သူ့နာမည်က မောင်မြင့်မောင်ပါ။ ရခိုင်ပြည်နယ်ရဲ့ အစပ်က အစ္စလာမ်ဘာသာကို
စွန့်ခွာခဲ့သော မျိုးရိုးတစ်ခု ကနေ ဆင်းသက်လာတဲ့ ကျပန်းလုပ်သားတစ်ဦး နဲ့ အောက်ပြည်ဘက်က
အခြေအနေမဲ့ လက်လုပ်လက် စား တောသူမတစ်ဦးတို့ဟာ တရားဝင် လက်မထပ်ဘဲ သူ့ကို မွေးဖွားခဲ့ပါတယ်။
ငယ်စဉ်ဘ၀မှာ ရပ်ထဲ ရွာထဲက ဈေး၊ လဘက်ရည်ဆိုင်၊ ရုပ်ရှင်ရုံနဲ့ ကားဂိတ်တွေမှာ ရသလို အလစ်သုတ်ပြီး ဘ၀ကို ရပ်တည်ခဲ့ရာက ဆယ်နှစ်သားလောက်မှာ မြို့နယ်စည်ပင်သာယာက ဖမ်းဆီးပြီး ရန်ကုန်မြို့က ပညာပေး သင်တန်းကျောင်းတစ်ခုကို အပို့ခံခဲ့ရပါတယ်။
တစ်နှစ်လောက်ကြာတဲ့အခါ တောရဦးပဇင်းတစ်ပါးက ထိန်းသိမ်းရေးကျောင်းမှာ လာပြီး အလှူခံလို့ သူကလည်း လိုက်မယ်ဆိုရာက ဘုန်းကြီးကျောင်း ကပ်ပိရဘ၀ကို ရောက်သွားခဲ့ပါတယ်။
သူ့ဘ၀က သိပ်ကို ကြမ်းတမ်းပါတယ်။ ကပ်ပိရဘ၀နဲ့ပဲ အရွယ်ရောက်လာပြီးနောက် ဆရာတော်က စာသင်ပေးလို့ ဗမာစာကို တတ်သင့်သလောက် တက်ခဲ့ပါတယ်။ ကုလားစပ် ဖြူဖြူသွယ်သွယ်နဲ့ ရန်ကုန်ကရောက်လာသူ ကပ်ပိယတစ်ယောက်ဖြစ်နေတာမို့ ဆွမ်းသွားယူရာနေရာတွေက ရွာသူမတွေနဲ့ ပလူး ပလဲနေထိုင်ရင်းနှီး ကျွမ်းဝင်လာခဲ့ပါတယ်။ မိန်းကလေးများကြား အရွယ်ရောက်လာသူမို့ မိန်းမတို့ရဲ့ သဘာဝတွေဘက်ကို ပိုမိုယိမ်းယိုင်လာက မိန်းမစိတ်ဝင်လာတဲ့ မိန်းမရှာ ကပ်ပိယတစ်ဦးဖြစ်လာခဲ့ပြီး၊
မိမိကိုယ်မိမိ အားနွဲ့တဲ့ မိန်းမသားလေးအဖြစ် မှတ်ယူကာ ယောက်ျားများကို
မြင်တိုင်း ရှက်ရွံ့သလို ပုံစံတွေဖြစ်လာရာက ရွာက ကာလသားတွေရဲ့ ဘုံဆိုင်လို၊ ရွာထိပ်
ထန်းတောလို၊ တောထဲကြက်ဝိုင်းလို၊ ရွာစွန် သင်္ချိုင်းက ဖဲဝိုင်လို နေရာတွေမှာ ခေါ်ပြီး
အစခံရ၊ အတင်းရိုက်နှက်ပြီး ကခိုင်းတာခံရ၊ ဇာတ်လမ်းခင်း သရုပ်ပြခိုင်းခံရကာ နောက်ဆုံး
လူပျိုစင် မြင့်မောင်လေးရဲ့ ယောက်ျားသားဘ၀ကို အဓမ္မဖျက်ဆီးခြင်း အထိကိုပါ ခံခဲ့ရပါတယ်။
တဖြည်းဖြည်းနဲ့ ယောက်ျားချင်း နေထိုင်ရတာကို ပိုမို သာယာတတ်လာ ခဲ့ပြီး ယောက်ျားတွေနဲ့
အနေများကာ သာယာနေရတဲ့ သတင်းများကြောင့် ဘုန်းကြီးက ဒီအတိုင်းဆို မဖြစ်ချေ ဘူး၊ ရောဂါတွေဘာတွေ
ရနေမယ်။ ငါက သူ့ကို မွေးစားခဲ့တာ။ ငါ့မှာ တာဝန်ရှိ တယ်။ မောင်မြင့်မောင်ဟာ မိန်းမသားအစစ်လဲမဟုတ်လို့
အိမ်ထောင်ပြုမယ်ဆိုရင်လည်း မိန်းမသားလို သူ့ကို ဘယ်သူမှ စောင့်ရှောက်မှာမဟုတ်ဘူးဆိုတာကြောင့်ရယ်။
တို့ မြန်မာ့ယဉ်ကျေးမှုအရ လည်း ယောက်ျားချင်း လိင်တူ အိမ်ထောင်ပြု လက်ထပ်လို့ မရဘူးဆိုတာတွေကြောင့်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကပ်ပိယဘ၀နဲ့နေထိုင်သွားရင်တော့ ဘုန်းကြီးမရှိတော့တဲ့အခါ သူ့အတွက်
ရင်လေးလှချေရဲ့ဆိုပြီး သူ့ဘ၀ သူ လျှောက်လှမ်းနိုင် သူ့ကို ဘ၀အတွက် အာမခံချက်လေး တစ်ခုခု
ရှိရအောင်ဆိုပြီး မန္တလေးမြို့ကို အသက်မွေးပညာတစ်ခုခုသင်ဖို့ ရပ်ထဲရွာထဲက ၀ိုင်းဝန်း
ပံ့ပိုးမှုနဲ့ ပို့ပေးလိုက်ပါတယ်။ငယ်စဉ်ဘ၀မှာ ရပ်ထဲ ရွာထဲက ဈေး၊ လဘက်ရည်ဆိုင်၊ ရုပ်ရှင်ရုံနဲ့ ကားဂိတ်တွေမှာ ရသလို အလစ်သုတ်ပြီး ဘ၀ကို ရပ်တည်ခဲ့ရာက ဆယ်နှစ်သားလောက်မှာ မြို့နယ်စည်ပင်သာယာက ဖမ်းဆီးပြီး ရန်ကုန်မြို့က ပညာပေး သင်တန်းကျောင်းတစ်ခုကို အပို့ခံခဲ့ရပါတယ်။
တစ်နှစ်လောက်ကြာတဲ့အခါ တောရဦးပဇင်းတစ်ပါးက ထိန်းသိမ်းရေးကျောင်းမှာ လာပြီး အလှူခံလို့ သူကလည်း လိုက်မယ်ဆိုရာက ဘုန်းကြီးကျောင်း ကပ်ပိရဘ၀ကို ရောက်သွားခဲ့ပါတယ်။
သူ့ဘ၀က သိပ်ကို ကြမ်းတမ်းပါတယ်။ ကပ်ပိရဘ၀နဲ့ပဲ အရွယ်ရောက်လာပြီးနောက် ဆရာတော်က စာသင်ပေးလို့ ဗမာစာကို တတ်သင့်သလောက် တက်ခဲ့ပါတယ်။ ကုလားစပ် ဖြူဖြူသွယ်သွယ်နဲ့ ရန်ကုန်ကရောက်လာသူ ကပ်ပိယတစ်ယောက်ဖြစ်နေတာမို့ ဆွမ်းသွားယူရာနေရာတွေက ရွာသူမတွေနဲ့ ပလူး ပလဲနေထိုင်ရင်းနှီး ကျွမ်းဝင်လာခဲ့ပါတယ်။ မိန်းကလေးများကြား အရွယ်ရောက်လာသူမို့ မိန်းမတို့ရဲ့ သဘာဝတွေဘက်ကို ပိုမိုယိမ်းယိုင်လာက မိန်းမစိတ်ဝင်လာတဲ့ မိန်းမရှာ ကပ်ပိယတစ်ဦးဖြစ်လာခဲ့ပြီး၊
အသက်မွေးပညာသင်ရင်း ကိုယ့်ဘ၀ကိုယ် ရပ်တည်တတ်စေချင်လို့ ကျေးဇူးရှင် ဆရာတော်ဘုန်းကြီးက လွှတ်လိုက်ပေမယ့် နဂိုကတည်းက လူပျိုဘ၀လဲ ယောက်ျားချင်း ဖျက်၍ ပျက်စီးခဲ့ရပြီး၊ ကပ်ပိယ လုပ်ခဲ့ရ တဲ့သူဟာဘ၀ဇာတ်နာနေသူလဲဖစ်တာကြောင့်သနားဂရုဏာသက်မိတဲ့ဆရာတော်က အေးအေးဆေး
ဆေးနေပြီး ပညာသင်နိုင်အောင် မန္တလေးမြို့က လှူဒါန်းသူပေါလို့ အေးဆေးနေရတဲ့ မစိုးရိမ်တိုက်မှာ ပညာသင်နေစဉ် နေထိုင်နိုင်ရအောင်လို့ မိတ်ဆက်စာတစ်စောင် ရေး သားပြီး နေရေးထိုင်ရေးအတွက် စီစဉ်ပေးလိုက်ပါတယ်။
ငယ်စဉ်ကတည်းက လမ်းပေါ်မှာ အလစ်သုတ် ခိုးစားခဲ့သူပီပီ လူသားတွေရဲ့ အားနည်းချက်တွေ ကို ကောင်းကောင်း သိတာကြောင့် မစိုးရိမ်က ကိုယ်ရင်လေးတွေကို ထေရ်ကြီး ၀ါကြီး ဆရာတော်တွေ မသိအောင် မိန်းမအကြောင်း၊ တဏှာအကြောင်းတွေနဲ့ စည်းရုံးသိမ်းသွင်းတာတွေလုပ်ရင်းက သူ့ကို ကျောင်း တွင်း ကိုယ်တော်တွေဟာ တခဏအတွင်း အာရုံစိုက်မိလာခဲ့ပါတယ်။
အပြာစာအုပ်များ၊ အပြာဓာတ်ပုံများ၊ အပြာကတ်ဆက်ခွေများကို အစောပိုင်းမှာတော့ ကျောင်းတွင်းကို ခိုးသွင်းလာပြီး အလကား ငှားပေးရာက မိန်းမနဲ့ ကင်းကွာစွာ နေရတဲ့ ငယ်ဖြူ ကိုရင်များဖြစ်တာကြောင့် လူငယ်ပီပီ စူးစမ်းတတ်တဲ့သဘော သဘာဝအရ ဖတ်ရ၊ ကြည့်ရ၊ နားထောင်ရပြီး သဘောကျလာတဲ့အခါ မြင့်မောင်တစ်ယောက် ကျောင်းတွင်းမှာ ဘုန်းကြီးကျောင်းသားအချင်းချင်းကြား ပိုက်ဆံပေးပြီး ငှားရမ်းလုပ်ကိုင်လာပါတယ်။ အဲ့ဒီနည်းနဲ့ ငွေဝင်လမ်းတွေ ဖြောင့်လာတဲ့အခါ ဆေးခြောက်လို မူးယစ်ဆေးဝါးတွေကို သုံးစွဲတတ်လာသလို တခြား ကိုရင်တွေကိုလည်း သုံးတတ်အောင် သင်ပေးရာက ပို၍ ၀င်ငွေလမ်း ဖြောင့်လာပါတယ်။
စစ်အစိုးရလက်ထက်ဖြစ်တာကြောင့် သက်ဆိုင်ရာက မူးယစ်ဆေးဝါးကိစ္စကို နိုင်ငံတကာရဲ့အလယ်မှာ မျက်နှာပျက်ရတာကြောင့် ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားနေချိန်ဖြစ်လို့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဟာ အကြီးစား ငွေရသူ မူးယစ်ရာဇာတွေကို အလင်းဝင်ခိုင်းတာတွေလုပ်နေရင်းက အသေးစား မူးယစ်ဆေးဝါးနဲ့ ပက်သက်သူတွေကို ဖမ်းဆီးနေချိန်ဖြစ်တာကြောင့် နာမည်ထွက်နေတဲ့ မစိုးရိမ်က ကပပိယ မောင်မြင့်မောင် ဟာ ဥပဒေကြောင်းအရ မဖမ်းမဆီးနိုင်အောင် အကာအကွယ်ယူ ရှောင်လွှဲနိုင်ဖို့ သူခိုကပ်နေရတဲ့ မစိုးရိမ်ကျောင်း မှာပဲ ဘုန်းကြီးဝတ်လိုက်ပါတယ်။
နဂိုကတည်းက မိန်းမရှာတစ်ဦးဖြစ်တာကြောင့် မိန်းမတွေနဲ့ နီးကပ်စွာနေရသလို မိန်းမအကြောင်း ကျမ်းကြေနေတဲ့ မြင့်မောင်ကို ကိုရင်ငယ်ဘုန်းကြီးများက “ပီရမြင့်မောင်”လို့ ခေါ်ဝေါ်ခဲ့ကြရာက ဘုန်းကြီးဝတ်တဲ့အခါ အရင်နာမည်ကို အစွဲးပြုပြီး “၀ိသူရ”လို့ ဘုန်းကြီးနာမည် ခေါ်တွင်စေတယ်။ နဂိုကတည်းက ပီရမြင့်မောင်လို့ ခေါ်ခဲ့ကြသလိုပဲ ဘုန်းကြီးဖြစ်တော့ ခေါ်ဝေါ်ကြတာကို ဆရာတော်တွေက ဟဲ့ ကိုရင်တို့ မခေါ်ကြနဲ့။ သူဟာ ဘုရားအရေခြုံထားပြီ။ မခေါ်သင့်တော့ဘူးလို့ ဆုံးမကြလို့ တဖြည်းဖြည်းနဲ့ “၀ိသူရမြင့်မောင်”လို့ အသိများလာခဲ့ရတာပါ။ ဘုန်းကြီးများကြားမှာ ဘုန်းကြီးတွေနဲ့ ကြီးပြင်းလာတဲ့ သူဖြစ်တာကြောင့် ဘုန်းကြီးလေသံနဲ့ ပြောရဆိုရတာမှာ သူ့အတွက် လွယ်ကူနေတာမို့ ချက်ချင်းဆို သလို ကျောင်းတိုက်အတွင်း နေရာကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ၀ိသူရမြင့်မောင်ဟာ မစိုးရိမ်မှာ နေရာတစ်ခုအား နဂိုကတည်းက ရထားသူဖြစ်တာကြောင့် ပြင်ပက သူ့ရဲ့ လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်များဟာလည်း သူ့ကိုအမှီပြုကာ မူးယစ်ဆေးဝါးမှု၊ မုဒိန်းမှု၊ လူသတ်မှုတွေကြောင့် ၀ရမ်းပြေးဘ၀တွေကနေ အေးချမ်းတဲ့ဘ၀ဆီ ဘုန်းကြီးဝတ်ပေးရင်းက ဥပဒေကို ရှောင်လွှဲ၍ ကူးပြောင်းနိုင်ခဲ့ကြပါတယ်။
အဲ့ဒီနောက် ၀ရမ်းပြေ ဒုစရိုက်သမားများမှ လောကီနှင့် မကင်းကွာနိုင်ကြတဲ့အားလျော်စွာ မိမိအိမ်တွင်နေထိုင်ကြသလို ကျောင်းတွင်လည်း နေထိုင်လိုတာကြောင့် ဇိမ်ခံပစ္စည်းတွေကို ကျောင်းသို့ သယ်ဆောင်လာခြင်းအပြင်၊ မိန်းမ၊ ဖဲ၊ အရက် သုံးမျိုးကို တစိုက်မက်မက်နဲ့ လုပ်လာရာက ဥပဒေပြင်ပ ဒုစရိုက်လောကတွင် “မစိုးရိမ်ဦးဇင်း ၀ီသူရ မြင့်မောင်”ရယ်လို့ အသိအမှတ် ပြုလာရတဲ့ အထိ ဖြစ်လာ ရပါတယ်။ မိန်းမရွှင်များဟာလည်း ပိုက်ဆံမရှိတဲ့အခါ လူမရတဲ့အခါမျိုးတွေဆို “ပိုက်ဆံမရှိဘူးအေ၊ မစိုးရိမ်ကို တစ်ညလောက် သွားလိုက်ရရင် ကောင်းမယ်” “မစိုးရိမ်က လာခေါ်ရင်လဲ အကောင်းသား” အစရှိသလို ပြောစမှတ်ပင် ဖြစ်လာရပါတယ်။
မစိုးရိမ်ကျောင်းတိုက်ဟာ မာဖီးယားရုံးခန်းတစ်ခုဖွင့်သလို ဖြစ်နေခဲ့ပြီး တစ်နိုင်တစ်ပိုင် စီးပွားဖြစ် မိန်းမရွှင်များရှာဖွေခြင်း၊ မွေးထုတ်ပျိုးထောင်ပေးခြင်း၊ ကျောင်းတွင်း အရက်ပုန်းရောင်းခြင်း၊ ကျောင်း တွင်း လောင်းကစားဒိုင်များကိုင်ခြင်းဆိုတဲ့အဖြစ်ကနေ ပရော်ဖက်ရှင်နယ်အဆင့်ထိ ကျယ်ပြန့်စွာ လုပ်ကိုင်လာတဲ့အခါ စစ်ထောက်လှမ်းရေးက အာရုံစိုက်မိလာပါတယ်။ ကျောင်းဝင်းထဲမှာ တင် ကျောက်ဝိုင်း တစ်ခုလို စည်ကားလွန်းနေပြီး၊ ကားကြီး ကားငယ် အသွယ်သွယ်နဲ့ လူတန်းစားမျိုးစုံ ကြီးငယ်လတ်ပျို အိုကျားမ မရွေး အချိန်ပြည့် တွေ့နေနိုင်ပါတယ်။ ဤသည်ကို စစ်ထောက်လှမ်းရေးများက အမိအရ အသုံးချဖို့ ကြံစည်လာပါတယ်။ (အာဏာပိုင်များဟာ အခြေခံသတင်းများ ကို ပြည့်တန်ဆာမတွေ ဆီက ယူလေ့ရှိကြပြီး သတင်းဦး သတင်းထူးများကို အထက်သို့ မှတ်တမ်းပေးပို့ကြရတယ်ဆိုတာ ရုံးလုပ်ငန်း နားလည်ကျွမ်းကျင်တဲ့သူတိုင်း သိကြပါတယ်) ဒါကြောင့် ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးများဟာ အမာခံ သတင်းပေး၊ သတင်းယူ ရပ်ဝန်းအဖြစ် မစိုးရိမ်တိုက်သစ်ကို အခြေကုပ်ခြင်း၊ ဒုစရိုက်လုပ်လို သူများဟာလည်း ၀ိသူရမြင့်မောင်ကနေတဆင့် ထောက်လှမ်းရေးတို့ဆီ လာဘ်ထိုးရသလို၊ ထောက် လှမ်းရေးများဟာလည်း မိမိတို့ လိုချင်သမျှသော သတင်းအစအနကို လူပေါင်းစုံနဲ့ဆက်ဆံရ တဲ့ ပြည့်တန်ဆာမတွေဆီကနေ ရယူနိုင်ဖို့ ၀ိသူရမြင့်မောင်ဆီလာရင်း တံခါးပိတ်ပါတီ ၀ိုင်းဖွဲ့ အရက်သောက်ရင်း ရပို့ယူလေ့ရှိကြပါတော့တယ်။
တစ်ခါတစ်ခါဆိုရင် မစိုးရိမ်က ၀ိသူရမြင့်မောင်ဟာ အမူးလွန်တတ်ပါတယ်။ သူ အမူးလွန်တဲ့အခါ မိမိမွေးထားတဲ့ မိန်းမပျက်တွေနဲ့အတူ ၀င်ပြီး ကလေ့ရှိတတ်ပါတယ်။ မိန်းမရှာနဂိုဓာတ်ခံအတိုင်း အမူးလွန်ရာ ဇာတိဝင်လာပြီး သင်္ဃန်းကို စာရီလိုဝတ်၍ ကုလားမတွေလို -င်လှုပ်လှုပ်ပြီး ကိုယ်တိုင် ၀င်ကတာမျိုးတွေ ကြုံခဲ့ဖူးတယ်လို့ ထောက်လှမ်းရေးပြုတ်တစ်ယောက်က ထောင်ထဲမှာ အတူနေခဲ့သူ အကျဉ်းသားဟောင်းတစ်ယောက်ကို ပြောပြဖူးပါတယ်။ “ညည်းတို့များနော် အားမရလိုက်တာအေ နေရာ ချင်း လဲပစ်လိုက်ချင်သေးတယ်”လို့ ပြောပြီး ၀ိုင်းရီကြတာ၊ လက်ခုပ်ကို သံစဉ်အတိုင်း ၀ိုင်းတီးပေးကြတာတွေကို မှတ်မိနေပါသေးတယ်လို့ သူက ပြောပါတယ်။
ဒီနေရာမှာ တစ်နေ့တစ်ခြား ကျောင်းတွင်းမှာ ဒီလုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ကျူးလွန်လာတာ ကို ထေကြီးဝါကြီး ဆရာတော်တွေ၊ ဦးပဇင်း၊ ကိုရင်တွေက ဘာကြောင့် မကန့်ကွက်ရသလဲလို့ မေးစရာ ရှိလာပါတယ်။ ဆရာတော်ကြီးတွေဟာလည်း ထောက်လှမ်းရေးနဲ့ အလွမ်းသင့်တဲ့ ဒီဝိသူရမြင့်မောင်ကို မလွန်ဆန်ရဲကြပါဘူး။ သူဟာ သွေးအေးပြီး ကြောက်စရာကောင်းတဲ့သူပါ။ ဆရာတော်ကြီးတွေကို လည်း နိုင် ကွက်တွေ ကိုယ်စီနင်းထားပြီး လှုပ်မယ်ကြံရွယ်သူကို ထောက်လှမ်းရေးနဲ့ပေါင်းပြီး ရှင်းတတ်ပါတယ်။ အဲ့ဒီခေတ်က ထောက်လှမ်းရေးဆိုတာဟာလည်း သိကြတဲ့အတိုင်းပဲ အလွန် ရက်စက် ယုတ်မာကြသူတွေပါ။ ကိုရင်ငယ်ဦးပဇင်းတွေဟာလည်း သူ့ရဲ့ကြိုးကိုင်မှုအတိုင်း မလုပ်တဲ့သူ ဆိုရင် ပြတ်ပြတ်သားသား ရက်ရက်စက်စက် သူမွေးထားတဲ့ သူ့လူကိုရင်တစ်အုပ်က ဆုံးမလေ့ ရှိကြပါတယ်။ ညအချိန် စောင် အုပ်ပြီး ခေါင်းအုံးတွေနဲ့ ၀ိုင်းရိုက်တာမျိုး၊ အသားပေါ် အက်ဆစ်အစက်ကလေးတွေ ဖြန်းတာမျိုး၊ ခန္ဓာကိုယ်ကို ပက်လက်အနေအထားလုပ်ပြီး ခြေကားယား လက်ကားယားနဲ့ ချည်တုပ်ထားပြီး ဗိုက်ပေါ် ယမ်းမီးခြစ်ဆံဘူးကို တင်ပြီး မီးရှို့တာမျိုး၊ ခေါင်းကို ဖိနပ်နဲ့ရိုက်တာမျိုး၊ ခြေသလုံးကို သံလုံးနဲ့ လှိမ့်တာမျိုး၊ လိင်တံကို သားရေကွင်းနဲ့ တင်းကျပ်နေအောင် စည်းထားတာမျိုး၊ လိင်တန်ကို သားရေကွင်းနဲ့ ၀ိုင်းပစ်တာမျိုး၊ လက်ချောင်းကြားထဲကို ခဲတံတွေညှပ်ပြီး ဖိတာမျိုး အစရှိတဲ့ အခြေအနေမျိုးစုံလုပ်ပြီး ဒုက္ခပေးတတ်ကြပါတယ်။ ဒါကြောင့် သူ့ကို ဘယ်သူကမှ ကျော်ပြီး ဘာမှ မလုပ်ရဲလောက်အောင် ဖြစ် လာရပါတယ်။
တစ်ချိန်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ မန္တလေးမြို့က ၀ိသူရမြင့်မောင်အကြောင်း ကို ကောင်းကောင်းကြား သိရပြီး သူ့ကို ရန်ကုန်မြို့ကို ပင့်ဖိတ်တာမျိုး၊ မန္တလေးမြို့ကို ကိုယ်တိုင် သွားရောက်တာမျိုးတွေအထိ ဖြစ် လာပြီး၊ အာဏာရှင်ဆိုတာ မိန်းမနဲ့ အရက် တစ်ခုခုကိုတော့ အားသန်တယ်ဆိုတဲ့အတိုင်း အလှကြိုက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်အတွက် အရက်ကိုတော့ အများကြီး ရှောင်နိုင်ပေမယ့် မိန်းမကိုတော့ အလွန်ကြိုက် တတ်တာကို ၀ီသူရဟာ ကောင်းကောင်းလေ့လာသိရှိပြီး ၎င်းအတွက် သွားလေရာတွင် မိန်းမမျိုးစုံကို စီစဉ်ပေးရပါတယ်။ နိုင်ငံခြားခရီးစဉ်တွေကိုသွားတဲ့အခါတိုင်း နိုင်ငံကျော် မင်းသမီးတွေ ကို ခေါ်သွားရအောင် ၀ိသူရက စီစဉ်ပေးခဲ့ရတာကြောင့် အလွန်ကို ရင်းနှီးလာကြတဲ့အားလျော်စွာ ဗိုလ်ချုပ်ခင်ညွန့်ဟာ အစ္စရေးကျောင်းဆင်းပီပီ နိုင်ငံတွင်း မွတ်စလင်မ်များ ပျောက်ကွယ်ရေးဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားချင်တာကြောင့် ၀ိသူရနဲ့ ခေါင်းချင်းရိုက်ပြီး တိုင်ပင်ဖွင့်ပြောလိုက်တဲ့အခါ အစောပိုင်း မြင့်မောင် ဟာ ငြင်းကွယ်နေသော်လည်း နောက်ပိုင်း လက်ခံလိုက်ပါတယ်။
ဆက်ရန်.......
လွတ်မြောက်အကျဉ်းသားတဦး
No comments:
Post a Comment