အစ္စလာမ့်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organization of Islamic Cooperation – OIC ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နဲ့သံအမတ်ဖြစ်သူ Amb. Ufuk Gokcen က ဒီလိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်
“ ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခ လုပ်ရပ်တွေဟာ လူများစု ဗုဒ္ဓဘာသာဝင်နဲ့လူနည်းစု မွတ်စ်လင်မ်တွေအကြား ဘာသာရေး ထိပ်တိုက်တွေ့မှု မဟုတ်ဘ၊ဲ ရိုဟင်ဂျာ လူနည်းစုဆီကိုသာရှေ့ရှုနေတဲ့ မကျေနပ်ချက်၊ အငြိုးအာဃာတ အကျိုးဆက်လို့ဆိုပြီး ကျွန်တော့် အမြင်ဖြစ်သွားခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမန် မွတ်စ်လင်မ် အိမ်ခြေများကို ဦးတည်ဖျက်ဆီးမှု၊ ကရင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်တွေကို ကြားလိုက်ရချိန်မှာ အရေးပေါ်အခြေအနေရောက် လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ် ပူပန်သွားခဲ့တယ်။ အဲ့ဒီနောက် ရန်ကုန်မြို့ရဲ့ မွတ်စ်လင်မ် ဘာသာရေး ကျောင်းငယ်တစ်ခုကို ဗုဒ္ဓဘာသာဝင် အယောက် ၃၀၀ က တိုက်ခိုက်ဖျက်ဆီးတဲ့သတင်း၊ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်ကနေ ဘုန်းကြီးတစ်ပါးရဲ့ မီးလောင်ရာလေပင့် ကြုံးဝါးချက် သတင်းတွေ ထပ်မံ ရရှိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ကနဦးကောက်ချက် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာရပါပြီ ”
ဒီလိုဖြစ်ရပ်မျိုးက မြန်မာတစ်နိုင်ငံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ လတ်တစ်လောကာလ သီရိလင်္ကာ မှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့ရဲ့ Bodu Bala Sena ပါတီက မွတ်စ်လင်မ် ဆန့်ကျင်ရေးဖြစ်လာအေ
“ Buddhist Fury: Religion and Violence in Southern Thailand. – ဆိုတဲ့အမည်နဲ့ Michael K. Jerryson ရေးခဲ့တဲ့ စာအုပ်က ကျွန်တော့်ကို တော်တော် စိတ်ဝင်တစားဖြစ်စေခဲ့တယ်။ အဲ့ဒါက ထိုင်းနိုင်ငံတောင်ပိုင်း ဘာသာရေး-နိုင်ငံရေး ရောထွေး ပဋိပက္ခထဲ ပါဝင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများရဲ့ အခန်းကဏ္ဍအကြောင်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ကမ္ဘာ့တစ်ဝှန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ထိပ်တန်းခေါင်းဆောင်တစ်ချို့ဆီက
မွတ်စ်လင်မ်တွေဟာ လူနည်းစုသာဖြစ်နေလင့်ကစား မြန်မာ၊ ထိုင်း နဲ့ သီရိလင်္ကာမှာရှိတဲ့ ဗုဒ္ဓအစွန်းရောက်အားလုံးက မွတ်စ်လင်မ်တွေကို မိမိတို့နိုင်ငံသား အစိတ်အပိုင်း တစ်ရပ်အဖြစ် မပါဝင်အောင် ဆန့်ကျင်ပယ်ချသွားဖို့ အတွေးအခေါ် ၀င်နေကြပါတယ်။ လူနည်းစု မွတ်စ်လင်မ်တွေကို ၀ိုင်းကြဉ်ဖို့ကြိုးစားနေကြတဲ့ လူငယ်ပိုင်းတွေလည်း ပါဝင်နေတဲ့ အဲ့ဒီ ဖယ်ထုတ်ရေး ၀ါဒီတွေကြောင့် အစွန်းရောက် အင်အားစုကို တန်ပြန်ဆန့်ကျင်ဖို့လို မလိုဆိုတာ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ အနောက်အာဖရိက ကနေ အရှေ့တောင်အာရှအထိ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများအပေါ် ခြိမ်းချောက်မှုတွေ ကြီးထွားနေရတဲ့အဓိကအချက်ကို သုံးသပ်ကြဖို့ အရေးကြီးနေပါပြီ။
မြန်မာနိုင်ငံကပြဿနာကိုကြည့်ယင်
ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana က မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ရောက်ရှိခဲ့တယ်။ ရခိုင်ပြည်နယ် ပဋိပက္ခပြဿနာ မီးတောက်ဟာ မြန်မာနိုင်ငံ ရဲ့အခြားသော ဒေသတွေ ဆီကိုလည်း ကူးစက်တောက်လောင်နေပြီ။ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ဆိုင် ရာ လုပ်ငန်းစဉ်ကို အမြစ်လှန်ပြီးပြုပြင်ပြောင်းလဲဖ
မြန်မာအစိုးရက ပြည်တွင်းအစွန်းရောက်သမားတွေရဲ့
မစ္စတာ ကင်တာနား၊ HRW လို လူ့အခွင့်အရေးအဖွဲ့တို့ရဲ့အရေးေ
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရမယ့် ထိပ်ဆုံးနိုင်ငံအဖြစ် စုံညီစွာ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ညီလာခံထုတ်ပြန်ချက် ၂၂ ပိုဒ်မှာ ၃ ပိုဒ်က ကုလသမဂ္ဂရဲ့စိုးရိမ်မကင်းမှုကို ဖော်ပြထားခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာ မကြုံစဖူးအပြောင်းအလဲတွေကတော့ အချိန်တိုအတွင်း မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ် လာမှာပါ။ ဒါပေမယ့် ရိုဟင်ဂျာလူမျိုးစုရဲ့ ကိစ္စအပါအ၀င် လူအခွင့်အရေးစိန်ခေါ်ချက်အများအြ
http://www.m-mediagroup.com/

No comments:
Post a Comment