Sunday, November 18, 2012

ရိုဟင်ဂျာများအတွက် နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ သင့်တော်မှန်ကန်၍ ပေးသင့်ပေးထိုက်သော အခွင့်အရေးများ ပေးနိုင်အောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတက ကုလသမဂ္ဂသို့ ပေးစာတွင် ထည့်သွင်းဖော်ပြထား


--------------

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂသို့ ပေးပို့သော ပေးစာတွင် နိုင်ငံမဲ့ဖြစ်နေေ
သာ ရိုဟင်ဂျာများအတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင့်တော်မှန်ကန်၍ ပေးသင့်ပေးထိုက်သော အခွင့်အရေးများ ပေးနိုင်အောင် စီမံသွားမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂသို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပေးပို့သော ပေးစာတွင် ဖော်ပြထားသည့် သဘောထားကို ကြိုဆိုကြောင်းဖြင့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပေးသော ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာသမ္မတ ဦးသိန်းစိန်၏ ပေးစာတွင်ပါသော ရေးသားဖော်ပြချက်များသည် မှန်ကန်သောလမ်းစဉ်ဖြစ်ကြောင်း” ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကုလသမဂ္ဂသို့ ပေးစာတွင် မြန်မာသမ္မတအနေဖြင့် ရိုဟင်ဂျာများအား နိုင်ငံသားခံယူခွင့် ပြု မပြုနှင့် စပ်လျဉ်း၍ တိကျသော ခံဝန်ကတိများ ပေးမထားသလို၊ တင်းမာမှုများ လျော့ကျအောင် ဆောင်ရွက်မည့် နောက်ဆုံးအချိန်ကိုလည်း ထည့်သွင်းဖော်ပြထားခြင်း မရှိသည့်တိုင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပေးအပ်သင့်သော အခွင့်အရေးများ ပေးနိုင်အောင် စီမံသွားမည်ဟူသော သဘောထားမှန်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုဆိုကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အရေး ပဋိပက္ခများ ပြေလည်ရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့သူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာသမ္မတက ပေးစာတွင် ထည့်သွင်းဖော်ပြထားသည်ဟု ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံတကာက လက်ခံထားသော စံနှုန်းများနှင့်အညီ ရိုဟင်ဂျာများအတွက် အလုပ်လုပ်ကိုင်ခွင့်၊ လွပ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ခွင့်ပြုချက်များ ထုတ်ပေးနိုင်ရေးအတွက်လည်း မိမိတို့ လေ့လာဆန်းစစ်လျက်ရှိသည်ဟု မြန်မာသမ္မတက ထည့်သွင်းရေးသားထားကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment