RB News
18.5.2013
ဝါရှင်တန် ။ ။ အမေရိကန် ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန် ဒီစီသို့ တရားဝင် အလည် အပတ် ရောက်ရှိ နေသော ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ခြားရေး ၀န်ကြီး ဒီပူမိုနီသည် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် ၀ါရှင်တန် ဒီစီတွင် သောကြာနေ့ ကတွေ့ဆုံ ခဲ့သည်။
ထိုသို့ တွေ့ဆုံ ရာတွင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည် များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီက ရိုဟင်ဂျာ ဒုက္ခသည် များကို တာဝန်ယူ ထားခြင်း အတွက် ကျေးဇူးတင် ကြောင်း၊ အခက် အခဲ များကို လည်းနားလည် ကြောင်း၊ အဆိုပါ ရိုဟင်ဂျာ ပြဿနာ သည် မြန်မာ နိုင်ငံမှ လာခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းတွင် တရားဝင် ဒုက္ခသည် စခန်း နှစ်ခု ရှိပြီး ဒုက္ခသည် ၂၈၀၀၀ ကျော်ကို တရားဝင် ဒုက္ခသည် များအဖြစ် အသိအမှတ် ပြုထားသည်။ သို့သော်လည်း တရား မ၀င် ဒုက္ခသည် သုံးသိန်း ကျော်ခန့် ရှိသည်။ အဆိုပါ ဒုက္ခသည် အများစုမှာ ၁၉၉၁/၉၂ ခုနှစ်တွင် စစ်ဆင်ရေး ပြုလုပ်၍ မောင်းထုတ် ခဲ့ကြောင့် ယခုကဲ့သို့ ဒုက္ခသည် ဘ၀ ရောက်နေ ရသူများ ဖြစ်သည်။ ဒုက္ခသည် အများစု ပိုင်ဆိုင်သော အိမ်များ၊ စီးပွားရေး လုပ်ငန်းများ၊ ဆိုင်များနှင့် လယ်ယာမြေ များကို အစိုးရမှ မတရား သဖြင့် သိမ်းပိုက် ခဲ့သည်။
မြန်မာ အစိုးရမှ ပြန်လည် ခေါ်ယူရန် ဘင်္ဂလား ဒေ့ရှ် အစိုးရကို အကြိမ်ကြိမ် ကတိပေး ခဲ့သော်လည်း အမှန် တကယ် ပြန်လည် ခေါ်ယူ လာခြင်း မရှိသေးပေ။ တရားဝင် ဒုက္ခသည် များကို ကုလ သမဂ္ဂနှင့် နိုင်ငံ တကာ အဖွဲ့ အစည်း များမှ ထောက်ပံ့ လျက်ရှိ သော်လည်း၊ တရား မ၀င် ဒုက္ခသည် များကို ထောက်ပံ့သည့် နိုင်ငံ တကာ အဖွဲ့အစည်း များကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အစိုးရ လွန်ခဲ့သည့် နှစ်က ထောက်ပံ့ ခွင့် ပိတ်ပင် ခဲ့သည်။
(ဓါတ်ပုံ - US State Department)

No comments:
Post a Comment