Monday, May 13, 2013

တန်ဖိုးနည်း SIM Card ဒုတိယ အသုတ် မေလ ၂၀ ရက်နေ့တွင် ချပေးမည်

ဒုတိယအကြိမ် မိုဘိုင်းဖုန်း ဆင်းကဒ်သုံးသိန်းခွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက တဆင့် မေလ ၂၀ ရက်နေ့ မှာ ရောင်းချပေးပါမယ်။

ရောင်းချပေးမယ့် ဆင်းကဒ်အမျိုးအစားက CDMA 800 ဖြစ်ပြီး အဲဒီစနစ်မတပ်ဆင်ရသေးတဲ့ ချင်းပြည်နယ်အတွက် WCDMA ကဒ်များရောင်းချပေးပါ့မယ်။

လစဉ်ပုံမှန်ရောင်းချပေးမှာဖြစ်တဲ့အတွက် ပြင်ပကနေ ဈေးကြီးပေးမ၀ယ်ဖို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့အခြေခံအဆောက်အအုံတည်ဆောက်မှုများပြီးစီးရင် အရေအတွက်၊ အမျိုး အစားကန့် သတ်ချက်မထားပဲ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

အသေးစိတ်ကို မနက်ဖြန်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာများမှာဖော်ပြပေးပါ့မယ်။

No comments:

Post a Comment