတွင် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာ များ အား ကပ်ခဲ့သူများဖြစ်ကြောင်း၊ ပိုစတာတွင် “တိုးတက်သူ တစ်ဦးနှင့် ရိုင်းစိုင်းသူတစ်ဦး တိုက်ခိုက်ကြပါက၊ တိုးတက် သူ အား ထောက်ခံရမည်။ ထို့ကြောင့် အစ္စရေးအား ထောက်ခံ၍ ဂျီဟဒ်ကို ဆန့်ကျင်စို့” ဟု ရေးသားထားခဲ့သည်။
စည်းလုံးမှု
ဗြိတိန်ပြည်သူများသည် အစိုးရမှ မွတ်စလင်မုန်းတီးရေး Blog ရေးသူများအား ပိတ်ပင်ခြင်းသည် နိုင်ငံအတွင်း စည်းလုံးမှု ကို အားပေးရာရောက်ကြောင်း ပြောဆိုခဲ့ကြသည်။
“သူတို့ နှစ်ဦးဟာ ကမ္ဘာပေါ်က မွတ်စလင် တိုက်ခိုက်ရေး အစွန်းအရောက်ဆုံးသမားများအနက်မှ
ဖြစ်ပြီး၊ နိုင်ငံအတွင်း သူတို့ထံမှ ဘယ်လို ပံ့ပိုးမှုမှရစရာမရှိဘူး” ဟု
BBC သို့ Hope Not Hate ဖက်ဆစ်ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုမှ သုတေ သန လုပ်သူ
မတ်ဟူးကော်လင်း(Matthew Collins) က ပြောကြားခဲ့သည်။
“သူတို့ဟာ ဒီလိုလာရောက်ပြီး ပြည်သူတွေကြားမှာ စည်းလုံးမှုတိုးပွားအောင် လုပ်မှာမဟုတ်ပဲ၊ EDL ကို ကူညီပြီး ပြသနာ ပိုမိုဖြစ်ပွားအောင် ပြုလုပ်မှာဖြစ်တယ်”
“ဗြိတိန်နိုင်ငံက အမုန်းတရားကိုမလိုချင်ဘူး၊ ရက်အနည်းငယ် လေးတောင် မရှိစေချင်ဘူး”
အရင်လက ၀ူးလ်ဝခ်ျတွင်တောခုတ်ဓားကြီးဖြင့် စစ်သားတစ်ဦး သတ်ခံခဲ့ရပြီးနောက်တွင် ဗြိတိန်တွင်း တင်းမာမှုများ ပိုမိုဖြစ် ပွားလာခဲ့သည်။
ထိုအသတ်ခံရမှုမှ တစ်ဆင့် ဗြိတိန်နိုင်ငံရှိ မွတ်စလင်များနှင့် သူတို့၏ အထိပ်အမြတ်ထားသော ကိုးကွယ်ရာနေရာများအား တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည် ။ ဗြိတိန်နိုင်ငံသည် မွတ်စလင်ဦးရေ ၂.၇ သန်းနီးပါး၏ အမိမြေ ဖြစ်သည်။
ယခုလ အစောပိုင်းက ဘာမင်ဟမ်(Birmingham) တွင် ညအချိန်ဘုရားဝတ်ပြုကာ ပြန်လာသော မွတ်စလင် ၃ ဦးအား ဓားဖြင့် ထိုးခံခဲ့ရသည်။
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ခုက လန်ဒန်မြို့ အရှေ့တောင်ပိုင်းတွင် ရှိသော ဖော့စ်ဘယ်ရီ(Foxbury) လမ်းတွင် ဒါရွလ်အူလွမ်း အစ္စလာမ်ဘာသာရေးကျောင်း (Darul Uloom Islamic School) သည် မီးလောင်ကြွမ်းခဲ့ပြီး၊ ရဲများက ရှို့မီးဖြစ်နိုင်ကြောင်း စုံစမ်းနေသည်ဖြစ်သည် ဟု သိရသည်။
၎င်း အဖြစ်ပျက်မဖြစ်ပေါ်မှီ လန်ဒန် မြောက်ပိုင်းတွင်ရှိသော အစ္စလာမ် စင်တာ တစ်ခုတွင် သံသယ ရှိသော မီးလောင်ကြွမ်း မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ အဆောက်ဦး၏ နံရံတွင် EDL ဟု ရေးသားထားသော စာတန်းအား တွေ့ရှိခဲ့သည် ဟုဆိုသည်။
M-Media
LONDON- မွတ်စလင်အကြောင်း မကောင်းရေး သား မှု များနှင့် နာမည်ဆိုးကျော် ကြားသော Blogရေးသူ အမေရိကန်နှစ်ဦး ကို ဗြိတိန်အစိုးရက ဥရောပနိုင်ငံ(ဗြိတိန်)အတွင်း ၀င်ခွင့် ပိတ်ပင် လိုက်ကြောင်း သိရသည်။
“ပါမီလာဂျလ်လာ(Pamela Geller) နှင့် ရောဘဒ်စပန်စာ(Robert Spencer) တို့အား နိုင်ငံအတွင်း ၀င်ခွင့်ကို ပြည် ထဲရေး ၀န်ကြီးမှ ပိတ်ပင်လိုက်တာကို ကျွန်တော် ထောက်ခံတယ်” BBC News Online သို့ Home Affairs Select Committee ၏ ဦးဆောင် သူ ကိဒ်သ်ဗဇ်(Keith Vaz) က ပြောကြားခဲ့သည်။
“ဒါဟာမှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံသည် အမုန်းတရားတိုးပွားစေမည့် လုပ်ဆောင်ချက်အား အားပေး သည့် နိုင်ငံတစ်ခုလုံးဝ မဖြစ်စေရဘူး”
ဂျလ်လာနှင့် စပန်စာသည် မွတ်စလင်များ နှင့် အစ္စလာမ်အပေါ် တိုက်ခိုက်ရေးသားမှုများကြောင့် နာမည် ဆိုးဖြင့် ကျော်ကြားပြီး၊ အပြောင်းအလဲကို မလိုလားသော အင်္ဂလိပ် ကာကွယ်ရေး အဖွဲ့စည်း(English Defence League)က စီစဉ်ထားသော လူထုချီတက်ပွဲတစ်ခုတွင် ဟောပြောရန်အတွက် ဗြိတိန်သို့ လာရောက်ရန် စီစဉ်ထားကြသည်။
ဇွန် ၂၉ နေ့တွင် ကျရောက်သော တပ်မတော်နေ့ (Armed Forces Day) အထိန်းအမှတ် အဖြစ်EDL မှ စီစဉ်ထားသော လူထုချီ တက်ပွဲသည် ဗြိတိန် စစ်သားတစ်ဦး အသတ်ခံခဲ့ရသော လန်ဒန်မြို့ အရှေ့တောင်ဘက် အခြမ်းတွင်ရှိ သော ၀ူးလ်ဝခ်ျ(Woolwich) တွင် အဆုံးသတ် မည်ဖြစ်သည်။
ဗြိတိန်အစိုးရသည် နိုင်ငံအတွင်း တင်းမာမှုများ မဖြစ်ပေါ်လာစေရန် အစ္စလာမ်မုန်းတီးရေး Blog ရေးသူများအား ၀င်ရောက် ခွင့် တားမြစ်ချက်ကို ထုတ်ပြန်စေခဲ့သည်။
လာရောက်သူများသည် နိုင်ငံရှိ ပြည်သူများအတွက် ကောင်းကျိုးမပြုနိုင်ပါက ဗြိတိန်အစိုးရမှ လာရောက်ခွင့်ကို ပယ်နိုင်ကြောင်း အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ အတူတကွမျှဝေခံစားနေကြတဲ့ တန်ဖိုးထားမှုများအား ဆန့်ကျင်တဲ့ အပြုမူများ၊ အမြင်များ ရှိသူများအားလုံး ကို ပယ်ရှားရမည်ဖြစ်တယ်။ နိုင်ငံအတွင်း ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် အစွမ်းရောက်ဝါဒဖြစ်ပေါ်မှုများကိ
ဂျလ်လာ သည် နယူးယောက်မြို့ 9/11 နေရာတွင် ပလီကျောင်းတော် တည်ဆောက်ရေးအား ဆန့်ကျင်သော လုပ်ဆောင် ချက်မှစကာ မွတ်စလင် ဆန့်ကျင်ရေး လုပ်ဆောင်ချက် အမြောက်အများအား ဦးဆောင်ခဲ့သူဖြစ်သည်။
သူမသည် တောင်ဘက် ဆင်းရဲသူပပျောက်ရေး(Southern Law Poverty Center) တွင်ရှိသော မွတ်စလင်မုန်းတီးရေး အဖွဲ့ဖြင့် “အမေရိကန်အတွင်း အစ္စလာမ်ပပျောက်ရေး” ဆိုသော အဖွဲ့စည်းကို ဦးဆောင်လျက်ရှိသည်။
ထို့အတူ သူတို့ နှစ်ဦးသည် နယူးယောက်မြို့တွင်ရှိသော မြေအောက်ရထားဘူတာများတွင် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာ များ အား ကပ်ခဲ့သူများဖြစ်ကြောင်း၊ ပိုစတာတွင် “တိုးတက်သူ တစ်ဦးနှင့် ရိုင်းစိုင်းသူတစ်ဦး တိုက်ခိုက်ကြပါက၊ တိုးတက် သူ အား ထောက်ခံရမည်။ ထို့ကြောင့် အစ္စရေးအား ထောက်ခံ၍ ဂျီဟဒ်ကို ဆန့်ကျင်စို့” ဟု ရေးသားထားခဲ့သည်။
စည်းလုံးမှု
ဗြိတိန်ပြည်သူများသည် အစိုးရမှ မွတ်စလင်မုန်းတီးရေး Blog ရေးသူများအား ပိတ်ပင်ခြင်းသည် နိုင်ငံအတွင်း စည်းလုံးမှု ကို အားပေးရာရောက်ကြောင်း ပြောဆိုခဲ့ကြသည်။
“သူတို့ နှစ်ဦးဟာ ကမ္ဘာပေါ်က မွတ်စလင် တိုက်ခိုက်ရေး အစွန်းအရောက်ဆုံးသမားများအနက်မှ
“သူတို့ဟာ ဒီလိုလာရောက်ပြီး ပြည်သူတွေကြားမှာ စည်းလုံးမှုတိုးပွားအောင် လုပ်မှာမဟုတ်ပဲ၊ EDL ကို ကူညီပြီး ပြသနာ ပိုမိုဖြစ်ပွားအောင် ပြုလုပ်မှာဖြစ်တယ်”
“ဗြိတိန်နိုင်ငံက အမုန်းတရားကိုမလိုချင်ဘူး၊ ရက်အနည်းငယ် လေးတောင် မရှိစေချင်ဘူး”
အရင်လက ၀ူးလ်ဝခ်ျတွင်တောခုတ်ဓားကြီးဖြင
ထိုအသတ်ခံရမှုမှ တစ်ဆင့် ဗြိတိန်နိုင်ငံရှိ မွတ်စလင်များနှင့် သူတို့၏ အထိပ်အမြတ်ထားသော ကိုးကွယ်ရာနေရာများအား တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်
ယခုလ အစောပိုင်းက ဘာမင်ဟမ်(Birmingham) တွင် ညအချိန်ဘုရားဝတ်ပြုကာ ပြန်လာသော မွတ်စလင် ၃ ဦးအား ဓားဖြင့် ထိုးခံခဲ့ရသည်။
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ခုက လန်ဒန်မြို့ အရှေ့တောင်ပိုင်းတွင် ရှိသော ဖော့စ်ဘယ်ရီ(Foxbury) လမ်းတွင် ဒါရွလ်အူလွမ်း အစ္စလာမ်ဘာသာရေးကျောင်း (Darul Uloom Islamic School) သည် မီးလောင်ကြွမ်းခဲ့ပြီး၊ ရဲများက ရှို့မီးဖြစ်နိုင်ကြောင်း စုံစမ်းနေသည်ဖြစ်သည် ဟု သိရသည်။
၎င်း အဖြစ်ပျက်မဖြစ်ပေါ်မှီ လန်ဒန် မြောက်ပိုင်းတွင်ရှိသော အစ္စလာမ် စင်တာ တစ်ခုတွင် သံသယ ရှိသော မီးလောင်ကြွမ်း မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။ အဆောက်ဦး၏ နံရံတွင် EDL ဟု ရေးသားထားသော စာတန်းအား တွေ့ရှိခဲ့သည် ဟုဆိုသည်။
No comments:
Post a Comment