Friday, November 9, 2012

မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက်ရန် လိုဟု ဒဲရစ်မစ်ချယ် ဆို

Friday, November 09, 2012

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဖော်ဆောင်လျက် ရှိသည့်
မြန်မာနိုင်ငံအနေနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကင
်းရှင်းရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် က အကြံပြု ပြောကြားသည်။

နေပြည်တော် ၌ နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ
နှင့် နိုင်ငံတကာ မြေမြှုပ်မိုင်းရှင်းလင်းရေး အဖွဲ့အစည်းများ သုံးရက်ကြာ
ပြုလုပ်သည့် မိုင်းအန္တရာယ်ပညာပေးရေး အလုပ်ရုံအစည်းအဝေးတွင် အမေရိကန် သံအမတ်က အထက်ပါအတိုင်း အကြံပြု ပြောကြား ခဲ့ခြင်းဖြစ်သည်။

မိုင်းအန္တရာယ်ပညာပေး ဖြစ်စေ၊ ရှင်းလင်းရေး ဖြစ်စေ၊ အကူအညီ ပေးရေး
ဖြစ်စေ ပြည်သူလူထုကို စဉ်းစားပေးခြင်းပင် ဖြစ်ပြီး မြေမြှုပ်မိုင်း ရှင်းလင်း မှသာ မိုင်းအန္တရာယ် ကျရောက်လျက်ရှိသော ဒေသမှ ပြည်သူများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ် မြတ်မြတ်အုန်းခင် ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် ယင်းဒေသများဖွံ့ဖြိုးရေးအတွက် မိုင်း အသိပညာပေးခြင်း၊ ဒုက္ခရောက်သူများကို ထောက်ပံ့ခြင်း၊ မိုင်းရှာဖွေခြင်း တို့ကို ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဒေသခံ
ပြည်သူများ နှင့် အဖွဲ့အစည်းများ ဆွေးနွေးပွဲများပြုလုပ်၍ ယင်းရလဒ်များ အရ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကမူ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ
မင်းကြီးရုံးက ကချင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီးမှသာ မြန်မာ
နိုင်ငံ၌ မြေမြှုပ်မိုင်း ပညာပေးရေးများ စတင်လုပ်ကိုင်လာခြင်း ဖြစ်ကြောင်း
ထောက်ပြသည်။

ကချင်ပြည်နယ်အတွင်း၌ လယ်မြေ၊ ယာမြေများသို့ သွားရာလမ်းများတွင်
ထောင်ထားသည့် မြေမြှုပ် မိုင်းအန္တရာယ်ကြောင့် တောင်သူများမှာ လယ်မလုပ်ရဲ တော့ကြောင်း ယခုနှစ် ဇူလိုင်လအတွင်းက ကချင်ပြည်နယ် သို့ သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး
ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် က ဆိုသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းများကို ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့ရှိ မြို့နယ်များတွင်
မြှုပ်နှံထားကြောင်း မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Landmine Monitor)က ကြေညာထားသည်။
..............................................................................................
Reference and Credit to ^..^

The Voice Weekly

...........................................................................................

No comments:

Post a Comment