
ပါကစ္စတန် နိုင်ငံအတွင်း ကျင်းပခဲ့သည့် သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲတွင် ၀န်ကြီး ချုပ်ဟောင်း နာဝပ်ဇ်ရှာရစ်ဖ်က မဲအများစု ရရှိခဲ့ပြီး အနိုင် ရရှိခဲ့ကြောင်း သိရ သည်။
ရွေးကောက်ပွဲ ရလဒ်များသည် ကောင်းနေ ဆဲ ဖြစ်ပြီး ယခု အချိန်ထိ မိမိတို့ ပါတီသည် အင်အား အကြီးမားဆုံး တစ်ခုတည်းသော ပါတီ ဖြစ်သည်ဟု အတည် ပြု ခဲ့ပြီး ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုမြို့တွင် ၎င်းက ထောက်ခံသူ များကို ပြောကြားခဲ့သည်။
မေ ၁၁ ရက်က ကျင်းပသော ရွေးကောက်ပွဲမှ
ရရှိသော တရားမ၀င် ရလဒ်သည် မိမိတို့ ပါတီ၏ ဦးဆောင်မှုကို ထိခိုက် နစ်နာရန်
အတွက် လုပ်ဆောင် နေမှုကို ပြသနေကြောင်း အသက် ၆၃ နှစ်အရွယ်ရှိ ရှာရစ်ဖ်က
ထောက်ခံသူ များအား အောင်ပွဲခံ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံအတွင်း မေ ၁၁ ရက်က ပြုလုပ်သော
ရွေးကောက်ပွဲတွင် အကြမ်းဖက် သမားများ၏ တိုက်ခိုက် ခံရမှုကြောင့် ပြည်သူ ၁၈
ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၄၀ ဦးကျော် ဒဏ်ရာရရှိ ခဲ့သော်လည်း ပြည်သူ
သန်းပေါင်း များစွာက မဲရုံများသို့ လာရောက် မဲပေးကြ ကြောင်း သိရသည်။
No comments:
Post a Comment