ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
Sunday, April 28, 2013
ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါ ဆိပ်ကမ်း မှထွက်ခွါလာသော ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး
ဆီတင် သင်္ဘောနစ်မြုပ်ခဲ့သည်။
M.VMelacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ
ထွက်ခွါ လာချိန် တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော မြန်မာ့ရေနံဓါတုဗေဒ လုပ်ငန်းပိုင်မြန်အောင်
လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး ရန်ကုန်မြစ်အတွင်း
သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။
မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ
ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ
ရေလမ်းကြောင်းစီစဉ်သူတစ်ဦး ကပြောသည်။
No comments:
Post a Comment