Tuesday, May 21, 2013

မွတ်စလင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု ရပ်တန့်ရန် အိုဘားမားက မြန်မာနိင်ငံအား တိုက်တွန်း

မွတ်စလင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှု ရပ်တန့်ရန် အိုဘားမားက မြန်မာနိင်ငံအား တိုက်တွန်း

မေ ၂၁၊၂၀၁၃
ပိာန်းအောင်

သမ္မတ အိုဘားမားက မြန်မာနိင်ငံသမ္မတအား မွတ်စလင်မ်လူနည်းစုများအပေါ် ဆန့်ကျင်အကြမ်းဖက်မှုရပ်တန့်ရန် တိုက်တွန်းပြောကြားလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

“မြန်မာနိင်ငံတွင်းမှာရှိတဲ့ မွတ်စလင်မ်လူ့အစုအဝေးတွေ အပေါ်တိုက်ရိုက်ကျရောက်ထားတဲ့ အုပ်စုလိုက် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နက်ရှိုင်းတဲ့ စိတ်ဝင်တစား စိုးရိမ်ပူပန်မှုတွေ အကြောင်းကို သမ္မတ စိန်(ဦးသိန်းစိန်) ကိုကျွန်တော်ကအသိပေးခဲ့ပါတယ်။အိုးမဲ့အိမ်မဲ့ပြည်သူတွေ အပေါ် အကြမ်းဖက်မှု တိုက်ရိုက်ကျရောက်နေတာကို ရပ်တန့်ဖို့လိုပြီ” ပာု သမ္မတအိုဘားမားက ပြောကြားခဲ့ခြင်းဖြစ်သည်။

အထက်ပါပြောကြားမှုကို သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် မြန်မာနိင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တနလာင်္နေ့တွင်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် အိုဘားမားက မြန်မာနိင်ငံ ရခိုင်အနောက်ပိုင်းရှိ ရိုပာင်ဂျာမွတ်စလင်မ်များအား သတ်ဖြတ်နေမှုကို ရပ်တန့်ရန်လည်းတောင်းဆိုလိုက်သည်။
အနည်းဆုံး ၁၉၂ ဦးသေဆုံးခဲ့ရသည့် ရခိုင်ဗုဒ္ဒဘာသာများနှင့် မြန်မာနိင်ငံတွင် နိင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသည့် ရိုပာင်ဂျာမွတ်စလင်မ်များအကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတစ်ရပ်လွန်ခဲ့သည့် နှစ်ကဖြစ်ပွားခဲ့သည်။အဆိုပါ အကြမ်းဖက်မှုတွင် လူပေါင်း တစ်သိန်းလေးသောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၊ဒုက္ခသည်အများစုမှာ မွတ်စလင်မ်များဖြစ်ကြောင်းလည်း အထက်ပါ ရိုက်တာသတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

မြန်မာနိင်ငံ အတွင်းတွင် ရခိုင်ဒေသရှိရိုပာင်ဂျာမွတ်စလင်မ်များကိုသာမက အခြားနေရာအနှံ့ အပြားတွင်လည်း မြန်မာမွတ်စလင်မ်းများအား မြို့လုံးကျွတ်မီးရှို့သတ်ဖြတ်ခြင်း၊အကြမ်းဖက်တိုက်ခိုက်ခြင်း၊စီးပွားရေးလှုမှုရေးတို့တွင်ခွဲခြားဆက်ဆံရန်လှုံဆော်ခြင်းများကို ဘာသာရေးအစွန်းရောက် ၉၆၉ ဂိုဏ်းဝင်များက နေ့စဉ်နှင့် အမျှလုပ်ဆောင်လျှက်ရှိသည်။အဆိုပါ အကြမ်းဖက်ရန် ခွဲခြားဆက်ဆံရန် လူံ့ဆော်သူများကို ယနေ့အချိန်အထိ မြန်မာအစိုးရက ထိရောက်သော ပာန့်တားအရေးယူမှု ပြုလုပ်ထားခြင်းမရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ပြည်ပ သတင်းမီဒီယာများတွင် ဝေဖန်ရေးသားထားသည်။

ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ တောင်ကုတ် မြို့တွင် ၃-၆-၂၀၁၂ နေ့က အစ္စလာမ်ဘာသာဝင် ခရီးသွား ဆယ်ဦး အား ညနေ ၄ နာရီခွဲဝန်းကျင်အချိန်၊လှုစည်ကားရာလမ်းမပေါ်တွင် အုပ်စုလိုက် ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ခဲ့မှုအား ယနေ့အချိန်အထိ တစ်စုံတစ်ဦးကိုမျှ အရေးယူခြင်းမရှိခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

Reuters  သတင်းတွင်ဖေါ်ပြထားသည့် Obama urges Myanmar to stop violence against Muslim ကို  ကိုးကားသည်။ဘာသာပြန်သတင်း အပြည့် အစုံကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။(မြန်မာမွတ်စလင်မ် မီဒီယာ)
မေ ၂၁၊၂၀၁၃
ပိာန်းအောင်

သမ္မတ အိုဘားမားက မြန်မာနိင်ငံသမ္မတအား မွတ်စလင်မ် လူနည်းစုများအပေါ် ဆန့်ကျင် အကြမ်းဖက်မှုရပ်တန့်ရန် တိုက်တွန်းပြောကြား လိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ် တွင်ဖေါ်ပြထားသည်။

“မြန်မာနိင်ငံတွင်းမှာရှိတဲ့ မွတ်စလင်မ်လူ့အစုအဝေးတွေ အပေါ်တိုက်ရိုက်ကျရောက်ထားတဲ့ အုပ်စုလိုက် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နက်ရှိုင်းတဲ့ စိတ်ဝင်တစား စိုးရိမ်ပူပန်မှုတွေ အကြောင်းကို သမ္မတ စိန်(ဦးသိန်းစိန်) ကိုကျွန်တော်ကအသိပေးခဲ့ပါတယ်။အိုးမဲ့အိမ်မဲ့ပြည်သူတွေ အပေါ် အကြမ်းဖက်မှု တိုက်ရိုက်ကျရောက်နေတာကို ရပ်တန့်ဖို့လိုပြီ” ပာု သမ္မတအိုဘားမားက ပြောကြားခဲ့ခြင်းဖြစ်သည်။

အထက်ပါပြောကြားမှုကို သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် မြန်မာနိင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တနလာင်္နေ့တွင်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် အိုဘားမားက မြန်မာနိင်ငံ ရခိုင်အနောက်ပိုင်းရှိ ရိုပာင်ဂျာမွတ်စလင်မ်များအား သတ်ဖြတ်နေမှုကို ရပ်တန့်ရန်လည်းတောင်းဆိုလိုက်သည်။
အနည်းဆုံး ၁၉၂ ဦးသေဆုံးခဲ့ရသည့် ရခိုင်ဗုဒ္ဒဘာသာများနှင့် မြန်မာနိင်ငံတွင် နိင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံ ထားရသည့် ရိုပာင်ဂျာမွတ်စလင်မ်များအကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတစ်ရပ်လွန်ခဲ့ သည့် နှစ်ကဖြစ်ပွားခဲ့သည်။အဆိုပါ အကြမ်းဖက်မှုတွင် လူပေါင်း တစ်သိန်းလေးသောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၊ဒုက္ခသည်အများစုမှာ မွတ်စလင်မ်များဖြစ်ကြောင်းလည်း အထက်ပါ ရိုက်တာသတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

မြန်မာနိင်ငံ အတွင်းတွင် ရခိုင်ဒေသရှိရိုပာင်ဂျာမွတ်စလင်မ်များကိုသာမက အခြားနေရာအနှံ့ အပြားတွင်လည်း မြန်မာမွတ်စလင်မ်းများအား မြို့လုံးကျွတ်မီးရှို့သတ်ဖြတ်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်း၊စီးပွားရေးလှုမှုရေးတို့တွင်ခွဲခြားဆက်ဆံရန်လှုံဆော်ခြင်းများကို ဘာသာရေးအစွန်းရောက် ၉၆၉ ဂိုဏ်းဝင်များက နေ့စဉ်နှင့် အမျှလုပ်ဆောင်လျှက်ရှိသည်။အဆိုပါ အကြမ်းဖက်ရန် ခွဲခြားဆက်ဆံရန် လူံ့ဆော်သူများကို ယနေ့အချိန်အထိ မြန်မာအစိုးရက ထိရောက်သော ပာန့်တားအရေး ယူမှု ပြုလုပ်ထားခြင်းမရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ပြည်ပ သတင်းမီဒီယာများ တွင် ဝေဖန်ရေးသားထားသည်။

ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ တောင်ကုတ် မြို့တွင် ၃-၆-၂၀၁၂ နေ့က အစ္စလာမ်ဘာသာဝင် ခရီးသွား ဆယ်ဦး အား ညနေ ၄ နာရီခွဲဝန်းကျင်အချိန်၊လှုစည်ကားရာလမ်းမပေါ်တွင် အုပ်စုလိုက် ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ခဲ့မှုအား ယနေ့အချိန်အထိ တစ်စုံတစ်ဦးကိုမျှ အရေးယူခြင်းမရှိခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

Reuters သတင်းတွင်ဖေါ်ပြထားသည့် Obama urges Myanmar to stop violence against Muslim ကို ကိုးကားသည်။ဘာသာပြန်သတင်း အပြည့် အစုံကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။(မြန်မာမွတ်စလင်မ် မီဒီယာ)

No comments:

Post a Comment