၁၆-၅-၂၀၁၃ နေ့တွင် မိုးကောင်းဘူတာသို့ အမှတ် ၅၇ အဆန်ရထား ဆိုက်ရောက်ချိန်တွင်ဖြစ်ခဲ့ပါသည်။
ဘူတာဈေးသည်များသည် ရထားဝင်ချိန်တွင် ရထား စီးခရီးသည်များအား အစားအသောက်များကို လိုက်လံရောင်းချ လျှက်ရှိရာ ရထားထွက်ရန် အချက်ပေး ဥသြဆွဲသောအခါမှ ရထားပေါ်တွင် ပါလာသော (ဗလီတက်ဦးထုပ်ဆောင်း၍ အကျီအရှည်ကြီး များဝတ်ထားသူ) လူ ၁၀ ဦးခန့်သည် အနီးရှိဈေးသည်များကို ခေါ်ယူ၍ ပါသမျှအားလုံးကိုယူသွားပြီး ပိုက်ဆံတောင်းသောအခါ (မင်းတို့ဗမာတွေက ငါတို့ကုလားတွေအတွက် အလှူတွေပေးနေတယ်ပြောလို့ ယူတာ။ ဘာပိုက်ဆံမှ မပေးဘူး၊ မကျေနပ်ရင်ကြိက်တဲ့ကောင် သွားတိုင်) ဟု အော်ဟစ်ဆဲဆိုရင်း မြစ်ကြီးနားဘက်သို့ ဆက်လက်လိုက်ပါသွားသည်။
ထိုအဖြစ်နှင့်ပါတ်သက်၍ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ မိုးကောင်းမြို့ နေအစ္စလာမ်ဘာသာဝင် ဦးမောင်ကိုအား ခေါ်၍ မေးမြန်းရာ ဦးမောင်ကိုက အစ္စလာမ်သာသနာပြုများ မဖြစ်နိုင်ကြောင်း အစ္စလာမ့်သာသနာပြုများသည် ယခုကဲ့သို့ လုပ်ဆောင်မှုမျိုး ဘယ်သောအခါကမှ မပြုလုပ်ခဲ့ကြောင်း မိမိတို့ကိုယ် မိမိတို့ ကုလားဟူ၍ သုံးနှုံးပြောဆိုလေ့ မရှိကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့မှာရှိတဲ့ အစၥလာမ္ဘာသာ၀င္မ်ား၏ အၾကီးအကဲမ်ားက အစၥလာမ္ဘာသာ၀င္မ်ားအား ခုတုံးလုပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် သံတွဲမှ ရန်ကုန်သို့သွားသော သာသနာပြု ၁၁ယောက်သည် တောင်ကုတ်တွင် မတရား သတ်ဖြတ်ခံရမှုတွေစပြီး ဖြစ်ပေါ်ကတည်းက မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ အစ္စလာမ်သာသနာပြုများ သာသနာပြုခရီးကိုသွာခွင့်ပိတ်ပင်ထားကြောင်း ရှင်းလင်းတင်ပြ၍ ဘာသာရေးပဌိပက္ခ ဖြစ်အောင် တမင်ကြံရွယ်လုပ်ဆောင်မူသာ ဖြစ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အဖြစ်အပျက်နှင့် ပါတ်သက်၍ ဆက်လက်စုံစမ်းရာ မန္တလေးဘူတာမှ ဘူတာဝန်ထမ်းများ၏ ကူညီမှုအရ ၎င်းတွဲပေါ်တွင် ရခိုင်အယောက်၃၀ခန့် စီးနင်းလိုက်ပါလာကြောင်း သိရသဖြင့် ရခိုင်များ၏ လက်ချက်သာဖြစ်မည်မှာ မလွဲပေ။
ဤအဖြစ်အပျက်များကို ကြည့်ခြင်းဖြင့် ရခိုင်တို့သည် နိုင်ငံအနှံ့ အကြမ်းဖက်မူနှင့် ပဌိပက္ခများ ဖြစ် လာစေရန် အတုအယောင် ပုံစံများ အသုံးပြုလုပ် ဆောင်နေသည်ကို အေးချမ်းစွာ နေလိုသော မြန်မာပြည် သူပြည်သားများ အားလုံး သိရှိရန် တင်ပြလိုက်ရပါသည်။
အသိနှင့်သတိ တွဲဖက်၍ ဘာသာလူမျိုးမခွဲဘဲ လက်တွဲ လုပ်ဆောင်နိုင်မှ သာ နိုင်ငံတော်ကြီး အေးချမ်း သာယာနိုင်လာမည် ဖြစ်ပါကြောင်း အလင်းမျက်ဝန်းမှ တဆင့် ဖေါ်ပြလိုက်ရပါသည်။

No comments:
Post a Comment