Thursday, October 18, 2012

Workshop on the process of relief , Rehabilitation, the rule of law & sustainable, Development in the rakhine state.




Date: 22-23 september 2012
Venue: Nay Pyi Taw
  •              NDPD ပါတီမှ ဦးသာအေး (ခ) Abu Tahay က- Rohingya နှင့် ရခိုင်လူမျိုးတို့ ရင်ကြားစေ့ရာတွင် အဟန့်အထား (၃) ခုကို ဖယ်ရှားရန်လိုကြောင်း၊ ယင်းတို့မှာ-
  • ၁။ ရိုဟင်ဂျာလူမျိုး၏ မျိုးရိုးစဉ်ဆက် ရခိုင်လူမျိုးတို့ နားမလည်ခြင်း
  • ၂။ ၁၉၈၂- ခုနှစ် နိုင်ငံသားဥပဒေ နှင့်
  • ၃။ နောက်ကြောင်းပြန် အာဏာသက်ရောက်မှုတို့ ဖြစ်ကြောင်းတင်ပြဆွေးနွေးခဲ့သည်။
  •              ရိုဟင်ဂျာလူမျိုးများသည် ခိုးဝင်လာသူများမဟုတ် ဒေသခံပြည်သူများဖြစ်ပြီး AD ၈- ရာစု မတုင်မီ ဟိန္ဒူ ဘာသာကိုးကွယ်သူ အင်ဒို-အာရီယန်မျိုးဆက်ဖြစ်ကြောင်း၊ AD ၈- ရာစုမှာ အစ္စလာမ် ဘာသာကို ကိုးကွယ်လာပြီး ယင်တို့မှာ သွေးမနှောသော မူလ ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း၊ ၄င်းနောက်အာရဖ်၊ ပါရှင်၊ ရောမ၊ ပေါ်တူဂီ၊ မဂို နှင့် ဘင်င်္ဂါလီတို့နှင့် သွေးနှော ရိုဟင်ဂျင် များဖြစ်လာကြောင်း၊ ယင်းတို့သည် ၁၉၂၃ မတုင်မီက အခြေချနေထိုင်မှုကြောင့် တိုင်းရင်းသားဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။
  •                ၄င်းအပြေင် ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး MR patson မှတ်တမ်းအရ ၁၈၂၆- ခုနှစ်တွင် ရခိုင်ပြည်နယ်၌မဟာမေဒင် သုံးသောင်း၊ Burmese ခြောက်သောင်းနှင့် အခြားလူမျိုးတသောင်းရှိခဲ့ရာ ယ္ခု Burmese ခြောက်သောင်းမှ ၃၅ သိန်းထိ ၄င်း၊ ရိုဟင်ဂျာ သုံးသောင်းမှ ပြည်တွင်းတွင် ၁၂- သိန်းထိ ၄င်း ဖြစ်လာရာ နောက်ဆုံး ကိန်းဂဏန်း ကို နှိုင်းယှဉ်ကြည့်လျှင် လူဦးရေပေါင်းပွမှု မရှိသည်ကို တွေ့ရကြောင်း ဆွေးနွေးသွားသည်။
  •                အကယ်၍ socio-ecomonic politics  အရာကြည့်လျှင် ရိုဟင်ဂျာများသည် အစ္စလာမ် ဘာသာဝင် များဖြစ်၍ အပျော်မလိုက်ကြောင်း၊ တနေ့ကုန်အလုပ်လုပ်ပြီး တညလုံး မိမိ၏ အမျိုးသမီးများနှင့် entertain လုပ်ကြောင်း ဒါကိုကြည့်လျှင် လူဦးရေပေါင်းပွနိုင်ကြောင်း၊ ၁၈၂၆- ခုနှစ် ရှိ ရိုဟင်ဂျာ လူဦးရေကို မြန်မာနိုင်ငံ၏ မွေးဖွား နုန်း ၂.၅% နှင့် တွက်လိုက်လျှင် ယနေ့ ရိုဟင်ဂျာ လူမျိုး ဦးရေမှာ သိန်း ၄၀ ကျော် ရှိရမည်ဖြစ်ကြောင်း၊ သို့သော် ၁၂ သိန်း သာပြည်တွင်းတွင် ရှိနေသည်ကို နိုင်းလိုက်လျှင် တဖက်နိုင်မှာ ခိုးဝင်လာသည်ကို မတွေ့ရပဲ၊ တွက်ပြေးနေသည်သာ ပေါ်လွင်ကြောင်း ဆွေးနွေးသွားခဲ့သည်။    

1 comment:

  1. ဦးသာအေးရဲ့ ညာဏ်အမြှော်အမြင်နှင့်ပြည့်စုံသော အကြံပြုချက်နှင့် သဘောထားအား ချွင်းချက်မရှိလက်ခံပါတယ်။

    ReplyDelete