ရန်ကုန်၊ မေ ၁၂
မိုးကြယ်စင်
ရခိုင်ပြည်နယ် ၊မြောက်ဦးနဲ့ မင်း ပြားမြို့နယ်တွေ မှာပုဒ်မ
၁၄၄ ကို ပြန်လည်အသက်သွင်းပြီး ဆွလာလ် ၀တ်ပြုမှုကို
တစ်နေ့နှစ်ကြိမ်သာ ခွင့်ပြုတော့ မယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
“ဗလီနှစ်ကြိမ်ပဲတက်ခွင့်ပေးမယ်လို့ပြောပါတယ်။ ဇုဟိုရ် ရယ်၊ အဆွလ် ရယ်ပဲဖတ်ခွင့်ပေးတယ်။ ကျန်သုံးကြိမ်မပေးဘူး၊ “ လို့ မင်းပြားဒေသခံတစ်ဦးကမြန်မာမွတ် စလင်မ်မီဒီယာကိုပြောပါတယ်။
ဆွလာလ်ဝတ်ပြုကြိမ် ကန့်သတ်မှုကို မေလ (၁၀)ရက်နေ့ မနက်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ကြေငြာချက်ကို လုံခြုံရေးနဲ့ န.စ.က တွေက ဗလီဂေါပကတွေမှတဆင့်ထုတ်ပြန်ခြဲ့ ခင်းဖြစ်ပါတယ်။ ကန့်သတ်မှုရဲ့ အကြောင်းရင်းကတော့ ပုဒ်မ ၁၄၄ ကိုပြန်လဲ အသက်သွင်းခြင်းဖြစ်တယ်လို့ဆိုပါ တယ်။
ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကြောင့်
တားမြစ်ခြင်းဖြစ်တယ်လို့လဲ သိရပါတယ။် ဆွလာလ်ဝတ်ပြုမှုငါးကြိမ်မှာ ဇုဟိုရ်နဲ့
အဆွလ်သာ ၀တ်ပြုခွင့်ပြုပြီး ဖွဂျရ် ၊ မဂ္ဂဒစ် ၊ အီရှာ ဆွလာလ်တွေကို
ဝတ်ပြုမှုတားမြစ်လိုက်တာဖြစ်ပါတယ်။
“ ကန့်သတ်ထားတဲ့အချိန်တွေမှာ ထွက်ရင်ပစ်မယ်လို့ပြောပါတယ်။ ဇွန်လ အရေးခင်းဖြစ်တုန်းကတော့ တင်းကြပ်ခဲ့တာရှိပါတယ်။ နောက်ပိုင်းပြန်ခွင့်ပြုခဲ့ပါတယ်။အခုပြန်ပြီး တင်းကြပ်တဲ့သဘောပဲ ၊ ဒီညမထွက်ရအမိန့်က ရခိုင်တွေအပေါ်မသက်ရောက်ဘူး၊ ရိုဟင်ဂျာတွေအပေါ်ပဲသက်ရောက်တယ်။
ရခိုင်တွေအပြင်ထွက်ရင်ရတယ်။ ညသန်းခေါင် အပြင်ထွက်လူတွေသတ်ရင်ရတယ်။
ရိုဟင်ဂျာတွေ ကျန်းမာရေးကိစ္စတွေကြောင့် ဆေးရုံးသွားရင်တောင်ဖမ်းပါတယ်။” လို့ မြောက်ဦးဒေသခံ တစ်ဥိးက ဆိုပါတယ်။
ဆွလာလ်ဝတ်ပြုကြိမ်ကန့်သတ်တဲ့နေရာတွေကတော့
မြောက်ဦးမြို့နယ်မှာ ဗူးတစ်လုံးကျေးရွာ၊ ရှီရှားရိုက် (ဆီးသီးရွာ) ၊
စောရ်ဖာရာ (ကိုင်းတော) ကျေးရွာ တွေပဲဖြစ်ပါတယ်။ မင်းပြားမြို့နယ်
အာလိမ်းဖာရာ ကျေးရွာ၊ ဖူရာမ်ဖာရာ ကျေးရွာတို့ ပဲဖြစ်ပါတယ်။
မိုးကြယ်စင်
ရခိုင်ပြည်နယ် ၊မြောက်ဦးနဲ့ မင်း
“ဗလီနှစ်ကြိမ်ပဲတက်ခွင့်ပေးမယ်လ
ဆွလာလ်ဝတ်ပြုကြိမ် ကန့်သတ်မှုကို မေလ (၁၀)ရက်နေ့ မနက်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ
“ ကန့်သတ်ထားတဲ့အချိန်တွေမှာ ထွက်ရင်ပစ်မယ်လို့ပြောပါတယ်။ ဇွန်လ အရေးခင်းဖြစ်တုန်းကတော့ တင်းကြပ်ခဲ့တာရှိပါတယ်။ နောက်ပိုင်းပြန်ခွင့်ပြုခဲ့ပါတယ
ဆွလာလ်ဝတ်ပြုကြိမ်ကန့်သတ်တဲ့နေရ

No comments:
Post a Comment