Monday, November 5, 2012

အကြမ်းဖက် ခေါင်းဆောင်ရခိုင်ဘုန်းကြီး ၅ ပါးအား မဟန နှင့် ၀န်ကြီး မှ သတိပေးရန် ခေါ်ယူ


Myanmar Muslim Net
အကြမ်းဖက် ခေါင်းဆောင်ဟု သံသယရှိသော ရခိုင်ဘုန်းကြီး ၅ ပါးအား မဟန နှင့် ၀န်ကြီး မှ သတိပေးရန် ခေါ်ယူ
သတင်း – FB ( မျိုးသာကီ )စစ်တွေမြို့တွေ အကြမ်းဖက်မီးရှို့ဖျက်စီးမှုများက
ို
ဦးဆောင်မှုပေးနေသည်ဟု ယုံကြည်ရသော ရခိုင်ဘုန်းကြီး ၅ ပါးအား ပြည်နယ် သာသနာရေး ၀န်ကြီးဌာနမှ တစ်ဆင့် ရန်ကုန်မြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း။ ၅ ပါးအနက် ၁ပါးမှာ ခရီးလွန်နေသည်ဟု အကြောင်းပြ ကာ ရောက်ရှိ မလာခဲ့ ကြောင်း၊ ရောက်ရှိလာသော ၄ ပါးအား ကမ္ဘာအေး စေတီဝင်းအတွင်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များက ခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

“ရန်ကုန်ရောက်တာနဲ့ တည်းတဲ့ ဘုန်းကြီးကျောင်းကိုတောင် အရင်မသွားခိုင်းပဲ တစ်ခါတည်း ကမ္ဘာအေးကို ခေါ်သွားပြီး မဟန ဆရာတော်တွေ နဲ့ တွေ့ခိုင်းတယ်၊ ပဋိပက္ခတွေကြားထဲမှာ သံဃာတွေ ထဲထဲဝင်ဝင် ပါဝင်ပါတ်သက်ရင် ၀ိနည်းသိက္ခာပုဒ်နဲ့ မလျော်ညီဘူးဟု” မဟန ဆရာတော်များက ရခိုင်ဘုန်းကြီးများကို သတိပေးခဲ့ကြောင်းလည်း သိရပါသည်။ယင်းကဲ့သို့ ခေါ်ယူသတိပေးခံခဲ့ ရသော ဘုန်းကြီးများမှာ ရခိုင်အကြမ်းဖက်သမားများကို ထောက်ပံနေသာ ပုသိမ်ကျောင်းတိုက် ၊ ဒက္ခိဏကျောင်းတိုက် ၊ နန္ဒာရာမကျောင်းတိုက်နှင့် မဏိရတနာကျောင်းတိုက်တို့မှ ကျောင်းထိုင်ဆရာတော်များဖြစ်ပြီး ဓမ္မသုခကျောင်းတိုက်မှ ဆရာတော်မှာမူ ခရီးလွန်နေ သဖြင့် မသွားနိုင်ကြောင်း သိရသည်။ အဆိုပါ ကျောင်းတိုက်များသည် RNDP အကြမ်းဖက်သမားများက နယ်မြေ အကြမ်းဖက် စခန်းများ အဖြစ် အသွင်ပြောင်း စခန်းဖွင့်လှစ်ထားသော ဘုန်းကြီးကျောင်းများဖြစ်ကြောင်း၊ အကြမ်းဖက်မှုများ ကို အဆိုပါ ကျောင်းတိုက်များတွင် စတင်စုဝေး တိုင်ပင်ကြပြီး လိုအပ်သည့် ညွန်ကြားချက်များကို ယင်းကျောင်းတိုက်များမှ တစ်ဆင့်ပေးနေကြောင်းသိရှိရပါသည်

ထိုအပြင် အကြမ်းဖက်သမားများက ၎င်းတို့၏ လက်နက်ခဲယမ်းမီးကျောက်များအား အဆိုပါ ဘုန်းကြီးကျောင်းများတွင် သိမ်းဆည်းထားပြီး မီးရှို့ဖျက်စီးမှု များပြုလုပ်ရန်လောင်စာများကိုလည်း သိုလှောင်ထားကြောင်း။ ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ သတင်းများကြောင့် ယနေ့ ၄ ရက်နေ့တွင် သာသနာရေးဝန်ကြီးမှာ အဆိုပါ ဘုန်းကြီးများ အားတွေ့ဆုံရန် ခေါ်ယူထားကြောင်း သတင်း ရရှိပါသည်။ ယင်းသို့ ခေါ်ယူမှုကြောင့် ရခိုင်လူမျိုးများက စိုးရိမ်နေကြကြောင်း၊ အဆိုပါဘုန်းကြီးများကို နိုင်ငံတော်မှ ထိမ်းသိန်းပါက အစိုးရကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ဘုန်းကြီးတွေက ရခိုင်ကို ကာကွယ်တာ ရခိုင်လွတ်လပ်ရေးကို ဦးဆောင်တာ ဒီဘုန်းကြီးတွေကို ဖမ်းမယ်ဆိုယင် ရခိုင်တစ်မျိုးသားလုံး အစိုးရကို ပြန်လွတ်တဲ့ အထိ တိုက်ပွဲဝင်သွားမယ် ဟု ” ရန်ကုန်မြို့ရှိ အဆိုပါ ဘုန်းကြီး များကို ဆွမ်းကွမ်း ဆည်းကပ်သူ ရခိုင်အမျိုးသား တစ်ဦးက ပြောကြားခဲ့ကြောင်း အဆိုပါ ရခိုင်အမျိုးသားနှင့် နီးစပ်သည့် ရန်ကုန်မြို့ခံ တစ်ဦးက FB တွင် ရေးသားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment