ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် ဒေါ်နော်အုံးလှ အပါအဝင် အမျိုးသမီး ၁ဝ ဦးအား မုံရွာတွင် ထိန်းသိမ်း
မုံရွာမြို့၌ ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော် မှုကြောင့်
ဒေါ်နော်အုံး လှ နှင့် လက်ပံတောင်းတောင်ဒေသ မှ အမျိုးသမီး ၉ ဦးကို ရဲက ထိန်းသိမ်း
လိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှစကာ
ဆားလင်းကြီးမြို့နယ်မှ ရွာသူအယောက် ၃ဝ ကျော်ခန့်က မုံရွာသို့လာရောက်၍ ဆန္ဒပြရန်
စုရုံး နေကြောင်း၊ ထို့နောက် ဒေါ်နော်အုံးလှ ပါရောက်ရှိလာ ကာ လှေဆိပ်မှတစ်ဆင့်
မုံရွာ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်သို့ ဆက်လက်ချီတက်လာသဖြင့် ရဲက
ဆက်လက်မသွားရန်တားဆီးခဲ့ ရာ မရ ၍ ထိန်းသိမ်းခြင်းဖြစ်ကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ
ရဲမှူးဦးစိုးအောင် က ပြောသည်။
''တရားဝင် ခွင့်ပြုမှုလည်း မရှိဘူး။ ဒါ့ကြောင့်
ဆက်မသွားဖို့တားတာ။ လက်မခံလို့ ရဲကဖမ်းဆီးလိုက်တာပါ'' ဟု ¤င်းက ပြောသည်။
ဒေါ်နော်အုံးလှနှင့် ဆားလင်း ကြီး ဒေသခံအမျိုးသမီး ၉
ဦးကို ရဲကထိန်းသိမ်းစဉ်အင်အား ၅ဝကျော် ခန့်ဖြင့်သာ ဆောင်ရွက်ကြောင်း ရဲမှူးက
ဆက်ပြောသည်။
''ကျွန်တော်တို့ ကြမ်းကြမ်းတမ်း တမ်းကြီး မလုပ်ပါဘူး။
ဒါပေမဲ့ ထိန်း သိမ်းရတာဆိုတော့ ဆွဲပြီး ကားပေါ် တင်ရတာတော့ ရှိတယ်။ ဒါပါပဲ'' ဟု
ရဲမှူးက ဆိုသည်။
သို့သော် မိတ္ထီလာပြည်သူ့ကွန် ရက်မှ ဦးဖိုးလပြည့်က
ဆန္ဒပြသူကို ရဲက ထိန်းသိမ်းရာတွင် အင်အား ၂ဝဝ ခန့်ရှိမည်ဖြစ်ပြီး ဆန္ဒပြသူ
အမျိုးသမီးများအား ရဲ၏ထိန်းသိမ်းမှု မှာ ကြမ်းတမ်းသည်ကို မျက်မြင်တွေ့ ခဲ့ကြောင်း
ပြောသည်။
''ဆန္ဒပြသူအများစုက အမျိုး သမီးတွေချည်းပဲ''ဟု
ဦးဖိုးလပြည့်က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရဲက ည နေ ၄ နာရီအချိန်တွင်
ဒေါ်နော်အုံး လှ နှင့် အမျိုးသမီး ၉ ဦးအား မုံရွာ အမှတ်(၁)ရဲစခန်း၌ ပုဒ်မ
၁၈ဖြင့်အမှု ဖွင့် အရေးယူလိုက်သည်ဟု ပြောသည်။
''ဒေါ်နော်အုံးလှက လက်ပံ တောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး
ဒီမှာ ဆန္ဒလာပြတာမျိုး မရှိခဲ့ဘူး''ဟု ရဲမှူးက ဆိုသည်။
လက်ပံတောင်းတောင် စာချုပ် ကို အသစ်ပြန်လည်ပြင်ဆင်ပြီး
နောက် ပိုင်း ရဲက တရားမဝင်ဆန္ဒပြမှု ဖြင့် ဖမ်းဆီးခြင်းသည် မုံရွာတွင် ပထမဦးဆုံး
ဖြစ်သည်။
မိတ္ထီလာကွန်ရက်မှ ဦးဖိုးလပြည့် က ၄င်းနှင့် ဒေသခံ ၁ဝဝ
ခန့်က ဆန္ဒပြ သူများကို ထိန်းသိမ်းထားသည့် အမှတ် (၁)ရဲစခန်းနားရှိ
မြို့မဂါတ်ကျောင်းတွင် ပိတ်မိနေသည်ဟု ယနေ့ညနေ ၆ နာရီခွဲ တွင် ပြောသည်။
နောက်ဆုံးရရှိသည့်သတင်းများ အရ ညနေ ၆
နာရီခွဲကျော်တွင် ရဲက ဒေသခံအမျိုးသမီး ၉ ဦးကို ပြန်လွှတ် ပေးခဲ့သည်ဟု ၄င်းက ပြောသည်။
No comments:
Post a Comment