Monday, November 19, 2012

မြန်မာပြည်သူများသို့ အိုဘားမားမိန့် ခွန်း


ကျွန်တော် ဒီနေ့ ဒီကို ရောက်လာတာ ဘာကြောင့်လည်းဆိုတော့ အမေရိကရဲ့
လူ့ဂုဏ်သိက္ခာဆိုင်ရာ ယုံကြည်မှုကြောင့်ပါပဲ။ ကျွန်တော် တို့ နှစ်နိုင်ငံကြား
ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ သူစိမ်းတရံဆန်နေခဲ့တယ်။
ဒါပေမယ့် ဒီနေ့ မှာတော့ မြန်မာနိုင်ငံသားတွေအပေါ် မိမိတို့ မျှော်လင့်ချက်တွေ
ရှိနေတယ်ဆိုကာကို ကျွန် တော်ထုတ်ဖော် ပြောကြားလိုပါတယ်။
ကျွန်တော့်တို့ အပေါ် ခင်ဗျားတို့ က မျှော်လင့်ချက်တွေပေးစွမ်း နိုင် ခဲ့ပါတယ်။
သင်တို့ ရဲ့ရဲစွမ်းသတ္တိရှိမူကိုလည်း ကျွန်တော်တို့ လက်တွေ့ တွေ့ မြင်နေရပါပြီ။
အဖြုရောင်ဝတ်ဆင်ထားတဲ့ တတ်ကြွလှုပ်ရှားသူတွေ တနင်္ဂနွေနေ့ တိုင်းမှာ
နိုင်ငံရေးအကျဉ်းသမား တွေ ရဲ့ မိသားစုတွေဆီ သွားရောက်လည်ပတ်
အားပေးလေ့ရှိတာတွေ၊ ရွေဝါရောင် သင်္ကန်းရုံ ထားတဲ့ ဘုန်းတော်ကြီးတွေ
လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြတာတွေကို ကျွန်တော်တို့ တွေ့ မြင် ခဲ့ရပါတယ်။

ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ နိုင်ငံသားတွေကို ကူညီကယ်ဆယ်ဖို့ 
သာမန်မြန်မာပြည်သူတွေ စုပေါင်းပြီး ကယ် ဆယ်ရေးအဖွဲ့  တွေ
ဖွဲ့ စည်းခဲ့တာတွေကနေ ကျွန်တော်တို့ လေ့လာသင်ယူမူပြုခဲ့ပါတယ်။
လွတ်လပ်မူကို ဆောင် ကြဉ်းပေးဖို့ တောင်းဆိုနေတဲ့ ကျောင်းသားလူငယ်လေးတွေရဲ့
အသံကို ကြားနေရသလို လွတ်လပ်မူကို ဖော် ကျုးတဲ့ ဟစ်ဟော့ဂီတသမားတွေရဲ့ တောင်းဆိုသံတွေကိုလည်း ကြားနေရပါတယ်။
ပြည်ပမှာရောက်ရှိနေသူတွေနဲ့  ဒုက္ခသည်တွေဟာ မြန်မာပြည်မှာရှိတဲ့ မိသားစု
ဘိုးဘွားတွေနဲ့ ဘယ်တော့မှ အဆက်အသွယ်မပြတ်ဘူးဆိုတာကို ကျွန်တော်တို့
သိရှိလာပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မူပြင်းထန်လှတဲ စိတ်ဆန္ဒ နဲ့
ဂုဏ်သိက္ခာ ကလည်း ကျွန်တော်တို့ ကို အားကျအတုယူလိုစိတ်ဖြစ် ပေါ်စေခဲ့ပါတယ်။
ကိုယ့် နှလုံးအိမ်ထဲမှာ ယုံကြည်မျှော်လင့်ချက်တွေ ပြည့်လျှံနေသ၍ ဘယ်လို ချုပ်နှောင်တားဆီးခြင်းကမှ လူသားတွေကို တားမြစ်ချုပ်ခြယ်မူမပြုနိုင်ဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သက်သေထူခဲ့ပါ တယ်။
အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ မိမိစတင်တာဝန်ယူခဲ့စအချိန်မှာ
အကြောက်တရားနဲ့ စိုးမိုးအုပ်ချုပ်နေတဲ့ အစိုးရတွေဆီကို သဝဏ်လွှာတစ်စောင်
ကျွန်တော်ပေးပို့ ခဲ့ပါတယ်။ “ သင်တို့ ရဲ့ လက်သီးဆုပ်ကိုဖြေချပေးမယ်ဆိုရင်
ကျွန်တော်တို့ က လည်း လက်ကမ်းပေးမှာပါ” ဆို တဲ့အကြောင်းပဲဖြစ်တယ်။ (မြန်မာနိုင်ငံမှာ)နှစ်ပေါင်းငါးဆယ်ကျော်အုပ်စိုးလာခဲ့တဲ့အာဏာရှင်စနစ် ရဲ့ချုပ်ကိုင်မူတွေ လျှော့ချပေးလာတာကြောင့် ပြီးခဲ့တဲ့ တစ်နှစ်ခွဲတာကာလအတွင်း ပြောင်းလဲမူကြီးတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန် အုပ်ချုပ်မူအောက်မှာ အပြောင်းအလဲလုပ်လိုတဲ့ဆန္ဒဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ တစ်ထပ်တည်းနီးပါးကျခဲ့ပါတယ်။ ယခုအခါ အစိုးရအဖွဲ့ ကို အရပ်သားတွေက
ဦးဆောင်နေပြီး လွတ်တော်ကလည်း မိမိအလုပ်ကိုမိမိ ရဲဝံ့ပြတ်သားစွာ
လုပ်ဆောင်နေပြီ ဖြစ်တယ်။ တချိန်က ဥပဒေအရ တရားမ၀င်ကြောင်းကြေညာခံထားခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာလည်း ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ သလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရတဲ့အကျဉ်သားရာပေါင်းများစွာ
လွတ်မြောက်လာသလို အဓမ္မစေခိုင်းမူတွေကိုလည်း ပိတ်ပင်တားမြစ်
ထားတာကိုတွေ့ ရပါတယ်။ လူမျိုးစုတပ်မတော်တွေနဲ့ ပဏာမ အပစ်အခတ်
ရပ်စဲရေးတွေလုပ် နေသလို စီးပွားရေးနယ်ပယ်ကို ပိုမိုကျယ်ပြန့် စွာဖွင့်လှစ်နိုင်ရေး
အတွက်လိုအပ်တဲ့ ဥပဒေတွေထုတ်ပြန်ပေးနေတာကို လည်းတွေ့ ရပါတယ်။
ဒါကြောင့် လက်ကမ်းကြိုဆိုပြီး မိတ်သင်္ဂဟဖြစ်မူကိုတိုးချဲ့ပေးမယ်ဆိုတဲ့
ကျွန်တော်တို့ ရဲ့ ကတိစကားကို အ ကောင်အထည်ဖော်ဖို့ ဒီနေ့ ဒီကို
ကျွန်တော်ရောက်လာတာပါ။

ရန်ကုန်မြို့ မှာ အမေရိကန်နိုင်ငံကိုယ်စားပြု သံအမတ် ကြီးတစ်ယောက်ရှိနေပါပြီ
စီးပွားရေးပိတ်ဆို့ မူတွေကိုလည်း ဖြေလျှော့ပေးနေပြီး မြန်မာစီးပွားရေးပြန်လည်တည်
ဆောက်နိုင်ဖို့ အတွက် လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးအပ်သွားပါမှာဖြစ်ပါတယ်။
အဲဒီလိုကူညီပေးသွားခြင်းကတစ်ဆင့် မြန်မာနိုင်ငံသားတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာဖြစ်သလို မြန်မာ့စီးပွားရေးကိုလည်း ကမ္ဘာ့ စီးပွားရေးတိုးတတ်မူရဲ့ 
အင်ဂျင်တစ်ခု ဖြစ်လာစေမှာဖြစ်တယ်။
အပေါ်ပိုင်းကနေဆောင်ရွက်လိုက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ အောက်ခြေပြည်သူတွေရဲ့လို အင်ဆန္ဒနဲ့ ကိုက်ညီမူရှိဖို့ လည်းလိုအပ်ပါတယ်။
ကျွန်တော်တို့မြင်တွေ့ နေတဲ့  ပြောင်းလဲတိုးတတ်မူ မိုတ်တုတ်မိုတ်တုတ်
အလင်းရောင်လေးဟာ ဘယ်တော့ မှ ကွယ်ပျောက်သွားမှာမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေ
အတွက် ထိန်လင်းတောက်ပတဲ့ ဓူဝံကြယ်ကြီးအဖြစ် တိုးတတ်တည်ရှိလာမှာပါ။

(မူကြမ်းသာဖြစ်ပြီး အနည်းငယ်အပြောင်းအလဲရှိနိုင်သည်)

(မှတ်ချက်။ အိမ်ဖြူတော်မှ အရာရှိကြီးတစ်ဦးပေးပို့သည့် မူကြမ်းကိုဘာသာပြန်ဆိုခြင်းဖြစ်သည်)

Credit to Voice Weekly

No comments:

Post a Comment