Wednesday, May 15, 2013
သြစတြေးလျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Wayne Swan က မနေ့ ညက လိုငွေဒေါ်လာ ၁၈ ဘီလီယံ လျော့နေတဲ့ ရသုံးဘတ်ဂျက်ကို ကြေညာ ခဲ့ပါတယ်။
ဘဏ္ဍာရေး ဝန်ကြီး Wayne Swan က အခုလို လိုငွေ အကြီးအကျယ်ဖြစ်နေတဲ့ ဘတ်ဂျက်
ဖြစ်ရ တာ ဟာ ကမ္ဘာ့စီးပွားရေး အခြေအနေကျဆင်းမှုနဲ့ သြစတြေးလျ ဒေါ်လာငွေတန်ဘိုး
မြင့်တက် မှုတွေ ကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အသုံးငွေ
ဒေါ်လာ ၄၃ ဘီလီယံ သုံးစွဲမှုတွေကို လျော့ချပြီး ၂ နှစ် အတွင်း ရသုံးငွေ
ပြန်ပြီး မျှသွားအောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တတိယ တနှစ်မှာ
ပိုငွေတွေ ပြန်ပြ သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ရသုံးမှန်းခြေ အရ မသန်မစွမ်းသူတွေကို ထောက်ပံ့ကူညီမှု
နောက် ၁၀ နှစ် စီမံကိန်းနဲ့ ဆက်လက် ကူညီနိုင်မည့် စီမံကိန်းတွေ
အကောင်အထည်ဖေါ်နိုင်ဖို့ မူလတန်းနဲ့ အလယ်တန်းကျောင်း ပညာပြင်ဆင်
ပြုပြင်တိုးတက်ရေး အရင်က ခလေးမွေးရင် အလုံးအရင်းလိုက် ချပေးတဲ့ ငွေ ၅၀၀၀
ပေးတဲ့ စနစ်ကိုလည်း ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာ အနှံ့
သံရုံးတွေမှာ ဝန်ထမ်းတွေ လျော့ပြီး Budapest မြို့မှာရှိတဲ့ သံရုံးကို
ပိတ်ချလိုက်တဲ့ အတွက် ဒေါ်လာ ၈၈ သန်း ထပ်တိုးလာပါတယ်။ ပစိဖိတ်ဒေသတွင်းရှိ Solomon ကျွန်းရဲ့ နိုင်ငံရေး အပြောင်းအလဲ အတွက် ဒေါ်လာ သန်း ၅၀၀ ချ ထားပေး ပါတယ်။
Afghanistan စစ်ရေးကနေ သြစတြေးလျ စစ်ထောက်ပံ့မှုတွေ တဖြည်းဖြည်း
ရုတ်သိမ်းပြီး အဲဒီကနေ ပိုလာတဲ့ငွေတွေကို Solomon ကျွန်းရဲ့ အုပ်ချုပ်ရေး၊
ငွေကြေး စနစ် ထူထောင်ရေး အစရှိတဲ့ နိုင်ငံဖွံ့ဖြိုးရေးတွေမှာ
ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ ဒီနှစ်
ရသုံး ဘတ်ဂျက်ဟာ နိုင်ငံခြားက လာရောက် ရင်းနှီး မြုပ်နှံမှုတွေကို
ထိခိုက်နစ်နာစေ နိုင်တယ်လို့ သတိပေး ခဲ့ပါတယ်။
ABC Radio Australia
သြစတြေးလျနိုင်ငံဘဏ္ဍာရေးဝန်ကြီး Wayne Swan လိုငွေဘတ်ဂျက်ဖတ်ပြနေပုံ
Wednesday, May 15, 2013သြစတြေးလျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Wayne Swan က မနေ့ ညက လိုငွေဒေါ်လာ ၁၈ ဘီလီယံ လျော့နေတဲ့ ရသုံးဘတ်ဂျက်ကို ကြေညာ ခဲ့ပါတယ်။
ဘဏ္ဍာရေး ဝန်ကြီး Wayne Swan က အခုလို လိုငွေ အကြီးအကျယ်ဖြစ်နေတဲ့ ဘတ်ဂျက် ဖြစ်ရ တာ ဟာ ကမ္ဘာ့စီးပွားရေး အခြေအနေကျဆင်းမှုနဲ့ သြစတြေးလျ ဒေါ်လာငွေတန်ဘိုး မြင့်တက် မှုတွေ ကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အသုံးငွေ ဒေါ်လာ ၄၃ ဘီလီယံ သုံးစွဲမှုတွေကို လျော့ချပြီး ၂ နှစ် အတွင်း ရသုံးငွေ ပြန်ပြီး မျှသွားအောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တတိယ တနှစ်မှာ ပိုငွေတွေ ပြန်ပြ သွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ရသုံးမှန်းခြေ အရ မသန်မစွမ်းသူတွေကို ထောက်ပံ့ကူညီမှု နောက် ၁၀ နှစ် စီမံကိန်းနဲ့ ဆက်လက် ကူညီနိုင်မည့် စီမံကိန်းတွေ အကောင်အထည်ဖေါ်နိုင်ဖို့ မူလတန်းနဲ့ အလယ်တန်းကျောင်း ပညာပြင်ဆင် ပြုပြင်တိုးတက်ရေး အရင်က ခလေးမွေးရင် အလုံးအရင်းလိုက် ချပေးတဲ့ ငွေ ၅၀၀၀ ပေးတဲ့ စနစ်ကိုလည်း ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာ အနှံ့ သံရုံးတွေမှာ ဝန်ထမ်းတွေ လျော့ပြီး Budapest မြို့မှာရှိတဲ့ သံရုံးကို ပိတ်ချလိုက်တဲ့ အတွက် ဒေါ်လာ ၈၈ သန်း ထပ်တိုးလာပါတယ်။ ပစိဖိတ်ဒေသတွင်းရှိ Solomon ကျွန်းရဲ့ နိုင်ငံရေး အပြောင်းအလဲ အတွက် ဒေါ်လာ သန်း ၅၀၀ ချ ထားပေး ပါတယ်။
Afghanistan စစ်ရေးကနေ သြစတြေးလျ စစ်ထောက်ပံ့မှုတွေ တဖြည်းဖြည်း ရုတ်သိမ်းပြီး အဲဒီကနေ ပိုလာတဲ့ငွေတွေကို Solomon ကျွန်းရဲ့ အုပ်ချုပ်ရေး၊ ငွေကြေး စနစ် ထူထောင်ရေး အစရှိတဲ့ နိုင်ငံဖွံ့ဖြိုးရေးတွေမှာ ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ ဒီနှစ် ရသုံး ဘတ်ဂျက်ဟာ နိုင်ငံခြားက လာရောက် ရင်းနှီး မြုပ်နှံမှုတွေကို ထိခိုက်နစ်နာစေ နိုင်တယ်လို့ သတိပေး ခဲ့ပါတယ်။
ABC Radio Australia
သြစတြေးလျနိုင်ငံဘဏ္ဍာရေးဝန်ကြီး Wayne Swan လိုငွေဘတ်ဂျက်ဖတ်ပြနေပုံ
No comments:
Post a Comment