Saturday, February 2, 2013

"သူများယဉ်ကျေးမှုကို နားလည်အောင် ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း"


"သူများယဉ်ကျေးမှုကို နားလည်အောင် ကြိုးစားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း"
 
ကိုယ်နဲ့မတူတဲ့ တွေးခေါ်မှုတွေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး နားလည်အောင်ကြိုးစားတတ်မှ မြန်မာနိုင်ငံအတွင်းမှာ ညီညွတ်မှု ကိုရရှိနိုင်မှာ ဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်တဲ့ ဧရာဝတီ စာပေပွဲတော်မှာ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒုတိယနေ့အဖြစ်ကျင်းပတဲ့စာပေပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။

 တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာက စာပေသမားတွေနဲ့ တွေ့ထိခွင့်ရတဲ့အခါမှာ အတွေးအခေါ်မျိုးစုံ ယဉ်ကျေးမှုမျိုးစုံကိုအများကြီးသင်ယူနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း     ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
ဒီစာပေဟောပြောပွဲဟာ နိုင်ငံတကာနဲ့ မြန်မာပြည်က စာရေးဆရာတွေ ပထမဆုံးအကြိမ် ပူးပေါင်း ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက စာရေးဆရာ ၂၄ဦး၊ မြန်မာနိုင်ငံက စာရေးဆရာ ၃၆ဦးတို့ ပါဝင်ဆွေးနွေးနေကြပါတယ်။ကိုယ်နဲ့မတူတဲ့ တွေးခေါ်မှုတွေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားပြီး နားလည်အောင် ကြိုးစားတတ် မှ မြန်မာနိုင်ငံအတွင်းမှာ ညီညွတ်မှု ကိုရရှိနိုင် မှာ ဖြစ်တယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ပြုလုပ်တဲ့ ဧရာဝတီ စာပေပွဲတော်မှာ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဒုတိယနေ့အဖြစ်ကျင်းပတဲ့စာပေပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာပါ။

တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာက စာပေသမားတွေ နဲ့ တွေ့ထိခွင့် ရတဲ့အခါမှာ အတွေးအခေါ်မျိုးစုံ ယဉ်ကျေးမှုမျိုးစုံကိုအများကြီးသင်ယူနိုင်မယ်လို့ မျှော်လင့် တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီစာပေဟောပြောပွဲဟာ နိုင်ငံတကာနဲ့ မြန်မာပြည်က စာရေးဆရာတွေ ပထမဆုံးအကြိမ် ပူးပေါင်း ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက စာရေးဆရာ ၂၄ဦး၊ မြန်မာနိုင်ငံက စာရေးဆရာ ၃၆ဦးတို့ ပါဝင်ဆွေးနွေးနေကြပါတယ်။

No comments:

Post a Comment