ရန်ကုန်၊ မေ ၉
တစ်လလျှင် ချီးမြှင့်ငွေ ကျပ်သုံးသိန်းသာ ရရှိသော လွှတ်တော်ကိုယ်စားလှယ်
များကို ရုံးခန်း၊ ကားနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများထောက်ပံ့ပေးရန်
စဉ်းစားနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ပြောကြား သည်။
ယင်းကဲ့သို့သော ထောက်ပံ့မှုများ ပေးရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့်
တွေ့ဆုံစဉ် သြစတြေးလျ-မြန်မာ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌ Ms.Janelle Saffinu က
တိုက်တွန်းသဖြင့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက ယင်းသို့ စဉ်စား နေကြောင်း
ပြန်လည်ပြောဆိုသည်ဟု Ms.Janelle Saffinu က ပြောကြားသည်။
လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့်
သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ ပြည်သူလူထုနှင့် သွားရောက်တွေ့ဆုံရာတွင် ကုန်ကျမည့်
ငွေကြေးအသုံးစရိတ် အတွက် အခက်ကြုံနေကြောင်း ကွန်ဟိန်းမဲဆန္ဒနယ် မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဆိုသည်။
ယင်းအခက်အခဲကို
နိုင်ငံတကာတွင် မည်သို့ဖြေရှင်းပေးသည်ကို သိလိုပါသည်ဟု ဒေါ်နန်းဝါနုက
ရန်ကုန်မြို့တော် Micasa ဟိုတယ်တွင် “နိုင်ငံရေးပါတီများ၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြဋ္ဌာန်းချက် များ” ခေါင်းစဉ်ဖြင့် ဟောပြောပေးသော Ms.Janelle
Saffinu ကို မေးမြန်းစဉ် ၄င်းက ယင်းသို့ ထည့်သွင်း ဖြေကြားသွားခြင်းဖြစ်
သည်။
“လူထုနဲ့ဆင်းတွေ့ဖို့က လွှတ်တော် ကိုယ်စားလှယ်လစာ သုံးလစာ၊ ဆယ်သိန်း လောက်စုပြီးမှ သွားနိုင်တယ်" ဟု ဒေါ်နန်းဝါနု က ဆိုသည်။
နိုင်ငံတော်ငွေကြေးမှ စိုက်ထုတ် ထောက်ပံ့ခြင်းထက် ဘဏ္ဍာရေး လိုငွေပြနေသော
မြန်မာနိုင်ငံတွင် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ကိုယ်ပိုင်
စီးပွားရေးမှ ရရှိသော ငွေကြေးကိုသာ သုံးစွဲပြီး လွှတ်တော်ကိုယ်စားလှယ်
တာဝန်များကို ထမ်းဆောင်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အကြံပြုသည်။
သြစတြေးလျနိုင်ငံတွင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲ တွင်
ထောက်ခံမဲ ၄ ရာခိုင်နှုန်း အထက် ရရှိပါက ထောက်ခံမဲတစ်မဲလျှင် ကန်ဒေါ်လာ
တစ်ဒေါ်လာနှုန်းဖြင့် အစိုးရက ထောက်ပံ့ပေးပြီး ယင်းနှုန်းထားကို
ငွေကြေးဖောင်းပွမှု နှုန်းထားအလိုက် လွှတ်တော်က ပြင်ဆင်သတ်မှတ် ပေးကြောင်း
Ms.Janelle Saffinu က ဆိုသည်။
ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်၊
ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်
ပြည်ထောင်စု တို့တွင် သက်ဆိုင်ရာအစိုးရ များက နိုင်ငံရေးပါတီများ သို့မဟုတ်
လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ပါတီဝင်နှင့် ပါတီထောက်ခံသူများ ထံမှ
ကောက်ခံရရှိသော ပါတီရန်ပုံငွေ ပမာဏနှင့် ရွေးကောက်ပွဲတွင် ရရှိသော
ထောက်ခံမဲ အရေအတွက်ပေါ် မူတည်တွက်ချက်ပြီး နိုင်ငံတော်အစိုးရက
ထောက်ပံ့ပေးသည်။
No comments:
Post a Comment