Monday, March 4, 2013

ဘတ်စ်ကားများမှ စည်းကမ်းဖောက်ဖျက်နေပါက အင်တာနက်မှတစ်ဆင့် တိုင်ကြားနိုင်

ဘတ်စ်ကားများမှ စည်းကမ်းဖောက်ဖျက်နေပါက အင်တာနက်မှတစ်ဆင့် တိုင်ကြားနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသောဘတ်စ်ကားများမှ ပြိုင်မောင်းခြင်း၊ လမ်းကြောလုမောင်းခြင်း၊ သတ်မှတ်နှုန်းထက်ကားခပိုတောင်းခြင်း၊ မှတ်တိုင်တွင်စောင့်နေကြသော ခရီးသည်များလိုက်ပါ၍ရအောင် ကားရပ်မပေးခြင်း၊ အထူးကားများတွင်လူပိုတင်ခြင်း၊ မချေမငံရိုင်းဆိုင်းစွာပြောဆိုခြင်း၊ သတ်မှတ်လမ်းကြောင်းအတိုင်းမမောင်းဘဲ ၄င်းတို့မောင်းချင်သည့်လမ်းမှ မောင်းနှင်ခြင်း၊ ကားအားရပ်ချင်သောနေရာတွင်ရပ်ခြင်းများအပြင် ကားပေါ်မှခရီးသည်များအား အတင်းအဓမ္မ ဆွဲချခြင်းနှင့် အခြားသောကိစ္စရပ်များတွေ့ကြုံရပါက အီးမေးလ်လိပ်စာ (Email: kyawthiha.join@mhtcentral.org.mm) သို့ ကားနံပါတ်၊ ယာဉ်မောင်းအမည်၊ ယာဉ်နောက်လိုက်အမည်၊ အချိန်၊ နေရာများကို ဖော်ပြ၍ မထသ(ဗဟို) သို့ တိုင်ကြားနိုင်ပြီး တိုင်ကြားလာသောကိစ္စရပ်များနှင့်ပက်သက်၍(ဗဟို) သို့တင်ပြကာ ဖြေရှင်းဆောင်ရွက်မှုများအား www.mhtcentral.org.mm ၀က်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ပါ၍ ပြည်သူများ နိစ္စဓူဝ ကြုံတွေ့နေရသော အခက်အခဲတစ်ခုအား ဖြေလျော့သောအားဖြင့် သိရှိဆောင်ရွက်နိုင်ရန် ထပ်ဆင့်မျှဝေပေးလိုက်ရပါသည်။ ထို့ကြောင့် ဘတ်စ်ကားများ စည်းကမ်းဖောက်ဖျက်နေပါလျှင် ခေတ်နှင့်အညီ အင်တာနက်မှ တိုင်ကြားနိုင်ပါကြောင်း။


အေးချမ်းမွန်မှ ( The Mirror Daily ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသောဘတ်စ်ကားများမှ ပြိုင်မောင်းခြင်း၊ လမ်းကြောလုမောင်းခြင်း၊ သတ်မှတ်နှုန်းထက်ကားခပိုတောင်းခြင်း၊ မှတ်တိုင်တွင်စောင့်နေကြသော ခရီးသည်များလိုက်ပါ၍ရအောင် ကားရပ်မပေးခြင်း၊ အထူးကားများတွင်လူပိုတင်ခြင်း၊ မချေမငံရိုင်းဆိုင်းစွာပြောဆိုခြင်း၊ သတ်မှတ် လမ်းကြောင်း အတိုင်းမမောင်းဘဲ ၄င်းတို့မောင်းချင်သည့်လမ်းမှ မောင်းနှင်ခြင်း၊ ကားအားရပ် ချင်သောနေရာတွင်ရပ်ခြင်းများအပြင် ကားပေါ်မှခရီးသည်များအား အတင်းအဓမ္မ ဆွဲချခြင်းနှင့် အခြားသောကိစ္စရပ်များတွေ့ကြုံရပါက အီးမေးလ်လိပ်စာ (Email: kyawthiha.join@mhtcentral.org.mm) သို့ ကားနံပါတ်၊ ယာဉ်မောင်းအမည်၊ ယာဉ်နောက်လိုက်အမည်၊ အချိန်၊ နေရာများကို ဖော်ပြ၍ မထသ(ဗဟို) သို့ တိုင်ကြားနိုင်ပြီး တိုင်ကြားလာသောကိစ္စရပ်များနှင့်ပက်သက်၍(ဗဟို) သို့တင်ပြကာ ဖြေရှင်းဆောင်ရွက် မှုများ အား www.mhtcentral.org.mm ၀က်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်ပါ၍ ပြည်သူများ နိစ္စဓူဝ ကြုံတွေ့နေရသော အခက်အခဲတစ်ခုအား ဖြေလျော့သောအားဖြင့် သိရှိဆောင်ရွက်နိုင်ရန် ထပ်ဆင့်မျှဝေပေးလိုက်ရပါသည်။ ထို့ကြောင့် ဘတ်စ်ကားများ စည်းကမ်းဖောက်ဖျက်နေပါ လျှင် ခေတ်နှင့်အညီ အင်တာနက်မှ တိုင်ကြားနိုင်ပါကြောင်း။


အေးချမ်းမွန်မှ ( The Mirror Daily ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments:

Post a Comment