26.4.2013
လွှတ်တော်ရဲ့ ဆိတ်ဖွားစုံစမ်းရေးကော်မရှင် အစီရင်ခံစာကို ကိုးကားပြီး ဒေါက်တာ ဆိတ်ဖွားဆိုသူရဲ့ ရေးသားချက်ကို ခင်မောင်ညို(ဘောဂဗေဒ) မှာ တာဝန်ရှိတယ်လို့ ခုတပတ်ထုတ် ဘိုင်ဝီးကလီးအလဲဗင်းဂျာနယ်မှာ ဖော်ပြထားပေမယ့် ဒေါက်တာဆိတ်ဖွားဆိုသူ ကို သူအနေနဲ့ မသိရှိကြောင်း ခင်မောင်ညို(ဘောဂဗေဒ) က ဒီဗွီဘီ ကို ပြောပါတယ်။
သူအနေနဲ့ smart news ဂျာနယ်ကို အယ်ဒီတာချုပ်အဖြ...စ် လုပ်ကိုင်စဉ် အင်တာနက်မှာ ဖော်ပြထားတဲ့ မည်သူကိုမှ ထိခိုက်နစ်နာစေခြင်း မရှိတဲ့ ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါး ၁ ပုဒ်ကို ဖော်ပြခဲ့ဖူးတာ မှန်ကြောင်း၊ ဒါပေမယ့် ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာကိုတော့ မသိကြောင်း ရှင်းပြပါတယ်။
တကယ်လို့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိခဲ့ရင်တောင် အယ်ဒီတာ တယောက်ရဲ့ ကျင့်ဝတ်အရ မည်သူမည်ဝါ ဆိုတာ ထုတ်ဖော်ပြောဆိုဖို့ တာဝန်မရှိသလို၊ ထုတ်ဖော် ပြောဆိုမှာလည်း မဟုတ်ကြောင်း သူက ပြောပါတယ်။
လက်ရှိ မီဒီယာတချို့မှာ ရေးသားဖော်ပြထားသလို ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ပြီ ဆိုတဲ့ သတင်းဟာလည်း မှန်ကန်မှု မရှိဘဲ စုံစမ်းရေးကော်မရှင်အနေနဲ့ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း သိရပါတယ်။

No comments:
Post a Comment