Wednesday,May08,2013
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြင်ဆင်
ဖွဲ့စည်းလိုက်ကြောင်း၊ အသစ်ပြင်ဆင် ဖွဲ့စည်းသည့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် လက်ရှိနိုင်ငံတော်သမ္မတရုံးမှ
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့
နှစ်ဦးစလုံး ပြန်လည်ပါဝင်လာခြင်း မရှိတော့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော် သမ္မတရုံး မေ ၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၂/၂၀၁၃
အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကို
ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ အဆိုပါ အမိန့်စာတွင်
နိုင်ငံတော် သမ္မတရုံး ၏ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက် ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၁၁၊ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၃ ရက် ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်
ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၃ တို့ဖြင့် ဖွဲ့စည်းခဲ့သော
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ယခုအမိန့်ကြော်ငြာစာဖြင့်
အသစ်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတရုံး
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှာ ယခင်က မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး
ယခုအခါ ကော်မရှင် ဥက္ကဋ္ဌ နေရာအား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအစား
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်ဖြင့်
အစားထိုး ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။
ယင်းအပြင် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော
လက်ရှိနိုင်ငံတော် သမ္မတရုံး၏ ပြည်ထောင်စုဝန်ကြီး တစ်ဦးဖြစ်သူ
ဦးအောင်မင်းအစား ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဇေယျာအောင်ဖြင့် အစားထိုးပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ုပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ MIC ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ်က
အရက်ဘီယာ စီးကရက်စက်ရုံများ ခွင့်ပြုခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံမှု
ပမာဏထက်ကျော်၍ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် ကုန်ပစ္စည်းများ
တင်သွင်းခွင့် ပြုခဲ့ခြင်း၊ စည်းမျဉ်းများဖြင့် ညီညွတ်ခြင်း ရှိ၊ မရှိ
မသိရသော်လည်း တစ်နှစ်အတွင်း ကျပ်သန်းပေါင်း ၃,၀၀၀,၀၀၀ ၀န်းကျင်ဖိုးအထိ
အခွန်ကင်းလွတ်ခွင့်ဖြင့် ကုန်ပစ္စည်း တင်သွင်းခွင့် ပြုခဲ့ခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သစ်
စဉ် အမည် ရာထူး
၁။ ဦးဝင်းရှိန် ဥက္ကဋ္ဌ
၂။ ဦးဝင်းထွန်း အဖွဲ့ဝင်
၃။ ဦးဇေယျာအောင် အဖွဲ့ဝင်
၎။ ဒေါက်တာထွန်းရှင် အဖွဲ့ဝင်
၅။ ဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင်
၆။ ဦးညွန့်တင် အဖွဲ့ဝင်
၇။ ဦးဝင်းခိုင် အဖွဲ့ဝင်
၈။ ဒေါ်မြသူဇာ အဖွဲ့ဝင်
၉။ ဒေါ်ခိုင်ခိုင်နွယ် အဖွဲ့ဝင်
၁၀။ ဒေါက်တာကံဇော် အတွင်းရေးမှူး
၁၁။ သူရဦးသောင်းလွင် တွဲဖက်အတွင်းရေးမှူး
No comments:
Post a Comment